Skip to main content
ဟိန္ဒူဘာသာဝင်များမှာ မြန်မာနိုင်ငံသို့ပြန်လာချင်သော်လည်း ဘင်္ဂါလီအဖွဲ့များ၏ခြိမ်းခြောက်ခံနေရဟု ဆို
Ads Block

ဟိန္ဒူဘာသာဝင်များမှာ မြန်မာနိုင်ငံသို့ပြန်လာချင်သော်လည်း ဘင်္ဂါလီအဖွဲ့များ၏ခြိမ်းခြောက်ခံနေရဟု ဆို

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာသွားသူများအနက် ဟိန္ဒူဘာသာဝင်များမှာပြန်လာချင်သော်လည်း ဘင်္ဂါလီအဖွဲ့များ၏ခြိမ်းခြောက်ခံနေရသည်ဟု သတင်းများရရှိကြောင်း ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးရာဂူနေမြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotel တွင် စက်တင်ဘာလ ၁၈ ရက်ကကျင်းပသည့် ARSA အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခြင်းကြောင့်သေဆုံးခဲ့ရသော ဟိန္ဒူလူမျိုးများအား ဆုတောင်းမေတ္တာပို့သခြင်း ၂ နှစ်ပြည့် အခမ်းအနားတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။

“ အစ္စလာမ်ဘာသာဝင်တွေကတော့ သူတို့ရဲ့အခွင့်အရေးတွေမရသ၍ပြန်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ ဟိန္ဒူဘာသာဝင်တွေထဲမှာ မြန်မာနိုင်ငံကိုပြန်လာချင်လွန်းလို့အထုတ်ပြင်ထားသူတွေအများကြီးပါ။ အဲဒီလိုပြန်လာချင်လို့လုပ်နေတဲ့သူတွေကို အဲဒီက ဘဂါၤလီအဖွဲ့တွေကခြိမ်းခြောက်တယ်လို့ ကျွန်တော်တို့ သတင်းတွေရပါတယ်။ လော်စပီကာနဲ့လိုက်အော်ပြီး ငါတို့ရဲ့သဘောမပါဘဲပြန်လို့မရဘူး။ အဲဒီလိုမျိုးတွေ ခြိမ်းခြောက်မှုတွေခံနေရပါတယ်။"ဟု ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးရာဂူနေမြင့်က ပြောသည်။

‎ရခိုင်ပြည်နယ်အရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူ ၇ သိန်းခန့်ရှိကြောင်း သိရသည်။

‎လက်ရှိတွင် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ နေရပ်စွန့်ခွာသူများပြန်လာနိုင်ရန် ပြန်လည်လက်ခံရေးစခန်းများဆောက်လုပ်ကာ ပြန်လာနိုင်ရေး လုပ်ဆောင်နေကြောင်းလည်း သိရသည်။

‎ထက်ဝေလင်း(အကုန်သိသတင်းဌာန)

Zawgyi Version

ဟိႏၵဴဘာသာဝင္မ်ားမွာ ျမန္မာႏုိင္ငံသို႔ျပန္လာခ်င္ေသာ္လည္း ဘဂၤါလီအဖြဲ႕မ်ား၏ၿခိမ္းေျခာက္ခံေနရဟု ဆို

ရခိုင္ျပည္နယ္တြင္ျဖစ္ပြားခဲ႔ေသာအႀကမ္းဖက္မႈမ်ားေၾကာင့္ ေနရပ္စြန္႔ခြာသြားသူမ်ားအနက္ ဟိႏၵဴဘာသာဝင္မ်ားမွာျပန္လာခ်င္ေသာ္လည္း ဘဂၤါလီအဖြဲ႕မ်ား၏ၿခိမ္းေျခာက္ခံေနရသည္ဟု သတင္းမ်ားရရွိေၾကာင္း ဟိႏၵဴကူညီေထာက္ပံ႔ေရးအဖြဲ႕မွဥကၠ႒ ဦးရာဂူေနျမင့္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ Park Royal Hotel တြင္ စက္တင္ဘာလ ၁၈ ရက္ကက်င္းပသည့္ ARSA အႀကမ္းဖက္အဖြဲ႕၏ သတ္ျဖတ္ျခင္းေႀကာင့္ေသဆံုးခဲ႔ရေသာ ဟိႏၵဴလူမ်ိဳးမ်ားအား ဆုေတာင္းေမတၲာပို႔သျခင္း ၂ ႏွစ္ျပည့္ အခမ္းအနားတြင္ အထက္ပါအတိုင္းေျပာျခင္းျဖစ္သည္။

“ အစၥလာမ္ဘာသာဝင္ေတြကေတာ့ သူတို႔ရဲ႕အခြင့္အေရးေတြမရသ၍ျပန္လာမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ ဒါေပမဲ့ ဟိႏၵဴဘာသာဝင္ေတြထဲမွာ ျမန္မာႏုိင္ငံကိုျပန္လာခ်င္လြန္းလို႔အထုတ္ျပင္ထားသူေတြအမ်ားႀကီးပါ။ အဲဒီလိုျပန္လာခ်င္လို႔လုပ္ေနတဲ႔သူေတြကို အဲဒီက ဘဂါၤလီအဖြဲ႕ေတြကၿခိမ္းေျခာက္တယ္လို႔ ကၽြန္ေတာ္တို႔ သတင္းေတြရပါတယ္။ ေလာ္စပီကာနဲ႔လိုက္ေအာ္ၿပီး ငါတို႔ရဲ႕သေဘာမပါဘဲျပန္လို႔မရဘူး။ အဲဒီလိုမ်ိဳးေတြ ၿခိမ္းေျခာက္မႈေတြခံေနရပါတယ္။"ဟု ဟိႏၵဴကူညီေထာက္ပံ႔ေရးအဖြဲ႕မွ ဥကၠ႒ ဦးရာဂူေနျမင့္က ေျပာသည္။

‎ရခိုင္ျပည္နယ္အေရးေႀကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သို႔ ထြက္ေျပးတိမ္းေရွာင္သြားသူ ၇ သိန္းခန္႔ရွိေႀကာင္း သိရသည္။

‎လက္ရွိတြင္ ျမန္မာႏုိင္ငံ၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနအေနျဖင့္ အဆိုပါ ေနရပ္စြန္႔ခြာသူမ်ားျပန္လာႏုိင္ရန္ ျပန္လည္လက္ခံေရးစခန္းမ်ားေဆာက္လုပ္ကာ ျပန္လာႏုိင္ေရး လုပ္ေဆာင္ေနေႀကာင္းလည္း သိရသည္။

ထက္ေဝလင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။