Skip to main content
Ads Block

ချင်းတွင်းမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် အိမ်ခြေများဖျက်ရွေ့နေရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာမှာ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၈ လုံးကို ဖျက်ရွေ့နေရပါတယ်။ အဲဒါကြောင့် အိမ်ထောင်စု ၉ စုနဲ့ လူဦးရေ ၅၇ ဦးအခက်အခဲကြုံနေရပါတယ်။ မြစ်ရေတိုက်စားမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အဆိုပါကျေးရွာရဲ့အိမ်ခြေ ၄၃ လုံးဖျက်ရွေ့ထားရပြီးဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ရိုက်ကူး - အောင်ကျော်ဇင်(ရေစကြို)    တင်ဆက်/တည်းဖြတ် - အိဖြူသိမ့် ၊ သူရိန်

Zawgyi Version




အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။