Skip to main content
ထောင်မှ မှားယွင်းလွှတ်ပေးမိသည့် လူသတ်၊ မုဒိမ်း အမှုကြီးသမားများကို အသေရရ အရှင်ရရ ဖမ်းပေးနိုင်သူအား ပီဆို ၁ သန်း ဆုချမည်ဟု ဒူတာတေး ကြေးမြှင့်ကမ်းလှမ်း 
Ads Block

ထောင်မှ မှားယွင်းလွှတ်ပေးမိသည့် လူသတ်၊ မုဒိမ်း အမှုကြီးသမားများကို အသေရရ အရှင်ရရ ဖမ်းပေးနိုင်သူအား ပီဆို ၁ သန်း ဆုချမည်ဟု ဒူတာတေး ကြေးမြှင့်ကမ်းလှမ်း 

              ပြစ်မှုချေဖျက်ဗျူရိုတစ်ခုက မှားယွင်းလွှတ်ပေးလိုက်တဲ့ လူသတ်၊ မုဒိမ်း အကျဉ်းသား ရာချီပြန်လည် ဖမ်းမိနိုင်ဖို့အတွက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပမာဏများတဲ့ ဆုကြေးငွေ တိုးမြှင့်ကမ်းလှမ်း လိုက်ပါတယ်။ ယင်း အပြစ်သားတွေကို အရှင်မိတာထက် အသေမိရင် သူ့အနေနဲ့ ပိုကျေနပ်ရမှာ ဖြစ်ကြောင်းလည်း ဒူတာတေးက ပြောဆိုခဲ့ပါတယ်။

             ပြစ်ဒဏ်ကျနေစဉ် အမူအကျင့်ကောင်းပြသမှုအတွက် ဆုလာဘ်အစီအစဉ်အားဖြင့် အန္တရာယ်ရှိ အမှုကြီး အကျဉ်းသား ၁၇၀၀ ကျော် လွတ်မြောက်သွားခဲ့တာကြောင့် ရာဇဝတ်သားတွေကို မညှာမတာ နှိမ်နင်းခဲ့မှုနဲ့ လူသိများတဲ့ မြို့တော်ဝန်ဟောင်းဖြစ်သလို လုံခြုံဘေးကင်းတဲ့ လမ်းမတွေဖြစ်အောင် ဆောင်ရွက် သွားမယ်ဆိုတဲ့ ကတိတွေနဲ့ ရွေးချယ်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်တဲ့ သမ္မတအတွက် အတော် စိတ်ကသိကအောင့် ဖြစ်ခဲ့ရပါတယ်။

            ကိုယ့်အသိစိတ်နဲ့ကိုယ် လာအဖမ်းခံကြဖို့ ၎င်းရဲ့ တိုက်တွန်းချက်ကို လွတ်မြောက် အကျဉ်းသား ၇၀၀ ခန့်က လိုက်နာခဲ့ကြပြီးနောက်မှာ ကျန်ရှိနေတဲ့ နောက်ထပ်အမှုကြီးသမား တစ်ဦးချင်းစီအတွက် ဖမ်းပေး နိုင်သူတွေကို ပီဆို ၁ သန်း (ကန်ဒေါ်လာ ၁၉၁၇၅) ချီးမြှင့်ပေးမှာဖြစ်ကြောင်း ဒူတာတေးက ပြောဆိုခဲ့ပါတယ်။ “ အသေရရ အရှင်ရရ သူတို့ကို ဖမ်းပေးနိုင်တဲ့ ဘယ်သူမဆို ဆုငွေ တစ်သန်းရမှာပါ။ ဒါပေမဲ့ အသေဖမ်းတာ ကတော့ ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျုပ် ခင်ဗျားတို့ကို ပြုံးပြုံးလေး ကြိုဆိုမှာပါ” လို့ ၎င်းက အင်္ဂါနေ့ ညပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

             ရှေ့နေဟောင်းတစ်ဦးဖြစ်တဲ့ ဒူတာတေးဟာ ၎င်းရဲ့ လူအသေပျောက်များတဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွက် နာမည်ဆိုးထွက်ခဲ့ကာ နိုင်ငံတကာရဲ့ သတိပေး ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ ဒါ့အပြင် ၎င်းရဲ့ ဒါဗာအိုမြို့တော်ဝန်အဖြစ် ၂၂ နှစ်တာ တာဝန်ယူခဲ့စဉ်အတွင်း ရန်သူ ရာဇဝတ်သားတွေကို ဂိုဏ်းစတား ဆန်ဆန်နှိမ်နင်းခဲ့တဲ့ မရေမတွက်နိုင်တဲ့ ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့သူလည်းဖြစ်ပါတယ်။

               ဒူတာတေး မတိုင်ခင် သမ္မတလက်ထက်က ဖိလစ်ပိုင်ရဲ့ ကမ္ဘာ့လူဦးရေ အပြွတ်ကျပ်ဆုံး အကျဉ်းထောင်တွေထဲက အချို့ကို အကျဉ်းသားဦးရေ လျှော့ချဖို့ကြိုးစားတဲ့အနေနဲ့ အပြုအမူကောင်းပြသသူ ပြန်လွှတ်ပေးရေးဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ယင်း အစီအစဉ်အရ အကျဉ်းသား ၂၁၀၀၀ ကျော် လွှတ်ပေးခဲ့ပြီးဖြစ်ပေမယ့် ယင်းတို့ထဲက ၂၀၀၀ ကျော်လောက်ဟာ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ လာဘ်စားမှု၊ ဓါးပြမှု၊ ပြန်ပေးဆွဲမှု၊ မီးရှို့မှု စတဲ့ ပြစ်မှုကြီးတွေ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ထောင်လွှတ်ပေးဖို့ သင့်တော်သူတွေမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

               ယင်း ၂၀၀၀ ကျော်အနက် ၁၇၀၀ ခန့်ဟာ ဒူတာတေး ကိုယ်တိုင်ခန့်အပ်ထားကာ ၎င်းရဲ့ သစ္စာခံနှစ်ဦးလည်းပါဝင်တဲ့ အပြစ်ချေဗျူရို က စိစစ်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို ရာထူးမှဖြုတ်ချခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ေထာင္မွ မွားယြင္းလႊတ္ေပးမိသည့္ လူသတ္၊ မုဒိမ္း အမႈႀကီးသမားမ်ားကုိ အေသရရ အရွင္ရရ ဖမ္းေပးႏုိင္သူအား ပီဆုိ ၁ သန္း ဆုခ်မည္ဟု ဒူတာေတး ေၾကးျမွင့္ကမ္းလွမ္း

              ျပစ္မႈေခ်ဖ်က္ဗ်ဴရုိတစ္ခုက မွားယြင္းလႊတ္ေပးလုိက္တဲ့ လူသတ္၊ မုဒိမ္း အက်ဥ္းသား ရာခ်ီျပန္လည္ ဖမ္းမိႏုိင္ဖုိ ့အတြက္ ဖိလစ္ပုိင္ သမၼတ ရုိဒရီဂုိ ဒူတာေတးက ပမာဏမ်ားတဲ့ ဆုေၾကးေငြ တုိးျမွင့္ကမ္းလွမ္း လုိက္ပါတယ္။ ယင္း အျပစ္သားေတြကုိ အရွင္မိတာထက္ အေသမိရင္ သူ႕အေနနဲ႕ ပုိေက်နပ္ရမွာ ျဖစ္ေၾကာင္းလည္း ဒူတာေတးက ေျပာဆုိခဲ့ပါတယ္။

             ျပစ္ဒဏ္က်ေနစဥ္ အမူအက်င့္ေကာင္းျပသမႈအတြက္ ဆုလာဘ္အစီအစဥ္အားျဖင့္ အႏၱရာယ္ရွိ အမႈႀကီး အက်ဥ္းသား ၁၇၀၀ ေက်ာ္ လြတ္ေျမာက္သြားခဲ့တာေၾကာင့္ ရာဇ၀တ္သားေတြကုိ မညွာမတာ ႏွိမ္နင္းခဲ့မႈနဲ႕ လူသိမ်ားတဲ့ ၿမိဳ႕ေတာ္၀န္ေဟာင္းျဖစ္သလုိ လုံၿခဳံေဘးကင္းတဲ့ လမ္းမေတြျဖစ္ေအာင္ ေဆာင္ရြက္ သြားမယ္ဆုိတဲ့ ကတိေတြနဲ႕ ေရြးခ်ယ္တင္ေျမွာက္ခံခဲ့ရသူလည္းျဖစ္တဲ့ သမၼတအတြက္ အေတာ္ စိတ္ကသိကေအာင့္ ျဖစ္ခဲ့ရပါတယ္။

            ကုိယ့္အသိစိတ္နဲ႕ကုိယ္ လာအဖမ္းခံၾကဖုိ ့ ၄င္းရဲ႕ တုိက္တြန္းခ်က္ကုိ လြတ္ေျမာက္ အက်ဥ္းသား ၇၀၀ ခန္႔က လုိက္နာခဲ့ၾကၿပီးေနာက္မွာ က်န္ရွိေနတဲ့ ေနာက္ထပ္အမႈႀကီးသမား တစ္ဦးခ်င္းစီအတြက္ ဖမ္းေပး ႏုိင္သူေတြကုိ ပီဆုိ ၁ သန္း (ကန္ေဒၚလာ ၁၉၁၇၅) ခ်ီးျမွင့္ေပးမွာျဖစ္ေၾကာင္း ဒူတာေတးက ေျပာဆုိခဲ့ပါတယ္။ “ အေသရရ အရွင္ရရ သူတုိ ့ကုိ ဖမ္းေပးႏုိင္တဲ့ ဘယ္သူမဆုိ ဆုေငြ တစ္သန္းရမွာပါ။ ဒါေပမဲ့ အေသဖမ္းတာ ကေတာ့ ပုိေကာင္းတဲ့ ေရြးခ်ယ္မႈ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ က်ဳပ္ ခင္ဗ်ားတုိ ့ကုိ ၿပဳံးၿပံဳးေလး ႀကိဳဆုိမွာပါ” လုိ ့ ၄င္းက အဂၤါေန႕ ညပုိင္းမွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

             ေရွ႔ေနေဟာင္းတစ္ဦးျဖစ္တဲ့ ဒူတာေတးဟာ ၄င္းရဲ႕ လူအေသေပ်ာက္မ်ားတဲ့ မူးယစ္ႏွိမ္နင္းေရး စစ္ပြဲအတြက္ နာမည္ဆုိးထြက္ခဲ့ကာ ႏုိင္ငံတကာရဲ႕ သတိေပး ေ၀ဖန္မႈမ်ားစြာ ခံခဲ့ရပါတယ္။ ဒါ့အျပင္ ၄င္းရဲ႕ ဒါဗာအုိၿမိဳ႕ေတာ္၀န္အျဖစ္ ၂၂ ႏွစ္တာ တာ၀န္ယူခဲ့စဥ္အတြင္း ရန္သူ ရာဇ၀တ္သားေတြကုိ ဂုိဏ္းစတား ဆန္ဆန္ႏွိမ္နင္းခဲ့တဲ့ မေရမတြက္ႏုိင္တဲ့ ဇာတ္လမ္းေပါင္းမ်ားစြာ ရွိခဲ့သူလည္းျဖစ္ပါတယ္။

               ဒူတာေတး မတုိင္ခင္ သမၼတလက္ထက္က ဖိလစ္ပုိင္ရဲ႕ ကမာၻ႕လူဦးေရ အျပြတ္က်ပ္ဆုံး အက်ဥ္းေထာင္ေတြထဲက အခ်ဳိ႕ကုိ အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ဖုိ ့ႀကိဳးစားတဲ့အေနနဲ႕ အျပဳအမူေကာင္းျပသသူ ျပန္လႊတ္ေပးေရးဥပေဒကုိ ျပဌာန္းခဲ့တာျဖစ္ပါတယ္။ ယင္း အစီအစဥ္အရ အက်ဥ္းသား ၂၁၀၀၀ ေက်ာ္ လႊတ္ေပးခဲ့ၿပီးျဖစ္ေပမယ့္ ယင္းတုိ ့ထဲက ၂၀၀၀ ေက်ာ္ေလာက္ဟာ မုဒိမ္းမႈ၊ မူးယစ္ေဆး၀ါးမႈ၊ လူသတ္မႈ၊ လာဘ္စားမႈ၊ ဓါးျပမႈ၊ ျပန္ေပးဆြဲမႈ၊ မီးရႈိ႕မႈ စတဲ့ ျပစ္မႈႀကီးေတြ ျပစ္ဒဏ္က်ခံေနရသူေတြ ျဖစ္ေၾကာင္း တရားေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြက ေျပာဆုိခဲ့ပါတယ္။ ဒါေၾကာင့္ သူတုိ ့ေတြဟာ ေထာင္လႊတ္ေပးဖုိ ့ သင့္ေတာ္သူေတြမဟုတ္ဘူးလုိ ့ ဆုိခဲ့ပါတယ္။

               ယင္း ၂၀၀၀ ေက်ာ္အနက္ ၁၇၀၀ ခန္႕ဟာ ဒူတာေတး ကုိယ္တုိင္ခန္႕အပ္ထားကာ ၄င္းရဲ႕ သစၥာခံႏွစ္ဦးလည္းပါ၀င္တဲ့ အျပစ္ေခ်ဗ်ဴရုိ က စိစစ္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။ ယင္းျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး တာ၀န္ရွိသူတစ္ဦးကုိ ရာထူးမွျဖဳတ္ခ်ခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။