Skip to main content
နယ္စပ္လံုျခံဳေရးအားနည္းမႈေၾကာင့္ အႏၱရာယ္ရွိအစားအေသာက္မ်ားဝင္လာျခင္းျဖစ္ဟု ဆို
Ads Block

နယ္စပ္လံုျခံဳေရးအားနည္းမႈေၾကာင့္ အႏၱရာယ္ရွိအစားအေသာက္မ်ားဝင္လာျခင္းျဖစ္ဟု ဆို

နယ္စပ္ဘက္တြင္ လံုျခံဳေရးအားနည္းမႈေၾကာင့္ အႏၱရာယ္ရွိသည့္အစားအေသာက္မ်ား ျပည္တြင္းသို႔ဝင္လာျခင္းျဖစ္ေၾကာင္း ျမန္မာစားသံုးသူမ်ားသမဂၢမွအတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာသည္။

နယ္စပ္လံုျခံဳေရးအားနည္းမႈေၾကာင့္ အႏၱရာယ္ရွိအစားအေသာက္မ်ားဝင္လာျခင္းျဖစ္ဟု ဆို

ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ဟိုတယ္တြင္ စက္တင္ဘာ ၁၁ ရက္ကက်င္းပသည့္ အစားအစာေဘးကင္းေရးဆိုင္ရာ ေဆြးေႏြးပြဲ စာနယ္ဇင္းရွင္းလင္းပြဲတြင္ အထက္ပါအတိုင္းေျပာျခင္းျဖစ္သည္။

“နယ္စပ္ဘက္က ဝင္လာတဲ့အႏၱရာယ္ရွိတဲ့အစားအေသာက္ေတြဆိုတာ နယ္စပ္က လံုျခံဳေရးအရ အားနည္းလို႔ျဖစ္တာ။ ေနာက္ၿပီး အဂတိက အဓိကေပါ့။ အခုဆိုရင္ နယ္စပ္ဘက္ကဝင္လာတဲ့ အႏၱရာယ္ရွိတဲ့အစားအေသာက္ေတြက ဒီမွာအမိႈက္ပံုႀကီးလိုျဖစ္ေနၿပီ။ ႏိုင္ငံတကာလိုအမိႈက္ပံုႀကီးမျဖစ္ေအာင္ ေဆာင္ရြက္ရမယ္။ အစိုးရပဲလုပ္လို႔မရဘူး။ ဥပေဒအရလိုအပ္လို႔လုပ္တဲ့အခါမွာ လုပ္ငန္းရွင္ေတြကလည္း စားသံုးသူေတြကို ကူညီဖို႔လိုတယ္။ အဲဒီလိုမလုပ္ႏိုင္ရင္ မေအာင္ျမင္ဘူး”ဟုျမန္မာစားသံုးသူမ်ားသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာသည္။

လက္ရွိတြင္ တရုတ္ႏိုင္ငံမွ ေအးခဲအသားမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား အမ်ားဆံုးတင္သြင္းေနၿပီး ယင္းတြင္ ၈၀ ရာခိုင္ႏႈန္းမွာ စားသံုးရန္မသင့္ေၾကာင္း၊ အဆိုပါ တင္သြင္းလာသည့္ အစားအေသာက္မ်ားကို FDA မွ ေသခ်ာစစ္ေဆးရန္လိုအပ္ၿပီး တင္သြင္းပါက ျပည္တြင္းနားလည္ႏိုင္သည့္ အမွတ္တံဆိပ္အျပင္ သက္တမ္းကုန္ဆံုးမည့္ရက္ကို ျမန္မာလိုေဖာ္ျပေပးရန္ လိုအပ္ေၾကာင္း သိရသည္။

ယခင္က ျမန္မာႏိုင္ငံသို႔ တရားမ၀င္ကုန္ပစၥည္းမ်ားအပါအ၀င္ က်န္းမာေရးနွင့္မညီညြတ္ေသာ အစားအေသာက္မ်ား မ၀င္ေရာက္လာေစေရးအတြက္ ၿပီးခဲ့ေသာ ၂၀၁၂ ခုႏွစ္တြင္ Mobile Team ဖြဲ႕စည္းကာ ေဆာင္ရြက္ခဲ့ေသာ္လည္း ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ျပန္လည္ဖ်က္သိမ္းခဲ့သည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

 

နယ်စပ်လုံခြုံရေးအားနည်းမှုကြောင့် အန္တရာယ်ရှိအစားအသောက်များဝင်လာခြင်းဖြစ်ဟု ဆို

နယ်စပ်ဘက်တွင် လုံခြုံရေးအားနည်းမှုကြောင့် အန္တရာယ်ရှိသည့်အစားအသောက်များ ပြည်တွင်းသို့ဝင်လာခြင်းဖြစ်ကြောင်း မြန်မာစားသုံးသူများသမဂ္ဂမှအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် စက်တင်ဘာ ၁၁ ရက်ကကျင်းပသည့် အစားအစာဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲ စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။

“နယ်စပ်ဘက်က ဝင်လာတဲ့အန္တရာယ်ရှိတဲ့အစားအသောက်တွေဆိုတာ နယ်စပ်က လုံခြုံရေးအရ အားနည်းလို့ဖြစ်တာ။ နောက်ပြီး အဂတိက အဓိကပေါ့။ အခုဆိုရင် နယ်စပ်ဘက်ကဝင်လာတဲ့ အန္တရာယ်ရှိတဲ့အစားအသောက်တွေက ဒီမှာအမှိုက်ပုံကြီးလိုဖြစ်နေပြီ။ နိုင်ငံတကာလိုအမှိုက်ပုံကြီးမဖြစ်အောင် ဆောင်ရွက်ရမယ်။ အစိုးရပဲလုပ်လို့မရဘူး။ ဥပဒေအရလိုအပ်လို့လုပ်တဲ့အခါမှာ လုပ်ငန်းရှင်တွေကလည်း စားသုံးသူတွေကို ကူညီဖို့လိုတယ်။ အဲဒီလိုမလုပ်နိုင်ရင် မအောင်မြင်ဘူး”ဟုမြန်မာစားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ အေးခဲအသားများ၊ စားသောက်ကုန်ပစ္စည်းများ အများဆုံးတင်သွင်းနေပြီး ယင်းတွင် ၈၀ ရာခိုင်နှုန်းမှာ စားသုံးရန်မသင့်ကြောင်း၊ အဆိုပါ တင်သွင်းလာသည့် အစားအသောက်များကို FDA မှ သေချာစစ်ဆေးရန်လိုအပ်ပြီး တင်သွင်းပါက ပြည်တွင်း၌ နားလည်နိုင်သည့် အမှတ်တံဆိပ်အပြင် သက်တမ်းကုန်ဆုံးမည့်ရက်ကို မြန်မာလိုဖော်ပြပေးရန် လိုအပ်ကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံသို့ တရားမဝင်ကုန်ပစ္စည်းများအပါအဝင် ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ မဝင်ရောက်လာစေရေးအတွက် ပြီးခဲ့သော ၂၀၁၂ ခုနှစ်တွင် Mobile Team ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်ဖျက်သိမ်းခဲ့သည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။