Skip to main content
တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ကိုင်နေသော SME လုပ်ငန်းရှင်များ နစ်နာဟု ဆို  
Ads Block

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ကိုင်နေသော SME လုပ်ငန်းရှင်များ နစ်နာဟု ဆို  

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ကိုင်နေသော SME လုပ်ငန်းရှင်များ ထိခိုက်နစ်နာနေရကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ကိုင်နေသော SME လုပ်ငန်းရှင်များ နစ်နာဟု ဆို  

အဆိုပါ တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခု တရားမဝင်ကုန်သွယ်မှုတွေကြောင့် နယ်စပ်ကုန်သွယ်မှုကလျော့ကျသွားတယ်။ ဒါတွေကို ထိထိရောက်ရောက် တားဆီးဖို့လိုအပ်တယ်။ တရားမဝင်ကုန်သွယ်မှုတွေကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ SME လုပ်ငန်းရှင်တွေက နစ်နာမှုရှိတယ်။ လုပ်ငန်းရှင်တွေကသူတို့ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူးဆိုပြီး တင်ပြလာတယ်။ နယ်စပ်ဘက်တွေမှာ အထူးအဖွဲ့တွေနဲ့ သေချာစစ်ဆေးပေမဲ့လည်း လူအင်အားနည်းလို့ သေချာမလုပ်နိုင်ဘူး။ ဒါကြောင့် အကုန်လုံးကပူးပေါင်းပြီးဆောင်ရွက်မှ အမြစ်ဖြတ်နိုင်ဖြစ်မှာပါ။ အခုဆိုရင် ဆုကြေးငွေတွေလည်း တိုးမြှင့်ပေးထားတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှာ တရားမဝင်ကုန်စည်များနှင့်ပြိုင်ဆိုင်ရောင်းချနိုင်စွမ်း မရှိသဖြင့် ရပ်တည်နိုင်ရန်ခက်ခဲလာကြောင်း သိရသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုတွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖမ်းဆီးအရေးယူရာ ၆၆၉ ကြိမ်စစ်ဆေးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version

တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ တရား၀င္လုပ္ကိုင္ေနေသာ SME လုပ္ငန္းရွင္မ်ား နစ္နာဟု ဆို 

တရားမ၀င္ကုန္သြယ္မႈမ်ားေၾကာင့္ တရား၀င္လုပ္ကိုင္ေနေသာ SME လုပ္ငန္းရွင္မ်ား ထိခိုက္နစ္နာေနရေၾကာင္း သိရသည္။

အဆိုပါ တရားမဝင္ကုန္သြယ္မႈကို လံုးဝပေပ်ာက္ရန္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခု တရားမဝင္ကုန္သြယ္မႈေတြေၾကာင့္ နယ္စပ္ကုန္သြယ္မႈကေလ်ာ့က်သြားတယ္။ ဒါေတြကို ထိထိေရာက္ေရာက္ တားဆီးဖို႔လိုအပ္တယ္။ တရားမဝင္ကုန္သြယ္မႈေတြေၾကာင့္ တရားဝင္လုပ္ကိုင္ေနတဲ့ SME လုပ္ငန္းရွင္ေတြက နစ္နာမႈရွိတယ္။ လုပ္ငန္းရွင္ေတြကသူတို႔ဘယ္လိုမွ ရပ္တည္လို႔မရေတာ့ဘူးဆိုၿပီး တင္ျပလာတယ္။ နယ္စပ္ဘက္ေတြမွာ အထူးအဖြဲ႔ေတြနဲ႔ ေသခ်ာစစ္ေဆးေပမဲ့လည္း လူအင္အားနည္းလို႔ ေသခ်ာမလုပ္ႏိုင္ဘူး။ ဒါေၾကာင့္ အကုန္လံုးကပူးေပါင္းၿပီးေဆာင္ရြက္မွ အျမစ္ျဖတ္ႏိုင္ျဖစ္မွာပါ။ အခုဆိုရင္ ဆုေၾကးေငြေတြလည္း တိုးျမွင့္ေပးထားတယ္”ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ နယ္စပ္ေဒသမ်ားမွ တရားမဝင္ကုန္ပစၥည္းမ်ား ဝင္ေရာက္လာျခင္းေၾကာင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားမွာ တရားမဝင္ကုန္စည္မ်ားႏွင့္ၿပိဳင္ဆိုင္ေရာင္းခ်ႏိုင္စြမ္း မရွိသျဖင့္ ရပ္တည္ႏုိင္ရန္ခက္ခဲလာေၾကာင္း သိရသည္။

ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရွမ္း၊ ရခိုင္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္းေဒသႀကီးစသည့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၉ ခုတြင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးထိန္းခ်ဳပ္ေရးအထူးအဖြဲ႕မ်ား ဖြဲ႕စည္းထားၿပီး ဖမ္းဆီးအေရးယူရာ ၆၆၉ ႀကိမ္စစ္ေဆးခဲ့ၿပီး ခန္႔မွန္းတန္ဖိုးေငြက်ပ္ ၁၁ ဒသမ ၈၂၈ ဘီလ်ံ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္းသိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။