Skip to main content
ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားေပၚလာျခင္းမွာ အစိုးရ၏ စီမံခန္႔ခြဲမႈည့ံဖ်င္းေၾကာင္း သက္ေသျဖစ္ဟု ဆို
Ads Block

ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားေပၚလာျခင္းမွာ အစိုးရ၏ စီမံခန္႔ခြဲမႈည့ံဖ်င္းေၾကာင္း သက္ေသျဖစ္ဟု ဆို

ကိုယ္ပိုင္စာသင္ေက်ာင္းမ်ားေပၚလာျခင္းမွာ အစိုးရ၏စီမံခန္႔ခြဲမႈညံ့ဖ်င္းေၾကာင္း သက္ေသျဖစ္သည္ဟု ရန္ကုန္တကၠသိုလ္ဆရာမ်ားသမဂၢဥကၠ႒ ေဒါက္တာအာကာမိုးသူက ေျပာသည္။

လက္ရွိ ပညာေရးေလာကတြင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ား မ်ားျပားလာျခင္းႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာန၏ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။

“ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြေပၚလာတာ အစိုးရရဲ႕စီမံခန္႔ခြဲမႈညံ့ဖ်င္းတယ္ဆိုတာကို သက္ေသျပေနတယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ ကိုယ္ပိုင္ေက်ာင္းေတြေပၚလာတာေတြပဲ ၾကည့္ရင္ ဒါကသက္ေသပဲ။ ေျဖရွင္းတဲ့နည္းက မွားေနတယ္။ အစိုးရေက်ာင္းေတြကို အားေကာင္းေအာင္ လုပ္ရမယ္။ ကိုယ္ပိုင္ေက်ာင္းေတြေအာင္ျမင္ေနျခင္းသည္ အစိုးရရဲ႕ အားနည္းခ်က္ကို ေဖာ္ေဆာင္ေနတယ္။ ကြ်န္ေတာ္တို႔ႏိုင္ငံက စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တယ္။ လယ္သမားသားသမီးေတြ ေတာ္ေတာ္မ်ားမ်ားက တတ္ၾကတယ္။ အစိုးရစာသင္ေက်ာင္းေတြ ေအာင္ျမင္ဖို႔ သီးျခား Capacity ရွိရမယ္။ ဆရာ/မေတြရဲ႕ တာဝန္ယူမႈ၊ တာဝန္ခံမႈအျမင့္ဆံုးျဖစ္ေအာင္ လုပ္ေပးရမယ္”ဟုရန္ကုန္တကၠသိုလ္ဆရာမ်ားသမဂၢ ဥကၠ႒ ေဒါက္တာအာကာမိုးသူက ေျပာသည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ပညာေရးဝန္ႀကီးဌာနမွ ခြင့္ျပဳထားသည့္ ကိုယ္ပိုင္အထက္တန္းေက်ာင္း ၁၅၉ ေက်ာင္းရွိၿပီး အလယ္တန္းေက်ာင္း ၁၂ ေက်ာင္း၊ မူလတန္းေက်ာင္း ၃၇ ေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားတြင္ သင္ၾကားေနသည့္ ဆရာ/မေပါင္း ၃၀၀၀ ေက်ာ္ႏွင့္ ေက်ာင္းသား/သူစုစုေပါင္း ၅၇၀၀၀ ေက်ာ္ပညာသင္ၾကားေနေၾကာင္း သိရသည္။

“ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြေပၚလာတာနဲ႔ အစိုးရစာသင္ေက်ာင္းေတြရဲ႕ သင္ၾကားေရးစနစ္ကို မထိခိုက္ႏိုင္ဘူး။ ဘာလို႔ထိခိုက္မွာလဲ။ မိဘေတြက သူတို႔တတ္ႏိုင္လို႔ သူတို႔ထားတာေလ။ Quality Control ပိုင္းကေတာ့ အစိုးရက ထိန္းခ်ဳပ္ရမွာေပါ့။ ဥပေဒအရေပၚလာတာပဲ။ ဥပေဒေရာ၊ နည္းဥပေဒေရာရွိတယ္။ သတ္မွတ္ထားတဲ့အခ်က္နဲ႔ကိုက္ညီရင္ခြင့္ျပဳမယ္။ မကိုက္ညီရင္ခြင့္မျပဳဘူး” ဟုအေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ပုဂၢလိကေက်ာင္း(ေခၚ) ကိုယ္ပိုင္ေက်ာင္းမ်ားကို ၂ဝ၁၂ ခုႏွစ္၊ ၾသဂုတ္လကုန္တြင္ စတင္တည္ေထာင္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ကိုယ္ပိုင္ေက်ာင္းမ်ားတည္ေထာင္သင္ၾကားေသာစနစ္မွာ ၇ ႏွစ္ေက်ာ္ရွိၿပီျဖစ္သည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

ကိုယ်ပိုင်အထက်တန်းကျောင်းများပေါ်လာခြင်းမှာ အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်း သက်သေဖြစ်ဟု ဆို

ကိုယ်ပိုင်စာသင်ကျောင်းများပေါ်လာခြင်းမှာ အစိုးရ၏စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်း သက်သေဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောသည်။

လက်ရှိ ပညာရေးလောကတွင် ကိုယ်ပိုင်အထက်တန်းကျောင်းများ များပြားလာခြင်းနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာန၏မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။

“ကိုယ်ပိုင်အထက်တန်းကျောင်းတွေပေါ်လာတာ အစိုးရရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတယ်ဆိုတာကို သက်သေပြနေတယ်။ တစ်နှစ်ထက်တစ်နှစ် ကိုယ်ပိုင်ကျောင်းတွေပေါ်လာတာတွေပဲ ကြည့်ရင် ဒါကသက်သေပဲ။ ဖြေရှင်းတဲ့နည်းက မှားနေတယ်။ အစိုးရကျောင်းတွေကို အားကောင်းအောင် လုပ်ရမယ်။ ကိုယ်ပိုင်ကျောင်းတွေအောင်မြင်နေခြင်းသည် အစိုးရရဲ့ အားနည်းချက်ကို ဖော်ဆောင်နေတယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ လယ်သမားသားသမီးတွေ တော်တော်များများက တတ်ကြတယ်။ အစိုးရစာသင်ကျောင်းတွေ အောင်မြင်ဖို့ သီးခြား Capacity ရှိရမယ်။ ဆရာ/မတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအမြင့်ဆုံးဖြစ်အောင် လုပ်ပေးရမယ်”ဟုရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ၁၅၉ ကျောင်းရှိပြီး အလယ်တန်းကျောင်း ၁၂ ကျောင်း၊ မူလတန်းကျောင်း ၃၇ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် သင်ကြားနေသည့် ဆရာ/မပေါင်း ၃၀၀၀ ကျော်နှင့် ကျောင်းသား/သူစုစုပေါင်း ၅၇၀၀၀ ကျော်ပညာသင်ကြားနေကြောင်း သိရသည်။

“ကိုယ်ပိုင်အထက်တန်းကျောင်းတွေပေါ်လာတာနဲ့ အစိုးရစာသင်ကျောင်းတွေရဲ့ သင်ကြားရေးစနစ်ကို မထိခိုက်နိုင်ဘူး။ ဘာလို့ထိခိုက်မှာလဲ။ မိဘတွေက သူတို့တတ်နိုင်လို့ သူတို့ထားတာလေ။ Quality Control ပိုင်းကတော့ အစိုးရက ထိန်းချုပ်ရမှာပေါ့။ ဥပဒေအရပေါ်လာတာပဲ။ ဥပဒေရော၊ နည်းဥပဒေရောရှိတယ်။ သတ်မှတ်ထားတဲ့အချက်နဲ့ကိုက်ညီရင်ခွင့်ပြုမယ်။ မကိုက်ညီရင်ခွင့်မပြုဘူး” ဟုအခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်း(ခေါ်) ကိုယ်ပိုင်ကျောင်းများကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လကုန်တွင် စတင်တည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကိုယ်ပိုင်ကျောင်းများတည်ထောင်သင်ကြားသောစနစ်မှာ ၇ နှစ်ကျော်ရှိပြီဖြစ်သည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။