Skip to main content
avbsbswbhshrb
Ads Block

မိသားစုဝင် ၆ ဦးအဆိပ်သောက်ကြရာမှ ၄ ဦးသေဆုံးမှု မိုင်းဖြတ်မြို့နယ်တွင်ဖြစ်ပွား

မိသားစုဝင် ၆ ဦးအဆိပ်သောက်ကြရာမှ ၄ ဦးသေဆုံးမှု ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့တွင် ဖြစ်ပွားကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)တွင် ယနေ့(စက်တင်ဘာလ ၁၃ ရက်)၊ နံနက် ၇ နာရီခွဲခန့်က မိသားစုဝင် ၄ ဦးသေဆုံးနေကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်တွင် မိသားစုဝင် ၆ ဦးအနက် ဖခင်ဦးအားမြာ၊ ၄၆ နှစ်သည် အိမ်တံခါးမကြီးတွင်ခေါင်းပြူကာ ပါးစပ်၌အမြှုပ်ထွက်လျက်သေဆုံးနေပြီး အနောက်အိပ်ယာထက်၌ သားကြီးဖြစ်သူ ထောမေ၊ ၁၅ နှစ်မှာ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။

ထို့အပြင် မိခင်ဖြစ်သူဒေါ်အီနား၊ ၄၈ နှစ်နှင့် သားအငယ်ဆုံးနေလင်းထွန်း၊ ၈ နှစ်တို့မှာလည်း အနားတွင်ပက်လက်အနေအထားဖြင့် အမြှုပ်များထွက်သေဆုံးနေကြသည်ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

သို့သော် ကျန် ၂ ဦးဖြစ်သည့် သမီးဖြစ်သူမနောမိ၊ ၁၃ နှစ်နှင့် မောင်ဆီလှ ၉ နှစ်တို့မောင်နှမမှာ အသက်ရှင်ကျန်ရစ်သဖြင့်စစ်မေးရာ စားဝတ်နေရေးမပြေလည်မှုကြောင့် ညအချိန်တွင် (အဆိပ်ပင်)နံငိုပင်ကို အရည်ကျို၍ သားသမီးများကိုအရင်သောက်စေပြီးမှ မိဘနှစ်ပါးကနောက်ဆုံးတွင်သောက်သုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့မောင်နှမ ၂ ဦးမှာ ညအချိန်တွင်အော့အန်ခဲ့သဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

“စားဝတ်နေရေးကတော့ပြေလည်ပါတယ်။ တောင်သူလုပ်ငန်းလုပ်ကိုင်ရင်း သားသမီးတွေအားလုံးကို ကျောင်းထားနိုင်တယ်။ အဓိကကတော့ အဖွဲ့အစည်းတစ်ခုရဲ့ခြိမ်းခြောက်မှုကြောင့် အခုလိုသတ်သေသွားတာလို့ ပြောနေကြတယ်။ကျန်ရစ်တဲ့ ကလေး ၂ ဦးကိုတော့ ဆေးရုံကိုတင်ပို့ပေးထားပြီး သေဆုံးသူအလောင်းတွေကိုရင်ခွဲရုံမှာစစ်ဆေးနေတယ်တဲ့” ဟုဒေသခံတစ်ဦးကအကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

 

မိသားစု၀င္ ၆ ဦးအဆိပ္ေသာက္ၾကရာမွ ၄ ဦးေသဆံုးမႈ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ျဖစ္ပြား

မိသားစု၀င္ ၆ ဦးအဆိပ္ေသာက္ၾကရာမွ ၄ ဦးေသဆံုးမႈ ရွမ္းျပည္နယ္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။

ျဖစ္စဥ္မွာ မိုင္းျဖတ္ၿမိဳ႕၊ ေစ်းတန္း(ကြက္သစ္)တြင္ ယေန႔(စက္တင္ဘာလ ၁၃ ရက္)၊ နံနက္ ၇ နာရီခြဲခန္႔က မိသားစု၀င္ ၄ ဦးေသဆံုးေနေၾကာင္းသတင္းရရွိသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ၾကသည္။

စစ္ေဆးခ်က္အရ အခင္းျဖစ္ေနအိမ္တြင္ မိသားစု၀င္ ၆ ဦးအနက္ ဖခင္ဦးအားျမာ၊ ၄၆ ႏွစ္သည္ အိမ္တံခါးမႀကီးတြင္ေခါင္းျပဴကာ ပါးစပ္၌အျမွဳပ္ထြက္လ်က္ေသဆံုးေနၿပီး အေနာက္အိပ္ယာထက္၌ သားႀကီးျဖစ္သူ ေထာေမ၊ ၁၅ ႏွစ္မွာ ပက္လက္အေနအထားျဖင့္ ေသဆံုးေနသည္ကိုေတြ႔ရွိရသည္။

ထို႔အျပင္ မိခင္ျဖစ္သူေဒၚအီနား၊ ၄၈ ႏွစ္ႏွင့္ သားအငယ္ဆံုးေနလင္းထြန္း၊ ၈ ႏွစ္တို႔မွာလည္း အနားတြင္ပက္လက္အေနအထားျဖင့္ အျမွဳပ္မ်ားထြက္ေသဆံုးေနၾကသည္ကိုစစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ က်န္ ၂ ဦးျဖစ္သည့္ သမီးျဖစ္သူမေနာမိ၊ ၁၃ ႏွစ္ႏွင့္ ေမာင္ဆီလွ ၉ ႏွစ္တို႔ေမာင္ႏွမမွာ အသက္ရွင္က်န္ရစ္သျဖင့္စစ္ေမးရာ စား၀တ္ေနေရးမေျပလည္မႈေၾကာင့္ ညအခ်ိန္တြင္ (အဆိပ္ပင္)နံငိုပင္ကို အရည္က်ိဳ၍ သားသမီးမ်ားကိုအရင္ေသာက္ေစၿပီးမွ မိဘႏွစ္ပါးကေနာက္ဆံုးတြင္ေသာက္သံုးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔ေမာင္ႏွမ ၂ ဦးမွာ ညအခ်ိန္တြင္ေအာ့အန္ခဲ့သျဖင့္ အသက္ရွင္က်န္ရစ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။

“စား၀တ္ေနေရးကေတာ့ေျပလည္ပါတယ္။ ေတာင္သူလုပ္ငန္းလုပ္ကိုင္ရင္း သားသမီးေတြအားလံုးကို ေက်ာင္းထားႏုိင္တယ္။ အဓိကကေတာ့ အဖြဲ႔အစည္းတစ္ခုရဲ႕ၿခိမ္းေျခာက္မႈေၾကာင့္ အခုလိုသတ္ေသသြားတာလို႔ ေျပာေနၾကတယ္။က်န္ရစ္တဲ့ ကေလး ၂ ဦးကိုေတာ့ ေဆးရံုကိုတင္ပို႔ေပးထားၿပီး ေသဆံုးသူအေလာင္းေတြကိုရင္ခြဲရံုမွာစစ္ေဆးေနတယ္တဲ့” ဟုေဒသခံတစ္ဦးကအကုန္သိသတင္းဌာနသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၁၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။