Skip to main content
“ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့အမျိုးဘာသာ၊ သာသနာအတွက်ဆိုပြီးနိုင်ငံရေးကိုလုပ်သင့်တယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော
Ads Block

“ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့အမျိုးဘာသာ၊ သာသနာအတွက်ဆိုပြီးနိုင်ငံရေးကိုလုပ်သင့်တယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော

Professional နိုင်ငံရေးသမားပီပီ နိုင်ငံရေးလုပ်သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောလိုက်သည်။

“ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့အမျိုးဘာသာ၊ သာသနာအတွက်ဆိုပြီးနိုင်ငံရေးကိုလုပ်သင့်တယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော

မိတ္ထီလာမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်ကကျင်းပသော လူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံပွဲတွင် ပြောခြင်းဖြစ်သည်။

“ နိုင်ငံအတွက် အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရာထူးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့အမျိုးဘာသာသာသနာအတွက်ဆိုပြီး Professional နိုင်ငံရေးသမားပီပီ နိုင်ငံရေးကိုလုပ်သင့်တယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောလိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း လူမှုရေးအဖွဲ့အစည်းအဖြစ်စတင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်ပါတီအဖြစ်ထူကောင်ကာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ပါတီဝင်လူအင်အား သန်းနှင့်ချီရှိကာ ၂၀၂၀ ရွေးကောက်ပွဲအတွက်အရည်အချင်းရှိသော ကိုယ်စားလှယ်များကို မြို့နယ်မှတင်ပြချက်အရရွေးချယ်ကာ ယှဉ်ပြိုင်ခိုင်းစေမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန) 

Zawgyi Version








အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။