Skip to main content
တရားမဝင်နည်းလမ်းဖြင့် ရရှိထားသည့် ငွေကြေးအပ်နှံထားသူများသာ စိုးရိမ်စိတ်ဖြစ်ဟုဆို
Ads Block

တရားမဝင်နည်းလမ်းဖြင့် ရရှိထားသည့် ငွေကြေးအပ်နှံထားသူများသာ စိုးရိမ်စိတ်ဖြစ်ဟုဆို

ဘဏ်များတွင် ငွေထုတ်ယူသူများအနက် တရားမဝင်နည်းလမ်းနှင့် ရထားသည့် ငွေကြေးအပ်နှံထားသူများသာ စိုးရိမ်စိတ်ကြောင့် ပြန်လည်ထုတ်ယူခြင်းဖြစ်ကြောင်း ရွှေဘဏ်မှ Deputy General Manager (International Remittance) ဦးခင်မောင်စိုးက ပြောသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ် ၂၇ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည့် အကြောင်းအရာကြောင့် ဘဏ်များတွင် ငွေအပ်နှံထားသူများမှ ပြန်လည်ထုတ်ယူမှုများရှိခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိဟု ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော်လည်း ဆက်တိုက်ငွေထုတ်ယူသူများ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ ငွေထုတ်ယူသူများတွင် နိုင်ငံတော်အား ဝင်ငွေခွန်မဆောင်ဘဲ အပ်နှံထားသည့်သူများ၊ တရားမဝင်နည်းလမ်းဖြင့် ရှိထားသည့် ငွေအပ်နှံထားသူများသာ စိုးရိမ်ကြပြီး ထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်း ငွေထုတ်ယူကြတယ်။ သိရသလောက်တော့ ဘဏ်တွေအကုန်လုံးကလည်း ထုတ်ပေးနိုင်ကြတယ်။ ငွေထုတ်တဲ့သူများလို့ ဘဏ်တွေအနေနဲ့ ထိခိုက်မှုမရှိပါဘူး။ မစိုးရိမ်နဲ့လို့လည်း ပြောချင်တယ်။ ဘဏ်တွေတော်တော်များများက ငွေလာအပ်တဲ့သူတွေကို ဘယ်က ရလာလဲဆိုပြီး မမေးကြဘူး။ ကျွန်တော်တစ်ဦးတည်းအမြင်ပြောရရင် သိန်းတစ်ထောင်ကျော် အပ်ထားတဲ့သူတွေက ဒီငွေတွေက ဘယ်ကရလာလဲ၊ နိုင်ငံတော်ကိုရော ဝင်ငွေခွန်ဆောင်ထားလား။ တရားမဝင်ရတဲ့သူတွေက ကြောက်ကြတယ်။ တချို့ကျတော့ ငွေတွေထုတ်ပြီး ရွှေတွေဝယ်ကြ ဒေါ်လာတွေဝယ်ကြ လုပ်ကြတာပေါ့”ဟု ဦးခင်မောင်စိုးက ပြောသည်။

ယင်းအပြင် ဗဟိုဘဏ်ကလည်း ဘဏ်များတွင် ငွေအသွင်းအထုတ်နှင့် ပတ်သက်၍ စောင့်ကြည့်နေကြောင်း၊ ဘဏ်များတွင် ငွေထုတ်ယူသူများပြားနေဆဲဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီးတော့ပြည်သူလူထုကို ဘဏ်အပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်စရာအကြောင်းမရှိပါဘူးလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်။ကြေညာခဲ့တဲ့ နောက်ပိုင်းမှာ စိုးရိမ်ပူပန်နေကြတုန်းပဲဆိုပြီးတော့ လာမေးတယ်။ ပူပန်နေတယ်ဆိုတာကလည်း စဉ်းစားစရာဖြစ်နေတာပေါ့။ ပူပန်စရာမရှိဘူး။ သိနိုင်တယ်။ သွားထုတ်တဲ့အတွက်ကြောင့် သွားရတာပင်ပန်းတယ်။ဘာမှပူပန်စရာမလိုဘဲနဲ့ ယုံယုံကြည်ကြည်နဲ့ ထားတာပိုကောင်းတယ်”ဟု ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version

တရားမဝင္နည္းလမ္းျဖင့္ ရရွိထားသည့္ ေငြေၾကးအပ္ႏွံထားသူမ်ားသာ စိုးရိမ္စိတ္ျဖစ္ဟုဆို

ဘဏ္မ်ားတြင္ ေငြထုတ္ယူသူမ်ားအနက္ တရားမဝင္နည္းလမ္းႏွင့္ ရထားသည့္ ေငြေၾကးအပ္ႏွံထားသူမ်ားသာ စိ္ုးရိမ္စိတ္ေၾကာင့္ ျပန္လည္ထုတ္ယူျခင္းျဖစ္ေၾကာင္း ေရႊဘဏ္မွ Deputy General Manager (International Remittance) ဦးခင္ေမာင္စိုးက ေျပာသည္။

ဗဟိုဘဏ္ဒုတိယဥကၠ႒အေနျဖင့္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၂၇ရက္က ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာၾကားခဲ့သည့္ အေၾကာင္းအရာေၾကာင့္ ဘဏ္မ်ားတြင္ ေငြအပ္ႏွံထားသူမ်ားမွ ျပန္လည္ထုတ္ယူမႈမ်ားရွိခဲ့ေၾကာင္း၊ ယင္းအျပင္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္စရာမရွိဟု ဗဟိုဘဏ္မွ ထုတ္ျပန္ခဲ့ေသာ္လည္း ဆက္တိုက္ေငြထုတ္ယူသူမ်ား ရွိခဲ့ေၾကာင္း သိရသည္။ ယင္းသို႔ ေငြထုတ္ယူသူမ်ားတြင္ ႏိုင္ငံေတာ္အား ဝင္ေငြခြန္မေဆာင္ဘဲ အပ္ႏွံထားသည့္သူမ်ား၊ တရားမဝင္နည္းလမ္းျဖင့္ ရွိထားသည့္ ေငြအပ္ႏွံထားသူမ်ားသာ စိုးရိမ္ၾကၿပီး ထုတ္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီရက္ပိုင္း ေငြထုတ္ယူၾကတယ္။ သိရသေလာက္ေတာ့ ဘဏ္ေတြအကုန္လံုးကလည္း ထုတ္ေပးႏိုင္ၾကတယ္။ ေငြထုတ္တဲ့သူမ်ားလို႔ ဘဏ္ေတြအေနနဲ႔ ထိခိုက္မႈမရွ္ိပါဘူး။ မစိုးရိမ္နဲ႔လို႔လည္း ေျပာခ်င္တယ္။ ဘဏ္ေတြေတာ္ေတာ္မ်ားမ်ားက ေငြလာအပ္တဲ့သူေတြကို ဘယ္က ရလာလဲဆိုၿပီး မေမးၾကဘူး။ ကြ်န္ေတာ္တစ္ဦးတည္းအျမင္ေျပာရရင္ သိန္းတစ္ေထာင္ေက်ာ္ အပ္ထားတဲ့သူေတြက ဒီေငြေတြက ဘယ္ကရလာလဲ၊ ႏိုင္ငံေတာ္ကိုေရာ ဝင္ေငြခြန္ေဆာင္ထားလား။ တရားမဝင္ရတဲ့သူေတြက ေၾကာက္ၾကတယ္။ တခ်ိဳ႕က်ေတာ့ ေငြေတြထုတ္ၿပီး ေရႊေတြဝယ္ၾက ေဒၚလာေတြဝယ္ၾက လုပ္ၾကတာေပါ့”ဟု ဦးခင္ေမာင္စိုးက ေျပာသည္။

ယင္းအျပင္ ဗဟိုဘဏ္ကလည္း ဘဏ္မ်ားတြင္ ေငြအသြင္းအထုတ္ႏွင့္ ပတ္သက္၍ ေစာင့္ၾကည့္ေနေၾကာင္း၊ ဘဏ္မ်ားတြင္ ေငြထုတ္ယူသူမ်ားျပားေနဆဲျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကေနၿပီးေတာ့ျပည္သူလူထုကို ဘဏ္အပ္ႏွံမႈနဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္ပူပန္စရာအေၾကာင္းမရွိပါဘူးလို႔ တရားဝင္ထုတ္ျပန္ေၾကညာခဲ့တယ္။ေၾကညာခဲ့တဲ့ ေနာက္ပိုင္းမွာ စိုးရိမ္ပူပန္ေနၾကတုန္းပဲဆိုၿပီးေတာ့ လာေမးတယ္။ ပူပန္ေနတယ္ဆိုတာကလည္း စဥ္းစားစရာျဖစ္ေနတာေပါ့။ ပူပန္စရာမရွိဘူး။ သိႏိုင္တယ္။ သြားထုတ္တဲ့အတြက္ေၾကာင့္ သြားရတာပင္ပန္းတယ္။ဘာမွပူပန္စရာမလိုဘဲနဲ႔ ယံုယံုၾကည္ၾကည္နဲ႔ ထားတာပိုေကာင္းတယ္”ဟု ဗဟိုဘဏ္၊ ႏိုင္ငံျခားေငြစီမံခန္႔ခြဲမႈဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးဝင္းေသာ္က ေျပာသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။