Skip to main content
ငါးကန္ႏွင့္ၾကက္ျခံတြဲေမြးသည့္စနစ္ကိုတားျမစ္ရန္ အစိုးရထံ အခြင့္အခါသင့္တိုင္းတင္ျပထားဟု ဆုိ
Ads Block

ငါးကန္ႏွင့္ၾကက္ျခံတြဲေမြးသည့္စနစ္ကိုတားျမစ္ရန္ အစိုးရထံ အခြင့္အခါသင့္တိုင္းတင္ျပထားဟု ဆုိ

ငါးကန္ႏွင့္ ၾကက္ျခံတြဲေမြးသည့္စနစ္ကိုတားျမစ္ေပးရန္ အစိုးရထံအခြင့္အခါသင့္တိုင္း တင္ျပထားေၾကာင္း ျမန္မာႏုိင္ငံငါးလုပ္ငန္းဦးစီးဌာနမွအတြင္းေရးမွဴး ဦး၀င္းႀကိဳင္က ေျပာသည္။

ငါးႏွင့္ၾကက္တြဲေမြးသည့္စနစ္ကုိ ႏုိင္ငံတကာမွ ေကာင္းမြန္ေသာေမြးျမဴေရးက်င့္စဥ္အျဖစ္ မသတ္မွတ္ထားေၾကာင္း သိရသည္။ 

“ကြ်န္ေတာ္တုိ႔ငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္ကလည္း ဒါကုိေတာက္ေလွ်ာက္ေျပာေနတယ္။ ဒီစနစ္နဲ႔ေမြးလုိ႔မရဘူးဆုိတာကုိေပါ့။ လူလည္းစားဖုိ႔မသင့္ဘူး။ ျပည္ပကုိတင္ပုိ႔ဖုိ႔လည္းပုိ႔လုိ႔မျဖစ္ဘူး။ အဲဒါေၾကာင့္ဒါကုိ အခြင့္အခါသင့္တုိင္းအစုိးရကုိတင္ျပထားပါတယ္။ အစုိးရဌာနကပဲ ဒါကုိတားျမစ္ႏုိင္တယ္။ အမိန္႔ထုတ္ႏုိင္တယ္” ဟု ျမန္မာႏုိင္ငံငါးလုပ္ငန္းဦးစီးဌာနမွအတြင္းေရးမွဴး ဦး၀င္းႀကိဳင္က ေျပာသည္။

ယင္းကဲ့သို႔ ၾကက္ျခံႏွင့္ ငါးကန္ အတူထားရွိေမြးျမဴျခင္းကို တရုတ္ႏုိင္ငံတြင္ ၂၀၁၀ ခုႏွစ္မွစတင္ကာ တားျမစ္ပိတ္ပင္ထားေၾကာင္း သိရသည္။

“ ငါးေတြကုိက်န္းမာေရးနဲ႔ညီညြတ္စြာေမြးထားႏုိင္ျခင္းမရွိရင္ ဒါကုိေရရွည္ စားသုံးမယ္ဆုိရင္ ကင္ဆာေရာဂါျဖစ္ႏုိင္တယ္ဆုိတာျဖစ္ႏုိင္ပါတယ္။ ဒါကုိစစ္ေဆးေပးမယ့္ တာ၀န္ရွိသူအသင္းအဖြဲ႔၊ ၀န္ႀကီးဌာနကပုိအေရးႀကီးမယ္လုိ႔ ထင္ပါတယ္”ဟု အေထြေထြအထူးကုသမားေတာ္ ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္က ေျပာသည္။

ငါးကန္ႏွင့္ၾကက္ျခံတြဲေမြးသည့္စနစ္ကို ဧရာ၀တီတိုင္းေဒသႀကီးတြင္ ျပည္ပႏိုင္ငံသားမ်ားက အမ်ားဆံုးလာေရာက္လုပ္ကိုင္ၾကေၾကာင္း ငါးလုပ္ငန္းရွင္အခ်ိဳ႕ထံမွ သိရွိရသည္။

ယင္းကဲ့သို႔ေမြးျမဴရာ၌ ငါးမ်ားကို ၾကက္ေခ်းေကၽြးသည့္စနစ္က်င့္သံုးၿပီး ငါးမေဖာ္မီ ၁ လ၀န္းက်င္ခန္႔ ေရာက္ရွိမွသာ ငါးစာေကၽြးရျခင္းေၾကာင့္ ေငြေၾကးကုန္က်မႈသက္သာေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

ငါးကန်နှင့်ကြက်ခြံတွဲမွေးသည့်စနစ်ကိုတားမြစ်ရန် အစိုးရထံ အခွင့်အခါသင့်တိုင်းတင်ပြထားဟု ဆို

ငါးကန်နှင့် ကြက်ခြံတွဲမွေးသည့်စနစ်ကိုတားမြစ်ပေးရန် အစိုးရထံအခွင့်အခါသင့်တိုင်း တင်ပြထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ငါးနှင့်ကြက်တွဲမွေးသည့်စနစ်ကို နိုင်ငံတကာမှ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အဖြစ် မသတ်မှတ်ထားကြောင်း သိရသည်။ 

“ကျွန်တော်တို့ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ဒါကိုတောက်လျှောက်ပြောနေတယ်။ ဒီစနစ်နဲ့မွေးလို့မရဘူးဆိုတာကိုပေါ့။ လူလည်းစားဖို့မသင့်ဘူး။ ပြည်ပကိုတင်ပို့ဖို့လည်းပို့လို့မဖြစ်ဘူး။ အဲဒါကြောင့်ဒါကို အခွင့်အခါသင့်တိုင်းအစိုးရကိုတင်ပြထားပါတယ်။ အစိုးရဌာနကပဲ ဒါကိုတားမြစ်နိုင်တယ်။ အမိန့်ထုတ်နိုင်တယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ယင်းကဲ့သို့ ကြက်ခြံနှင့် ငါးကန် အတူထားရှိမွေးမြူခြင်းကို တရုတ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ကာ တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

“ ငါးတွေကိုကျန်းမာရေးနဲ့ညီညွတ်စွာမွေးထားနိုင်ခြင်းမရှိရင် ဒါကိုရေရှည် စားသုံးမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဒါကိုစစ်ဆေးပေးမယ့် တာဝန်ရှိသူအသင်းအဖွဲ့၊ ဝန်ကြီးဌာနကပိုအရေးကြီးမယ်လို့ ထင်ပါတယ်”ဟု အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

ငါးကန်နှင့်ကြက်ခြံတွဲမွေးသည့်စနစ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ပနိုင်ငံသားများက အများဆုံးလာရောက်လုပ်ကိုင်ကြကြောင်း ငါးလုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။

ယင်းကဲ့သို့မွေးမြူရာ၌ ငါးများကို ကြက်ချေးကျွေးသည့်စနစ်ကျင့်သုံးပြီး ငါးမဖော်မီ ၁ လဝန်းကျင်ခန့် ရောက်ရှိမှသာ ငါးစာကျွေးရခြင်းကြောင့် ငွေကြေးကုန်ကျမှုသက်သာကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။