Skip to main content
hehesrghe
Ads Block

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟိန္ဒူမယ်တော်ကျောင်းသို့ လာရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့(စက်တင်ဘာလ ၁၇ ရက်)၊ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်ရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ လာရောက်ခဲ့သည်။

ktrjrher


ထို့ပြင် ယနေ့နံနက်တွင်လည်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းကို သွားရောက်ခဲ့သေးသည်။
“အဓိကကတော့ ဘာသာအားလုံးစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီးလှူဒါန်းတာပါ။ ဘာသာအချင်းချင်း စည်းလုံးညီညွတ်ပြီး ဆောင်ရွယ်မယ်ဆိုရင် နိုင်ငံတိုးတက်လာမယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်” ဟု လှူဒါန်းမှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

jkrftjtrjrtjh


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဂျွန်းဗလီ၊ အခြေခံဘာသာရေးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့သွားရောက်လှူဒါန်းမှုများအနက် ဂျွန်းဗလီနှင့် အခြေခံဘာသာရေးကျောင်းသို့ လှူဒါန်းမှုများမှာ ငွေကျပ် ၉၅ သိန်း၊ ဆန်အိတ် ၁၄၀ အိတ်နှင့် ဆီ၊ ပဲတို့ဖြစ်ကြောင်း သိရသည်။


- နိုင်မင်းလွင်၊ မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version




neerg



hrhrhreh



jjhehaeyw4s





အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။