Skip to main content
တစ်ဦးချင်းစီ၏လိုအပ်ချက်ထက် တိုင်းပြည်အတွက်ကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း သူရဦးရွှေမန်း ပြော
Ads Block

တစ်ဦးချင်းစီ၏လိုအပ်ချက်ထက် တိုင်းပြည်အတွက်ကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း သူရဦးရွှေမန်း ပြော

တစ်ဦးချင်းစီ၏ လိုအပ်ချက်၊ မျှော်လင့်ချက်များထက် တိုင်းပြည်အတွက်ကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင်သူရဦးရွှေမန်းကပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးချုပ်တွင်ကျင်းပသော ပါတီဝင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မိမိတို့ပါတီဝင်တစ်ဦးချင်းစီတွင်လိုအပ်ချက်နှင့်မျှော်လင့်ချက်များရှိကြသော်လည်း ယင်းတို့ကိုဦးစားမပေးဘဲ တိုင်းပြည်အတွက် ဆောင်ရွက်ရန်ကိုသာဦးစားပေးကြရမှာဖြစ်ပါတယ်။ တစ်ဦးချင်းအရေးနှင့် ပါတီအရေးယှဉ်လာလျှင် ပါတီအရေးကိုဦးစားပေးကြရမည်ဖြစ်ပါတယ်။ ပါတီအရေးနှင့်တိုင်းပြည်အရေး ယှဉ်လာလျှင် တိုင်းပြည်အရေးကိုဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါတယ်။ အပြောသာရှိပြီး အမှန်တကယ်မလုပ်ကြသူများနေလျှင် တိုင်းပြည် မတိုးတက်နိုင်ပါဘူး” ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ခေါင်းဆောင် သူရဦးရွှေမန်းကပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မူဝါဒနှင့်လုပ်ငန်းစဉ်များတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး လွတ်လပ်၍တရားမျှတသော ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမည်ဟုဖော်ပြပါရှိသည်။

သူရဦးရွှေမန်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဖြစ် လည်းကောင်း၊ ယခင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၊ ဥပဒေနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

တစ္ဦးခ်င္းစီ၏လိုအပ္ခ်က္ထက္ တိုင္းျပည္အတြက္ကိုသာ ဦးစားေပးရမည္ျဖစ္ေၾကာင္း သူရဦးေရႊမန္း ေျပာ

တစ္ဦးခ်င္းစီ၏ လိုအပ္ခ်က္၊ ေမွ်ာ္လင့္ခ်က္မ်ားထက္ တိုင္းျပည္အတြက္ကိုသာ ဦးစားေပးရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္သူရဦးေရႊမန္းကေျပာသည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီရုံးခ်ဳပ္တြင္က်င္းပေသာ ပါတီ၀င္မ်ားေတြ႔ဆုံပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ မိမိတို႔ပါတီဝင္တစ္ဦးခ်င္းစီတြင္လိုအပ္ခ်က္ႏွင့္ေမွ်ာ္လင့္ခ်က္မ်ားရိွၾကေသာ္လည္း ယင္းတို႔ကိုိုဦးစားမေပးဘဲ တိုင္းျပည္အတြက္ ေဆာင္ရြက္ရန္ကိုသာဦးစားေပးၾကရမွာျဖစ္ပါတယ္။ တစ္ဦးခ်င္းအေရးႏွင့္ ပါတီအေရးယွဥ္လာလ်ွင္ ပါတီအေရးကိုဦးစားေပးၾကရမည္ျဖစ္ပါတယ္။ ပါတီအေရးႏွင့္တိုင္းျပည္အေရး ယွဥ္လာလ်ွင္ တိုင္းျပည္အေရးကိုဦးစားေပးေဆာင္ရြက္ရမည္ ျဖစ္ပါတယ္။ အေျပာသာရိွၿပီး အမွန္တကယ္မလုပ္ၾကသူမ်ားေနလွ်င္ တိုင္းျပည္ မတိုးတက္ႏိုင္ပါဘူး” ဟု ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီမွ ေခါင္းေဆာင္ သူရဦးေရႊမန္းကေျပာသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ မူ၀ါဒႏွင့္လုပ္ငန္းစဥ္မ်ားတြင္ ဖက္ဒရယ္ဒီမုိကေရစီစနစ္ကုိ က်င့္သုံးေဆာင္ရြက္ႏုိင္ရန္အေကာင္အထည္ေဖာ္ေဆာင္မည္ျဖစ္ၿပီး လြတ္လပ္၍တရားမွ်တေသာ ေစ်းကြက္စီးပြားေရးစနစ္ကုိက်င့္သုံးမည္ဟုေဖာ္ျပပါရွိသည္။

သူရဦးေရႊမန္းသည္ ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံၿဖဳိးေရးေကာင္စီလက္ထက္တြင္ ဗုိလ္ခ်ဳပ္ႀကီးအျဖစ္ လည္းေကာင္း၊ ယခင္ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္လည္းေကာင္း ၊ ဥပေဒႏွင့္အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္ဥကၠ႒အျဖစ္လည္းေကာင္း တာ၀န္မ်ားထမ္းေဆာင္ခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။