Skip to main content
နိုင်ငံရေးကိုဘာသာရေးအမြင်ဖြင့်ကြည့်ပါက ဘုရားသခင်၏ လုပ်ငန်းတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်ပြော
Ads Block

နိုင်ငံရေးကိုဘာသာရေးအမြင်ဖြင့်ကြည့်ပါက ဘုရားသခင်၏ လုပ်ငန်းတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်ပြော

ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေးလုပ်ခြင်းဆိုသည်မှာ ဘုရားသခင်၏လုပ်ငန်းတာဝန်ဖြစ်သော ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ စိတ်ချမ်းသာရေး၊ တရားမျှတရေးတို့အတွက် ထမ်းဆောင်ပေးခြင်းဖြစ်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်က ပြောသည်။

နိုင်ငံရေးကိုဘာသာရေးအမြင်ဖြင့်ကြည့်ပါက ဘုရားသခင်၏ လုပ်ငန်းတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်ပြော

ကချင်ပြည်နယ်တွင် စက်တင်ဘာလလယ်ကကျင်းပသော အခမ်းအနားတစ်ခုတွင် ဘာသာရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကိုဟောပြောစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးကိုဘာသာရေးအမြင်ဖြင့်ကြည့်ပါက ဘုရားသခင်၏ လုပ်ငန်းတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်ပြော

“ ဒီနေ့ဘာသာရေးကိုဦးဆောင်နေတဲ့သူတွေက ဘာကြောင့်နိုင်ငံရေးကိုလုပ်နေလဲဆိုတာဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့နားလည်တဲ့နိုင်ငံရေးကတော့ ပါတီအဖွဲ့အစည်းကနေပြီးတော့ နိုင်ငံကိုခေါင်းဆောင်ဖို့လုပ်နေတဲ့ နိုင်ငံရေးမဟုတ်ပါဘူး။ တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ စိတ်ချမ်းသာရေး၊ တရားမျှတရေးကိုလုပ်တဲ့ နိုင်ငံရေးဖြစ်ပါတယ်။ တစ်ဖက်ကပြောရင် ဒါကိုနိုင်ငံရေးလို့ ပြောတဲ့အဖွဲ့အစည်းရှိသလို ကျွန်တော်တို့ဘက်ကကြည့်ရင် ဒါဘုရားသခင်ရဲ့လုပ်ငန်းကိုထမ်းဆောင်တဲ့ သာမာန်လုပ်ငန်းတစ်ခုသာဖြစ်တယ်ဆိုတာကိုရှင်းပြချင်ပါတယ်’’ဟု KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆွမ်ဆန်က ပြောသည်။

KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော်ဒေါက်တာခလမ်ဆွမ်ဆန်သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မကြာသေးမီကတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များဖိနှိပ်ခံနေရကြောင်း ပြောကြားခဲ့သူ ဖြစ်သည်။

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက်ပိုင်းအဆုံးတွင်တည်ရှိပြီးလူဦးရေ ၁၆၈၉၄၄၁ ဦးနေထိုင်ကာ ဧရိယာ ၃၄၃၇၉.၂ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ႏိုင္ငံေရးကိုဘာသာေရးအျမင္ျဖင့္ၾကည့္ပါက ဘုရားသခင္၏ လုပ္ငန္းတာ၀န္ကိုထမ္းေဆာင္ျခင္းျဖစ္ေၾကာင္း KBC ဥကၠ႒ ေဒါက္တာခလမ္ဆြမ္ဆန္ေျပာ

ဘာသာေရးေခါင္းေဆာင္မ်ား ႏုိင္ငံေရးလုပ္ျခင္းဆိုသည္မွာ ဘုရားသခင္၏လုပ္ငန္းတာ၀န္ျဖစ္ေသာ ၿငိမ္းခ်မ္းေရး၊ သာယာ၀ေျပာေရး၊ စိတ္ခ်မ္းသာေရး၊ တရားမွ်တေရးတို႔အတြက္ ထမ္းေဆာင္ေပးျခင္းျဖစ္ေၾကာင္း KBC ဥကၠ႒ ေဒါက္တာခလမ္ဆြမ္ဆန္က ေျပာသည္။

ကခ်င္ျပည္နယ္တြင္ စက္တင္ဘာလလယ္ကက်င္းပေသာ အခမ္းအနားတစ္ခုတြင္ ဘာသာေရးႏွင့္ ပတ္သက္သည့္အေၾကာင္းအရာမ်ားကုိေဟာေျပာစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ဒီေန႔ဘာသာေရးကုိဦးေဆာင္ေနတဲ့သူေတြက ဘာေၾကာင့္ႏုိင္ငံေရးကုိလုပ္ေနလဲဆုိတာေဆြးေႏြးခ်င္ပါတယ္။ ကြ်န္ေတာ္တုိ႔နားလည္တဲ့ႏုိင္ငံေရးကေတာ့ ပါတီအဖြဲ႔အစည္းကေနၿပီးေတာ့ ႏုိင္ငံကုိေခါင္းေဆာင္ဖုိ႔လုပ္ေနတဲ့ ႏုိင္ငံေရးမဟုတ္ပါဘူး။ တုိင္းျပည္မွာရွိတဲ့ျပည္သူလူထုေတြရဲ႕ ၿငိမ္းခ်မ္းေရး၊ သာယာ၀ေျပာေရး၊ စိတ္ခ်မ္းသာေရး၊ တရားမွ်တေရးကုိလုပ္တဲ့ ႏုိင္ငံေရးျဖစ္ပါတယ္။ တစ္ဖက္ကေျပာရင္ ဒါကုိႏုိင္ငံေရးလုိ႔ ေျပာတဲ့အဖြဲ႔အစည္းရွိသလုိ ကြ်န္ေတာ္တုိ႔ဘက္ကၾကည့္ရင္ ဒါဘုရားသခင္ရဲ႕လုပ္ငန္းကုိထမ္းေဆာင္တဲ့ သာမာန္လုပ္ငန္းတစ္ခုသာျဖစ္တယ္ဆုိတာကုိရွင္းျပခ်င္ပါတယ္’’ဟု KBC ဥကၠ႒ ေဒါက္တာခလမ္ဆြမ္ဆန္က ေျပာသည္။

KBC ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ေဒါက္တာခလမ္ဆြမ္ဆန္သည္ အေမရိကန္သမၼတေဒၚနယ္ထရန္႔ႏွင့္ မၾကာေသးမီကေတြ႔ဆုံ၍ ျမန္မာႏုိင္ငံတြင္ ခရစ္ယာန္ဘာသာ၀င္မ်ားဖိႏွိပ္ခံေနရေၾကာင္း ေျပာၾကားခဲ့သူ ျဖစ္သည္။

ကခ်င္ျပည္နယ္သည္ ျမန္မာႏုိင္ငံ၏ေျမာက္ဘက္ပုိင္းအဆုံးတြင္တည္ရွိၿပီးလူဦးေရ ၁၆၈၉၄၄၁ ဦးေနထိုင္ကာ ဧရိယာ ၃၄၃၇၉.၂ စတုရန္းမုိင္က်ယ္၀န္းေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။