Skip to main content
ါ့တ်ါတါတ်ါ
Ads Block

ပန်ဆေးပြည်သူ့စစ်အဖွဲ့က အမျိုးသား ၁ ဦးအားဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်းဖြင့်ပြန်လည်ရွေးယူခိုင်းမှုဖြစ်ပွား

ပန်ဆေးပြည်သူ့စစ်အဖွဲ့က အမျိုးသား ၁ ဦးအားဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်လည်ရွေးယူခိုင်းမှု ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘည်ိ

ဖြစ်စဉ်မှာ နမ့်ခမ်းမြို့၊ ပေါက်နေကွက်သစ်ရပ်ကွက်၌နေထိုင်သောအသက် ၅၄ နှစ်ရှိဦးညီမောင်စံနေအိမ်သို့ စက်တင်ဘာလ ၈ ရက်၊ ညနေ ၆ နာရီခန့်က လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ရောက်ရှိလာပြီး ဦးညီမောင်စံအာူ ၎င်းတို့၏ သာယာကုန်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

“ ကားတစ်စီးနဲ့အတူစစ်ဝတ်စုံနဲ့ ရောက်လာတယ်။ အပြင်မှာစောင့်တဲ့သူက ၁၈ ယောက်လောက်ရှိတယ်။ အိမ်ထဲဝင်လာတဲ့ ၄ ယောက်ကကျတော့ တစ်ယောက်ကပစ္စတိုသေနတ်နဲ့။ ကျန်တဲ့ ၃ ယောက်က သေနတ်အရှည်တွေနဲ့။ သူတို့ ရင်ဘတ်မှာလည်း ပန်ဆေးပြည်သူ့စစ်ဆိုပြီးရေးထားတယ်။ အဖေ့ကို စခန်းလိုက်ခဲ့ပါဆိုပြီးခေါ်သွားတာ” ဟု ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးညီမောင်စံ၏သမီးဖြစ်သူ မခင်ကြည်က ပြောသည်။

တ်နတ္တ

ထို့ကြောင့် ဦးညီမောင်စံက ၎င်း၏ချွေးမထံဖုန်းဆက်၍ အမျိုးများထံစုပေါင်းရှာခိုင်းစေရာ တရုတ်ငွေ ၁၅၀၀ နှင့် မြန်မာငွေ ၁၁ သိန်း ၈ သောင်းတို့ကိုရရှိသဖြင့် သာယာကုန်းစခန်းသို့သွားရောက်ပေးအပ်ကာ ဦးညီမောင်စံကို ပြန်လည်ရွေးခဲ့ရကြောင်း သိရသည်။

“ သူတို့စခန်းကိုပိုက်ဆံသွားပေးပြီးတဲ့အခါမှာအဖေ့ကိုပြန်ခေါ်လို့ရတယ်။ဒါပေမဲ့ ရိုက်နှက်ခံထားရတဲ့အတွက် အဖေကလမ်းတောင် မလျှောက်နိုင်တော့ဘူးလေ။ အဲဒါကြောင့် ကျွန်မနဲ့ ယောင်းမနဲ့ကအဖေ့ကိုမပြီး ဆိုင်ကယ်ကြားအလယ်မှာထားပြီးခေါ်လာရတယ်။အခုတော့ဆေးရုံကဆင်းလာလို့ရပြီဆိုပေမဲ့ အဖေ့ခါးကမပျောက်တော့ဘူး။ တအားနာနေတယ်” ဟု မခင်ကြည်က ဆက်ပြောသည်။

ျူအမ၅အ

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးနမ့်ခမ်းရဲစခန်းသို့တိုင်ကြားအမှုဖွင့်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ထုတ်ပေးရန် ပန်ဆေးပြည်သူ့စစ်တပ်သို့အကြောင်းကြားခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများကို ပြည်သူ့စစ်တပ်ဖွဲ့ကလွှတ်ပေးခဲ့ခြင်းမရှိသေးသည့်အပြင် ပိုက်ဆံ ၁၅ သိန်းပြန်ပေးမည်ဟုဆိုကာ အခြားနည်းလမ်းဖြင့်ဖြေရှင်းရန် ညှိနှိုင်းခဲ့ကြောင်းသိရသည်။

“အမှုကို ကျွန်တော်တို့စက်တင်ဘာ ၉ ရက်နေ့ကဖွင့်ပေးပြီးသွားပြီ။ ရဲလုပ်ငန်းအတိုင်းလည်း ကာယကံရှင် ဦးညီမောင်စံနဲ့ ချွေးမ၊ သမီးကြီးနဲ့ နောက်တစ်ဦးတို့ကိုလည်းစစ်ဆေးပြီးပြီ။ တိုင်ကြားခံထားရသူဘက်ကို လုံးဝမစစ်ရသေးတာ။ တကယ်လို့ ပြည်သူ့စစ်ဘက်က ပြစ်မှုကျူးလွန်သူတွေကိုထုတ်မပေးရင် သူတို့ရဲ့အကြီးအကဲအထိကိုအဆင့်ဆင့်တက်သွားမယ်။ လိုအပ်ရင်စစ်တပ်နဲ့လည်း ဥပဒေနည်းအတိုင်း လုပ်ဆောင်သွားမယ်။ကျွန်တော့်ကို အခြားနည်းနဲ့ ညှိနှိုင်းခဲ့တယ်ဆိုတာလည်းမှန်ပါတယ်။ ဒါပေမဲ့ အမှုဖွင့်ပြီးသားကိစ္စဖြစ်နေလို့ ဥပဒေအတိုင်းပဲသွားပါမယ်” ဟု နမ့်ခမ်းမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရသည့်အကြောင်းအရင်းကိုလည်း ဦးညီမောင်စံ၏သမီးဖြစ်သူ မခင်ကြည်က ယခုကဲ့သို့ ပြောကြားသည်။

“အဖေ့မိတ်ဆွေ ဦးလုမ်ထွမ်းဆိုသူကပိုက်ဆံချေးပြီးဆိုင်ကယ်ထားခဲ့တယ်။ နောက်တစ်လအကြာမှာ ထားခဲ့တဲ့ဆိုင်ကယ်ကို 125 ဆိုင်ကယ်နဲ့လာလဲခဲ့ပြီးအဲဒီ 125 ကိုရောင်းချဖို့အဖေနဲ့တိုင်ပင်ပြီးတော့ ၄ သိန်းခွဲနဲ့ ရောင်းလိုက်ရတယ်။ဒါပေမဲ့အဲဒီဆိုင်ကယ်ကခိုးလာတာဖြစ်နေတဲ့အတွက်ပိုင်ရှင်ပေါ်လာတယ်။ အဲဒီမှာ လုမ်ထွမ်းဆိုသူက အိမ်ကိုထပ်ရောက်လာပြီးရောင်းချလိုက်တဲ့ဆိုင်ကယ်မှာငွေ ၁၀ သိန်းပါသွားတယ်လို့ ပြောဆိုတယ်။အဲဒီလိုပြောပြီးရေသောက်သလိုနဲ့ နောက်ဖေးမှာဖုန်းဆက်ပြီးထွက်ပြေးသွာတယ်။ခဏအကြာမှာ ပြည်သူ့စစ်ရောက်လာပြီးအဖေ့ကိုခေါ်သွားကြတာပဲ” ဟု မခင်ကြည်က ယနေ့(စက်တင်ဘာလ ၁၃ ရက်)၊ နေ့လယ်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်း၌ စက်တင်ဘာလ ၉ ရက်က ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၄၂/၃၈၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

“ အခုဟာကသက်သက်ကိုပြည်သူကိုအနိုင်ကျင့်နှိပ်စက်နေတာပဲ။ပြီးတော့ ပြည်သူရဲ့နေအိမ်ကို အထောက်အထားမရှိ အင်အားသုံးပြီးလက်နက်ကိုင်ဆောင်ဝင်ရောက်ဖို့မလိုဘူး။ သူတို့စီးလာတဲ့ကားကရော လိုင်စင်ရှိလား။ဒါမျိုးတွေကိုလည်းစစ်ဆေးဖို့တင်ပြထားပါတယ်။ ကာယကံရှင်တွေဘက်ကလည်း ပိုက်ဆံပြန်မလိုချင်ဘူး။တရားမျှတမှုကိုပဲလိုချင်တယ်တဲ့” ဟု မူဆယ်မြို့နယ် NLD ပါတီမှ အလုပ်အမှုဆောင် ဒေါ်စန်းစန်းထွေးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ပန်ဆေးပြည်သူ့စစ်အဖွဲ့တာဝန်ခံ ကိုထွန်းမြင့်ထံ ဆက်သွယ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ပေးမည်ဖြစ်ပြီးနယ်မြေအနေအထားကြောင့် ၃ ရက်ခန့် စောင့်ဆိုင်းပေးပါဟု အကြောင်းပြန်လာကြောင်း ဒေါ်စန်းစန်းထွေးပြောပြချက်အရ သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

<<< Zawgyi Version >>>

 












န့


ိနမ့မ့တတ၂၄အ


- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။