Skip to main content
bdshbsrhb
Ads Block

အဝေးသင်ကျောင်းပြောင်းလိုသူများ အခက်အခဲရှိပါက အိမ်ထောင်စုစာရင်းမိတ္တူတင်ပြရခြင်းကို ဖြေလျှော့ပေးမည်

 

အဝေးသင်ကျောင်းပြောင်းရွှေ့လိုသူများအမှန်တကယ်အခက်အခဲရှိပါက အိမ်ထောင်စုစာရင်းမိတ္တူ တင်ပြရခြင်းကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောသည်။

njzdnedb

စက်တင်ဘာလ ၁၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့တွင် လှိုင်းဘွဲ့မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချို၏ “အဝေးသင်တက္ကသိုလ် သင်ကြားလိုသောကျောင်းသားကျောင်းသူများအတွက် အိမ်ထောင်စုစာရင်းဝင် တင်ပြစေရန် တောင်းခံနေမှုအားပယ်ဖျက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အလုပ်လုပ်ကိုင်သည့် ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် လက်ခံသင်ကြားနိုင်ခြင်းရှိ/မရှိ” မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

 “ကျောင်းပြောင်းရွေ့လိုတဲ့ ကျောင်းသားကျောင်းသူများအတွက် အမှန်တကယ်အခက်အခဲရှိမည်ဆိုပါက အိမ်ထောင်စုစာရင်းမိတ္တူတောင်းခံမှုကိုဖြေလျှော့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်းအထောက်အထား၊ အမှတ်စာရင်း၊ အမှန်တကယ်နေထိုင်တဲ့ဒေသ၊ အလုပ်အကိုင်လုပ်ကိုင်တဲ့ဒေသများရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ထောက်ခံချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်အတည်ပြု ထောက်ခံချက်နဲ့ ပြောင်းရွေ့ရေးအတွက် စိစစ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဝေးသင် တက္ကသိုလ်ဌာနခွဲများနဲ့ညှိနှိုင်းပြီးလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ အခြားမြို့များမှ တက္ကသိုလ်၊ဌာနများသို့ ပြောင်းရွေ့လာသူလွန်စွာ များပြားလာသည့်အတွက် အိမ်ထောင်စုစာရင်းမိတ္တူ၊ မိဘပြောင်းရွေ့မိန့်မိတ္တူ စသည်တို့ တောင်းခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“မိမိမွေးရပ်မဟုတ်တဲ့ အခြားဒေသတွေမှာနေထိုင်လုပ်ကိုင်နေကြတဲ့အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ဝေးတဲ့ဒေသတွေမှာနေကြရပြီး အဝေးသင်တက္ကသိုလ်ပညာကိုတော့ မိမိမွေးရပ်ဒေသနဲ့နီးတဲ့ တက္ကသိုလ် ကောလိပ်တွေမှာပဲသင်ကြားနေရပြီး နေရာဒေသပြောင်းရွှေ့သင်ကြားလိုရင် အိမ်ထောင်စုစာရင်း၊ ပြောင်းရွှေ့မိန့်တောင်းခံတဲ့အတွက် အလုပ်လုပ်နေတဲ့ဒေသနဲ့နီးတဲ့ အဝေးသင်တက္ကသိုလ်တွေ သင်ကြားသင်ယူမှုမပြုလုပ်နိုင်ဘဲ သတ်မှတ်တက္ကသိုလ်တွေမှာပဲတက်ရောက်သင်ကြားရတဲ့အတွက် ပညာသင်ကြားရေးအခက်အခဲစာမေးပွဲဖြေဆိုဖို့သွားရောက်ရတဲ့ တည်းခိုနေထိုင်စားသောက်ရတဲ့ ငွေကြေးအခက်အခဲများဖြစ်ပေါ်နေကြောင်း ကြားသိရပါတယ်” ဟု လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချိုက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ် အဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူစုစုပေါင်း ၄ သိန်းခန့်ရှိပြီး လက်ရှိတွင် မိမိတို့တက်ရောက်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်သာအဝေးသင်နှင့် ပတ်သက်သည့်ကိစ္စများဆောင်ရွက်နေကြောင်း သိရသည်။

“ နယ်ကနေလာလုပ်တဲ့သူတွေအတွက်အဆင်ပြေတယ်။ ညီမတို့ဆိုစာမေးပွဲတစ်ခါဖြေခါနီးရင် ခွင့်ယူပြန်ပြီး ဖြေနေရတော့ အဆင်မပြေဘူး။ တချို့အလုပ်ရှင်တွေကစာမေးပွဲဖြေရင် မကြိုက်ချင်ကြဘူး။ အခုလို ဖြေလျော့ပေးတာတော့ ကောင်းပါတယ်” ဟု ရန်ကုန်မြို့တွင် လာရောက်အလုပ်ကိုင်နေသည့် ပထမနှစ် ကျောင်းသူ မသိင်္ဂီမြင့်က ပြောသည်။

အချိန်ပြည့် တက္ကသိုလ်ပညာရေးတက်ရောက်မသင်ကြားနိုင်သူများအတွက် အလုပ်လုပ်ကိုင်ပြီး သင်ကြားနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် ၁၉၇၅ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံစာပေးစာယူဌာနအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အဝေးတက္ကသိုလ်အဖြစ် ပြောင်းလဲသင်ကြားပေးခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

အေ၀းသင္ေက်ာင္းေျပာင္းလိုသူမ်ား အခက္အခဲရွိပါက အိမ္ေထာင္စုစာရင္းမိတၱဴတင္ျပရျခင္းကို ေျဖေလွ်ာ့ေပးမည္

အေ၀းသင္ေက်ာင္းေျပာင္းေရႊ႕လိုသူမ်ားအမွန္တကယ္အခက္အခဲရွိပါက အိမ္ေထာင္စုစာရင္းမိတၱဴ တင္ျပရျခင္းကို ေျဖေလွ်ာ့ေပးမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းက ေျပာသည္။

စက္တင္ဘာလ ၁၃ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး၊ ၂၀ ရက္ေျမာက္ေန႔တြင္ လိႈင္းဘြဲ႔မဲဆႏၵနယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ခ်ိဳ၏ “အေဝးသင္တကၠသိုလ္ သင္ၾကားလုိေသာေက်ာင္းသားေက်ာင္းသူမ်ားအတြက္ အိမ္ေထာင္စုစာရင္းဝင္ တင္ျပေစရန္ ေတာင္းခံေနမႈအားပယ္ဖ်က္ေပးရန္အစီအစဥ္ရွိ/မရွိႏွင့္ အလုပ္လုပ္ကိုင္သည့္ ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား၏ ေထာက္ခံခ်က္ျဖင့္ လက္ခံသင္ၾကားႏုိင္ျခင္းရွိ/မရွိ” ေမးခြန္းအေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

 “ေက်ာင္းေျပာင္းေရြ႕လုိတဲ့ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ အမွန္တကယ္အခက္အခဲရွိမည္ဆုိပါက အိမ္ေထာင္စုစာရင္းမိတၱဴေတာင္းခံမႈကိုေျဖေလွ်ာ့ၿပီး တကၠသိုလ္ဝင္တန္းေအာင္ျမင္ေၾကာင္းအေထာက္အထား၊ အမွတ္စာရင္း၊ အမွန္တကယ္ေနထုိင္တဲ့ေဒသ၊ အလုပ္အကုိင္လုပ္ကိုင္တဲ့ေဒသမ်ားရွိ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားရဲ႕ေထာက္ခံခ်က္မ်ားအေပၚ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ ထပ္ဆင့္အတည္ျပဳ ေထာက္ခံခ်က္နဲ႔ ေျပာင္းေရြ႕ေရးအတြက္ စိစစ္ေဆာင္ရြက္ႏုိင္ရန္ သက္ဆုိင္ရာအေဝးသင္ တကၠသုိလ္ဌာနခြဲမ်ားနဲ႔ညိွႏိႈင္းၿပီးလုပ္ထံုးလုပ္နည္းနဲ႔အညီေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္”ဟု ပညာေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕၊ အျခားၿမိဳ႕မ်ားမွ တကၠသိုလ္၊ဌာနမ်ားသို႔ ေျပာင္းေရြ႕လာသူလြန္စြာ မ်ားျပားလာသည့္အတြက္ အိမ္ေထာင္စုစာရင္းမိတၱဴ၊ မိဘေျပာင္းေရြ႕မိန္႔မိတၱဴ စသည္တို႔ ေတာင္းခံရျခင္းျဖစ္ေၾကာင္းလည္း ၄င္းက ဆက္ေျပာသည္။

“မိမိေမြးရပ္မဟုတ္တဲ့ အျခားေဒသေတြမွာေနထုိင္လုပ္ကိုင္ေနၾကတဲ့အတြက္ တကၠသိုလ္ဝင္တန္းေအာင္ျမင္တဲ့ ေဝးတဲ့ေဒသေတြမွာေနၾကရၿပီး အေဝးသင္တကၠသိုလ္ပညာကိုေတာ့ မိမိေမြးရပ္ေဒသနဲ႔နီးတဲ့ တကၠသိုလ္ ေကာလိပ္ေတြမွာပဲသင္ၾကားေနရၿပီး ေနရာေဒသေျပာင္းေရႊ႕သင္ၾကားလုိရင္ အိမ္ေထာင္စုစာရင္း၊ ေျပာင္းေရႊ႕မိန္႔ေတာင္းခံတဲ့အတြက္ အလုပ္လုပ္ေနတဲ့ေဒသနဲ႔နီးတဲ့ အေဝးသင္တကၠသိုလ္ေတြ သင္ၾကားသင္ယူမႈမျပဳလုပ္ႏုိင္ဘဲ သတ္မွတ္တကၠသိုလ္ေတြမွာပဲတက္ေရာက္သင္ၾကားရတဲ့အတြက္ ပညာသင္ၾကားေရးအခက္အခဲစာေမးပြဲေျဖဆုိဖို႔သြားေရာက္ရတဲ့ တည္းခိုေနထုိင္စားေသာက္ရတဲ့ ေငြေၾကးအခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း ၾကားသိရပါတယ္” ဟု လိႈင္းဘြဲ႔မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ခ်ိဳက ေျပာသည္။

ျမန္မာတစ္ႏုိင္ငံလံုးတြင္ ႏွစ္စဥ္ အေဝးသင္တကၠသိုလ္ တက္ေရာက္ေနသည့္ ေက်ာင္းသားေက်ာင္းသူစုစုေပါင္း ၄ သိန္းခန္႔ရွိၿပီး လက္ရွိတြင္ မိမိတုိ႔တက္ေရာက္သည့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားတြင္သာအေဝးသင္ႏွင့္ ပတ္သက္သည့္ကိစၥမ်ားေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ နယ္ကေနလာလုပ္တဲ့သူေတြအတြက္အဆင္ေျပတယ္။ ညီမတုိ႔ဆုိစာေမးပြဲတစ္ခါေျဖခါနီးရင္ ခြင့္ယူျပန္ၿပီး ေျဖေနရေတာ့ အဆင္မေျပဘူး။ တခ်ိဳ႕အလုပ္ရွင္ေတြကစာေမးပြဲေျဖရင္ မႀကိဳက္ခ်င္ၾကဘူး။ အခုလုိ ေျဖေလ်ာ့ေပးတာေတာ့ ေကာင္းပါတယ္” ဟု ရန္ကုန္ၿမိဳ႕တြင္ လာေရာက္အလုပ္ကိုင္ေနသည့္ ပထမႏွစ္ ေက်ာင္းသူ မသိဂၤီျမင့္က ေျပာသည္။

အခ်ိန္ျပည့္ တကၠသိုလ္ပညာေရးတက္ေရာက္မသင္ၾကားႏုိင္သူမ်ားအတြက္ အလုပ္လုပ္ကိုင္ၿပီး သင္ၾကားႏုိင္ရန္ ရည္ရြယ္ၿပီး ျမန္မာႏုိင္ငံတြင္ ၁၉၇၅ ခုႏွစ္တြင္ ရန္ကုန္ဝိဇၨာသိပၸံစာေပးစာယူဌာနအျဖစ္ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ၁၉၉၂ ခုႏွစ္တြင္ အေဝးတကၠသိုလ္အျဖစ္ ေျပာင္းလဲသင္ၾကားေပးခဲ့ေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။