Skip to main content
ဗစ္တုိးရီးယားအမႈကုိ ႏုိင္ငံေတာ္သမၼတရုံးမွေတာက္ေလွ်ာက္ေစာင့္ႀကည့္ေနဟုဆုိ
Ads Block

ဗစ္တုိးရီးယားအမႈကုိ ႏုိင္ငံေတာ္သမၼတရုံးမွေတာက္ေလွ်ာက္ေစာင့္ႀကည့္ေနဟုဆုိ

ေနျပည္ေတာ္ရွိဗစ္တုိးရီးယားအမႈႏွင့္ပတ္သက္ၿပီး ႏုိင္ငံေတာ္သမၼတရုံးမွေတာက္ေလွ်ာက္ ေစာင့္ႀကည့္ေနေၾကာင္း ႏုိင္ငံေတာ္သမၼတရုံးမွေျပာေရးဆုိခြင့္ရွိသူဦးေဇာ္ေဌးကေျပာသည္။

ေနျပည္ေတာ္ရွိႏုိင္ငံေတာ္သမၼတရုံး၌ စက္တင္ဘာလ ၁၃ ရက္ကက်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ဗစ္တုိးရီးယားကိစၥက ေတာက္ေလွ်ာက္ေစာင့္ၾကည့္ေနတဲ့ကိစၥျဖစ္တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး လြဲေခ်ာ္မႈရွိခဲ့တယ္ဆုိရင္ တာ၀န္ယူမႈ၊ တာ၀န္ခံမႈအျပည့္နဲ႔ တာ၀န္ယူ၊ တာ၀န္ခံရပါမယ္” ဟု ႏုိင္ငံေတာ္သမၼတရုံးမွေျပာေရးဆုိခြင့္ရွိသူဦးေဇာ္ေဌးကေျပာသည္။

ျဖစ္စဥ္မွာ ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္း၌ တက္ေရာက္ေနသူ ၃ ႏွစ္အရြယ္ မိန္းကေလး လိင္ပုိင္ဆုိင္ရာအႀကမ္းဖက္ခံခဲ့ရျခင္းျဖစ္ကာ အမႈႏွင့္ပတ္သက္၍ မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမွဴး၏ ယာဥ္ေမာင္းကုိေအာင္ႀကီးကုိ သံသယတရားခံအျဖစ္ ရဲတပ္ဖြဲ႕မွဖမ္းဆီးခဲ့သည္။

အမႈႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္စက္တင္ဘာလ ၁၁ ရက္တြင္ ၆ ႀကိမ္ေျမာက္အျဖစ္ ရုံးထုတ္ စစ္ေဆးခဲ့ရာ၌ ကုိကုိႀကီးႏွင့္ကုိကုိငယ္မွာ ၄င္းကုိျပဳလုပ္ခဲ့ေၾကာင္း ကာယကံရွင္မိန္းကေလးက ထြက္ဆုိခဲ့သည္ဟုသိရသည္။

ထုိ႔အတူယင္းအမႈမွ သံသယတရားခံကုိေအာင္ႀကီးႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာထြက္ဆုိခဲ့ျခင္း မရွိေၾကာင္းႏွင့္ လာမည့္ ၂၄ ရက္ရုံးခ်ိန္္းတြင္ CCTV ႏွင့္ပတ္သက္ၿပီး ကြန္ပ်ဴတာကၽြမ္းက်င္သူကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

 

ဗစ်တိုးရီးယားအမှုကို နိုင်ငံတော်သမ္မတရုံးမှတောက်လျှောက်စောင့်ကြည့်နေဟုဆို

နေပြည်တော်ရှိဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှတောက်လျှောက် စောင့်ကြည့်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောသည်။

နေပြည်တော်ရှိနိုင်ငံတော်သမ္မတရုံး၌ စက်တင်ဘာလ ၁၃ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ဗစ်တိုးရီးယားကိစ္စက တောက်လျှောက်စောင့်ကြည့်နေတဲ့ကိစ္စဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွဲချော်မှုရှိခဲ့တယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ တာဝန်ယူ၊ တာဝန်ခံရပါမယ်” ဟု နိုင်ငံတော်သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော် Wisdom Hill မူကြိုကျောင်း၌ တက်ရောက်နေသူ ၃ နှစ်အရွယ် မိန်းကလေး လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခံခဲ့ရခြင်းဖြစ်ကာ အမှုနှင့်ပတ်သက်၍ မူကြိုကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းကိုအောင်ကြီးကို သံသယတရားခံအဖြစ် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့သည်။

အမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်တွင် ၆ ကြိမ်မြောက်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ရာ၌ ကိုကိုကြီးနှင့်ကိုကိုငယ်မှာ ၎င်းကိုပြုလုပ်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ထွက်ဆိုခဲ့သည်ဟုသိရသည်။

ထို့အတူယင်းအမှုမှ သံသယတရားခံကိုအောင်ကြီးနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာထွက်ဆိုခဲ့ခြင်း မရှိကြောင်းနှင့် လာမည့် ၂၄ ရက်ရုံးချိန်းတွင် CCTV နှင့်ပတ်သက်ပြီး ကွန်ပျူတာကျွမ်းကျင်သူကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။