Skip to main content
ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးထက် ဗိုလ်ချုပ်၏ပင်လုံကတိကဝတ်ကိုသာ ပိုမိုအကောင်အထည်ဖော်သင့်ဟု ဆို 
Ads Block

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးထက် ဗိုလ်ချုပ်၏ပင်လုံကတိကဝတ်ကိုသာ ပိုမိုအကောင်အထည်ဖော်သင့်ဟု ဆို 

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးထက် ဗိုလ်ချုပ်၏ ပင်လုံကတိကဝတ်ကိုသာ ပိုမိုအကောင်အထည်ဖော်သင့်ကြောင်း ချင်းလူငယ်ကွန်ရက်မှ ဆလိုင်းပါးလန်က ပြောလိုက်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရန်စီစဉ်မှုကို ချင်းလူငယ်ကွန်ရက်မှ ကန့်ကွက်ကြောင်းကြေညာချက်နှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာန၏ မေးမြန်းချက်အပေါ် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။

“ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းက ကျွန်တော်တို့တိုင်းရင်းသားတွေကြားမှာ နားလည်မှုတွေလွဲမှားစေနိုင်တယ်။ တိုင်းရင်းသားတွေရဲ့အမျိုးသားလက္ခဏာတွေကို တည်ဆောက်မှု၊ တန်ဖိုးထားမှုတွေမရှိဘူးလို့ယူဆတဲ့အတွက် ဗိုလ်ချုပ်ကြေးရုပ်ထားရှိတာရပ်ပြီး ပင်လုံကတိကဝတ်ကိုပိုအကောင်အထည်ဖော်ဖို့အတွက်၊တိုင်းရင်းသားတွေရဲ့ အမျိုးသားလက္ခဏာကိုတန်ဖိုးထားဖို့အတွက်လုပ်ဆောင်သင့်ပါတယ်” ဟု ချင်းလူငယ်ကွန်ရက်မှ ဆလိုင်းပါးလန်က ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန်စီစဉ်နေမှုအပေါ်ကန့်ကွက်ကြောင်း ချင်းလူငယ်ကွန်ရက်မှ စက်တင်ဘာလ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးစီးပြီး တည်ဆောက်နေခြင်းသည် ဒေသခံတိုင်းရင်းသားများကြားတွင် လူမျိုးကြီးဝါဒလွမ်းမိုးရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ဟု မိမိတို့ချင်းတိုင်းရင်းသားလူငယ်များမှရှုမြင်ကြောင်း ဖော်ပြပါရှိသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ဗိုလ္ခ်ဳပ္ေၾကးရုပ္ထားရွိေရးထက္ ဗိုလ္ခ်ဳပ္၏ပင္လံုကတိက၀တ္ကိုသာ ပိုမိုအေကာင္အထည္ေဖာ္သင့္ဟု ဆို

ဗုိလ္ခ်ဳပ္ေၾကးရုပ္ထားရွိေရးထက္ ဗိုလ္ခ်ဳပ္၏ ပင္လံုကတိက၀တ္ကိုသာ ပိုမိုအေကာင္အထည္ေဖာ္သင့္ေၾကာင္း ခ်င္းလူငယ္ကြန္ရက္မွ ဆလိုင္းပါးလန္က ေျပာလုိက္သည္။

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕တြင္ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္စုိက္ထူရန္စီစဥ္မႈကို ခ်င္းလူငယ္ကြန္ရက္မွ ကန္႔ကြက္ေၾကာင္းေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာန၏ ေမးျမန္းခ်က္အေပၚ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။

“ဗုိလ္ခ်ဳပ္ေၾကးရုပ္ထားရွိျခင္းက ကြ်န္ေတာ္တုိ႔တုိင္းရင္းသားေတြၾကားမွာ နားလည္မႈေတြလြဲမွားေစႏုိင္တယ္။ တုိင္းရင္းသားေတြရဲ႕အမ်ဳိးသားလကၡဏာေတြကုိ တည္ေဆာက္မႈ၊ တန္ဖုိးထားမႈေတြမရွိဘူးလုိ႔ယူဆတဲ့အတြက္ ဗုိလ္ခ်ဳပ္ေၾကးရုပ္ထားရွိတာရပ္ၿပီး ပင္လုံကတိက၀တ္ကုိပုိအေကာင္အထည္ေဖာ္ဖုိ႔အတြက္၊တုိင္းရင္းသားေတြရဲ႕ အမ်ဳိးသားလကၡဏာကုိတန္ဖုိးထားဖုိ႔အတြက္လုပ္ေဆာင္သင့္ပါတယ္” ဟု ခ်င္းလူငယ္ကြန္ရက္မွ ဆလိုင္းပါးလန္က ေျပာသည္။

ခ်င္းျပည္နယ္အစုိးရအဖြဲ႕မွ ဗုိလ္ခ်ဳပ္ေၾကးရုပ္စုိက္ထူရန္စီစဥ္ေနမႈအေပၚကန္႔ကြက္ေၾကာင္း ခ်င္းလူငယ္ကြန္ရက္မွ စက္တင္ဘာလ ၁၅ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္အား အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွဦးစီးၿပီး တည္ေဆာက္ေနျခင္းသည္ ေဒသခံတုိင္းရင္းသားမ်ားၾကားတြင္ လူမ်ဳိးႀကီး၀ါဒလြမ္းမုိးရန္ရည္ရြယ္ခ်က္ျဖင့္ ေဆာင္ရြက္ေနသည္ဟု မိမိတုိ႔ခ်င္းတုိင္းရင္းသားလူငယ္မ်ားမွရႈျမင္ေၾကာင္း ေဖာ္ျပပါရွိသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။