Skip to main content
ဓာတ်ဆီဆိုင်ပေါများသကဲ့သို့ ရွှေဆိုင်ပေါများလာဟု အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ပြော
Ads Block

ဓာတ်ဆီဆိုင်ပေါများသကဲ့သို့ ရွှေဆိုင်ပေါများလာဟု အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ပြော

ဓာတ်ဆီဆိုင်များ ပေါများသကဲ့သို့ ရွှေဆိုင်များ ပေါများလာကြောင်း အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်က ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၅ရက်တွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အခမဲ့စီးပွားရေးပညာပေးဟောပြောပွဲကို ဘဝနေနည်းနှင့် ဘဝအတွေ့အကြုံဖြန့်ဝေခြင်း ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဓာတ်ဆီဆိုင် ပေါသလို ရွှေဆိုင်တွေ ပေါလာတယ်။ အခုကြည့်လေ ရွေးချယ်ခွင့်က ပိုများလာတယ်။ တစ်ရာကို တစ်ဆယ်ရှုံးဆိုရင် လူတွေ မဝယ်တော့ဘူး။ ရွှေအညံ့တွေ ပေါလာတယ်။ ဘာဖြစ်လို့လဲ ကိုယ့်ရဲ့ငွေ ၁၂သိန်းရင်းရင် ဒီ၁၂သိန်းနဲ့တန်တဲ့ရွှေဟာ ငါ ဘယ်က ရနိုင်မလဲ။ အဲဒီရွှေနဲ့ ရောင်းရင် ငါဘယ်လိုပြန်ရမလဲ။ ရောင်းဈေး၊ ဝယ်ဈေးမခွာဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ ဘဏ်မှာတောင် ဒေါ်လာဈေး ရောင်းဈေး ၊ဝယ်ဈေးခွာတယ်။ ဆိုင်မှာ အမြတ်ခွန်တွေရော၊ ကုန်သွယ်ခွန်တွေရော ဗွက်ပေါက်အောင် ပေးနေရတာ ရောင်းဈေး၊ဝယ်ဈေး မခွာရဘူးဆိုတော့ စဉ်းစားကြည့်” ဟု ဦးအောင်က ပြောသည်။

ရွှေဈေးတွင် တစ်ကျပ်သားပေါက်ဈေးမှာ စက်တင်ဘာ၁၄ရက်တွင် ၁၂၂၃၈၀၀ ကျပ်ဖြစ်ပြီး  ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၄၈၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရွှေဈေးကွက်တွင် ၁၅ပဲရည်၊ ၁၆ပဲရည် ရွှေအရည်အသွေးပြည့်မီသော အာမခံရွှေများမှာ အရောင်းအဝယ်ဖြစ်ပြီး ရွှေအရည်အသွေးညံ့သော ရွှေများမှာ ရပ်ကွက်အတွင်းရှိ အပေါင်ဆိုင်များကပင် လက်မခံကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ဓာတ္ဆီဆုိင္ေပါမ်ားသကဲ့သို႔ ေရႊဆုိင္ေပါမ်ားလာဟု ေအာင္သမာဓိ ေရႊဆုိင္ပုိင္ရွင္ ဦးေအာင္ေျပာ

ဓာတ္ဆီဆုိင္မ်ား ေပါမ်ားသကဲ့သို႔ ေရႊဆုိင္မ်ား ေပါမ်ားလာေၾကာင္း ေအာင္သမာဓိေရႊဆုိင္ပုိင္ရွင္ ဦးေအာင္က ေျပာၾကားလုိက္သည္။

စက္တင္ဘာ ၁၅ရက္တြင္ မႏၱေလးတုိင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း အခမဲ့စီးပြားေရးပညာေပးေဟာေျပာပြဲကုိ ဘ၀ေနနည္းႏွင့္ ဘ၀အေတြ႔အႀကဳံျဖန္႔ေ၀ျခင္း ေခါင္းစဥ္ျဖင့္ ေဟာေျပာရာတြင္ ေအာင္သမာဓိ ေရႊဆုိင္ပုိင္ရွင္ ဦးေအာင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဓာတ္ဆီဆုိင္ ေပါသလုိ ေရႊဆုိင္ေတြ ေပါလာတယ္။ အခုၾကည့္ေလ ေရြးခ်ယ္ခြင့္က ပုိမ်ားလာတယ္။ တစ္ရာကို တစ္ဆယ္ရႈံးဆုိရင္ လူေတြ မ၀ယ္ေတာ့ဘူး။ ေရႊအညံ့ေတြ ေပါလာတယ္။ ဘာျဖစ္လုိ႔လဲ ကုိယ့္ရဲ႕ေငြ ၁၂သိန္းရင္းရင္ ဒီ၁၂သိန္းနဲ႔တန္တဲ့ေရႊဟာ ငါ ဘယ္က ရႏုိင္မလဲ။ အဲဒီေရႊနဲ႔ ေရာင္းရင္ ငါဘယ္လုိျပန္ရမလဲ။ ေရာင္းေစ်း၊ ၀ယ္ေစ်းမခြာဘူးဆုိတာ မျဖစ္ႏုိင္ဘူးလုိ႔ ကြ်န္ေတာ္တုိ႔ အၿမဲတမ္းေျပာပါတယ္။ ဘဏ္မွာေတာင္ ေဒၚလာေစ်း ေရာင္းေစ်း ၊၀ယ္ေစ်းခြာတယ္။ ဆုိင္မွာ အျမတ္ခြန္ေတြေရာ၊ ကုန္သြယ္ခြန္ေတြေရာ ဗြက္ေပါက္ေအာင္ ေပးေနရတာ ေရာင္းေစ်း၊၀ယ္ေစ်း မခြာရဘူးဆုိေတာ့ စဥ္းစားၾကည့္” ဟု ဦးေအာင္က ေျပာသည္။

ေရႊေစ်းတြင္ တစ္က်ပ္သားေပါက္ေစ်းမွာ စက္တင္ဘာ၁၄ရက္တြင္ ၁၂၂၃၈၀၀ က်ပ္ျဖစ္ၿပီး  ကမၻာ႔ေရႊေစ်းမွာ တစ္ေအာင္စလွ်င္ ၁၄၈၆ ေဒၚလာျဖစ္ေၾကာင္း သိရသည္။

ေရႊေစ်းကြက္တြင္ ၁၅ပဲရည္၊ ၁၆ပဲရည္ ေရႊအရည္အေသြးျပည့္မီေသာ အာမခံေရႊမ်ားမွာ အေရာင္းအ၀ယ္ျဖစ္ၿပီး ေရႊအရည္အေသြးညံ့ေသာ ေရႊမ်ားမွာ ရပ္ကြက္အတြင္းရွိ အေပါင္ဆုိင္မ်ားကပင္ လက္မခံေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။