Skip to main content
ဗစ္တိုးရီးယားအမႈမွတရားခံဟုစြပ္စြဲခံရသူ ကိုေအာင္ႀကီးအာမခံရရွိေရး စီစဥ္ေန
Ads Block

ဗစ္တိုးရီးယားအမႈမွတရားခံဟုစြပ္စြဲခံရသူ ကိုေအာင္ႀကီးအာမခံရရွိေရး စီစဥ္ေန

Wisdom Hill ေက်ာင္းတြင္တက္ေရာက္ေနသူ ၃ ႏွစ္အရြယ္မိန္းကေလး လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခံရျခင္းႏွင့္ ပတ္သက္ၿပီး တရားခံဟုစြပ္စြဲခံရသူကိုေအာင္ႀကီး အာမခံျဖင့္ အမႈရင္ဆုိင္ႏုိင္ရန္စီစဥ္ေနေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာသည္။

ဗစ္တိုးရီးယားအမႈမွတရားခံဟုစြပ္စြဲခံရသူ ကိုေအာင္ႀကီးအာမခံရရွိေရး စီစဥ္ေန

အာမခံေလွ်ာက္ထားရာတြင္ ျပစ္မႈဆုိင္ရာက်င့္ထံုးဥပေဒပုဒ္မ ၄၉၆၊၄၉၇ ၊၄၉၈ ဆိုသည့္ပုဒ္မမ်ားရွိၿပီး ကိုေအာင္ႀကီးႏွင့္ပတ္သက္၍ ပုဒ္မ ၄၉၇ အပိုဒ္(၁) အာမခံေပး၍မရသည့္ ပုဒ္မမ်ားေလွ်ာက္ထားျခင္း (က်န္းမာေရး၊သက္ေသမ်ားကိုအေႏွာင့္အယွက္မေပးျခင္း) စသည့္အေၾကာင္းျပခ်က္ျဖင့္လည္းေကာင္း၊ အပိုဒ္(၂)တြင္ အမႈမွာတရားခံ၏ၿငိစြန္းမႈကိုတရားရုံးကမယူဆႏုိင္ေသာအေျခအေနတြင္၊ အမႈကိုဆက္လက္စစ္ေဆးရန္ လုိအပ္ေသာအခ်ိန္တြင္အာမခံေပးႏုိင္သည့္ျပ႒ာန္းခ်က္မ်ားရွိေၾကာင္း ၄င္းေျပာျပခ်က္အရ သိရသည္။

“ တရားခံေရွ႕ေနအေနနဲ႔ဒီအမႈမွာကိုေအာင္ႀကီးလြတ္ေရးပဲမဟုတ္ဘူး။  တရားခံေရွ႕ေနအေနနဲ႔မဟုတ္ဘူး။ အမႈမွန္ေပၚေပါက္ေရးအတြက္ လိုက္တာ။ အခုခ်ိန္မွာကိုေအာင္ႀကီးကိုေလွ်ာက္လို႔ရတယ္။ စြဲခ်က္မတင္မီ ဘယ္အခ်ိန္မွာမဆုိ ျပစ္မႈမေပၚေပါက္ဘူးဆုိရင္ စြဲခ်က္မတင္ဘဲနဲ႔လႊတ္ဖုိ႔၊ အဲဒါမ်ိဳးလုပ္လုိ႔ရတယ္။ အခုအခ်ိန္မွာ အဲဒီလုိလုပ္လို႔ တရားရုံးကလႊတ္ေပးလုိက္တယ္ဆုိရင္ ဒီအမႈႀကီးကၿပီးသြားမွာ။ နစ္နာတဲ့ကေလးေရာ၊ သူ႔မိဘေရာဘယ္လုိခံစားရမလဲ။ ကိုေအာင္ႀကီးလည္းလြတ္သြားၿပီ။ ဘယ္သူမွန္းလည္းမေပၚဘူး။ ကိုေအာင္ႀကီးကိုလည္းေျပာထားတယ္။ သူကဆက္ၿပီးအမႈရင္ဆုိင္မယ္။ ဒါေပမယ့္ အခ်ဳပ္ထဲမွာေတာ့ မေနခ်င္ဘူး။ အာမခံေလွ်ာက္ၿပီးေတာ့ အမႈဆက္လက္ရင္ဆုိင္ဖို႔ပါ။ စီစဥ္ေနတာပါ။ လာမယ့္ရုံးခ်ိန္းမွာလည္း ေလွ်ာက္ေကာင္းေလွ်ာက္မွာေပါ။ တစ္ခုခုေတာ့လုပ္သြားမွာပါ” ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာသည္။

အမႈႏွင့္ပတ္သက္၍ ၃ ႏွစ္အရြယ္မိန္းကေလးအား စစ္ေဆးခ်ိန္တြင္ ကိုေအာင္ႀကီးႏွင့္ပတ္သက္၍ တစ္စံုတစ္ရာ ေျပာၾကားခဲ့ျခင္းမရွိေၾကာင္း သိရသည္။

အဆုိပါအမႈႏွင့္ပတ္သက္ၿပီးတရားလုိျပသက္ေသ ၂၆ ဦးတင္ထားၿပီးကာယကံရွင္ ဗစ္တိုးရီးယား၊ ဖခင္၊ မိခင္ႏွင့္ အဘြားျဖစ္သူတုိ႔ကိုစစ္ေဆးခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။

ရံုးခ်ိန္းကို စက္တင္ဘာလ ၂၄ ရက္သို႔ခ်ိန္းဆိုထားၿပီး အဆုိပါရုံးခ်ိန္းတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ စီစီတီဗီႏွင့္ပတ္သက္ၿပီးကြန္ပ်ဴတာကၽြမ္းက်င္သူတစ္ဦးကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ဗစ်တိုးရီးယားအမှုမှတရားခံဟုစွပ်စွဲခံရသူ ကိုအောင်ကြီးအာမခံရရှိရေး စီစဉ်နေ

Wisdom Hill ကျောင်းတွင်တက်ရောက်နေသူ ၃ နှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းနှင့် ပတ်သက်ပြီး တရားခံဟုစွပ်စွဲခံရသူကိုအောင်ကြီး အာမခံဖြင့် အမှုရင်ဆိုင်နိုင်ရန်စီစဉ်နေကြောင်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

အာမခံလျှောက်ထားရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၆၊၄၉၇ ၊၄၉၈ ဆိုသည့်ပုဒ်မများရှိပြီး ကိုအောင်ကြီးနှင့်ပတ်သက်၍ ပုဒ်မ ၄၉၇ အပိုဒ်(၁) အာမခံပေး၍မရသည့် ပုဒ်မများလျှောက်ထားခြင်း (ကျန်းမာရေး၊သက်သေများကိုအနှောင့်အယှက်မပေးခြင်း) စသည့်အကြောင်းပြချက်ဖြင့်လည်းကောင်း၊ အပိုဒ်(၂)တွင် အမှုမှာတရားခံ၏ငြိစွန်းမှုကိုတရားရုံးကမယူဆနိုင်သောအခြေအနေတွင်၊ အမှုကိုဆက်လက်စစ်ဆေးရန် လိုအပ်သောအချိန်တွင်အာမခံပေးနိုင်သည့်ပြဋ္ဌာန်းချက်များရှိကြောင်း ၎င်းပြောပြချက်အရ သိရသည်။

“ တရားခံရှေ့နေအနေနဲ့ဒီအမှုမှာကိုအောင်ကြီးလွတ်ရေးပဲမဟုတ်ဘူး။  တရားခံရှေ့နေအနေနဲ့မဟုတ်ဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက် လိုက်တာ။ အခုချိန်မှာကိုအောင်ကြီးကိုလျှောက်လို့ရတယ်။ စွဲချက်မတင်မီ ဘယ်အချိန်မှာမဆို ပြစ်မှုမပေါ်ပေါက်ဘူးဆိုရင် စွဲချက်မတင်ဘဲနဲ့လွှတ်ဖို့၊ အဲဒါမျိုးလုပ်လို့ရတယ်။ အခုအချိန်မှာ အဲဒီလိုလုပ်လို့ တရားရုံးကလွှတ်ပေးလိုက်တယ်ဆိုရင် ဒီအမှုကြီးကပြီးသွားမှာ။ နစ်နာတဲ့ကလေးရော၊ သူ့မိဘရောဘယ်လိုခံစားရမလဲ။ ကိုအောင်ကြီးလည်းလွတ်သွားပြီ။ ဘယ်သူမှန်းလည်းမပေါ်ဘူး။ ကိုအောင်ကြီးကိုလည်းပြောထားတယ်။ သူကဆက်ပြီးအမှုရင်ဆိုင်မယ်။ ဒါပေမယ့် အချုပ်ထဲမှာတော့ မနေချင်ဘူး။ အာမခံလျှောက်ပြီးတော့ အမှုဆက်လက်ရင်ဆိုင်ဖို့ပါ။ စီစဉ်နေတာပါ။ လာမယ့်ရုံးချိန်းမှာလည်း လျှောက်ကောင်းလျှောက်မှာပေါ။ တစ်ခုခုတော့လုပ်သွားမှာပါ” ဟု တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

အမှုနှင့်ပတ်သက်၍ ၃ နှစ်အရွယ်မိန်းကလေးအား စစ်ဆေးချိန်တွင် ကိုအောင်ကြီးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ 

အဆိုပါအမှုနှင့်ပတ်သက်ပြီးတရားလိုပြသက်သေ ၂၆ ဦးတင်ထားပြီးကာယကံရှင် ဗစ်တိုးရီးယား၊ ဖခင်၊ မိခင်နှင့် အဘွားဖြစ်သူတို့ကိုစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ရုံးချိန်းကို စက်တင်ဘာလ ၂၄ ရက်သို့ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ စီစီတီဗီနှင့်ပတ်သက်ပြီးကွန်ပျူတာကျွမ်းကျင်သူတစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။