Skip to main content
ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔က လူတစ္ဦးလွ်င္ ဆန္ ၂ ျပည္ႏႈန္း၊ တစ္ျပည္လွ်င္ ၆၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးေန
Ads Block

ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔က လူတစ္ဦးလွ်င္ ဆန္ ၂ ျပည္ႏႈန္း၊ တစ္ျပည္လွ်င္ ၆၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးေန

ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔သည္ လူတစ္ဦးလွ်င္ ဆန္ ၂ ျပည္ႏႈန္း၊ တစ္ျပည္လွ်င္ ၆၀၀ က်ပ္ျဖင့္ အပတ္စဥ္တနဂၤေႏြေန႔တိုင္းေရာင္းခ်ေပးေနေၾကာင္း ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔မွဥကၠ႒ ဦးေသာင္းစိန္က ေျပာသည္။

ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔က လူတစ္ဦးလွ်င္ ဆန္ ၂ ျပည္ႏႈန္း၊ တစ္ျပည္လွ်င္ ၆၀၀ က်ပ္ျဖင့္ ေရာင္းခ်ေပးေန

အကုန္သိသတင္းဌာနမွ စက္တင္ဘာလ ၁၁ ရက္၌ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။

“ ျပည္သူေတြစား၀တ္ေနေရးခက္ခဲေနတာေတြ၊ ကုန္ေစ်းနႈန္းႀကီးျမင့္ေနတာေတြကုိသိတယ္။ ကြ်န္ေတာ္တုိ႔အဖြဲ႔ကုိယ္တုိင္က အေျခခံလူတန္းစားေတြနဲ႔နီးကပ္စြာရွိတယ္ေလ။ အဲဒီေတာ့ ဒီလုိဆန္ကုိတစ္ျပည္ ၆၀၀ က်ပ္နဲ႔အရႈံးခံၿပီး တနဂၤေႏြေန႔တုိင္းေရာင္းေပးတယ္။ ေနာက္ေဆးရုံမွာဘာမွပါမလာဘဲ ေဆးကုသေနရတဲ့လူေတြ၊ သူတုိ႔ကုိလည္းတစ္ဦးငါးေသာင္းေထာက္ပံ့တာ။ ဒီလထဲမွာပဲ အဲဒီလုိေထာက္ပံ့ဖုိ႔ရွိတယ္” ဟု ေကာက္ရုိးႏြယ္လူမႈအက်ိဳးျပဳအဖြဲ႔မွဥကၠ႒ ဦးေသာင္းစိန္က ေျပာသည္။

အဆိုပါအဖြဲ႕အေနျဖင့္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ ၂ ရပ္ကြက္၊ ညီညြတ္ေရးလမ္း၊ အမွတ္ ၁၁ တြင္ အပတ္စဥ္ တနဂၤေႏြေန႔တိုင္း ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၉ ရက္တြင္ အသင္းမွ ဆန္အိတ္ေပါင္း ၁၂၀ ၊ ဆီပိႆာ ၁၀၀၀ တို႔ကို  အရံႈးခံေရာင္းခ်သည့္ ေစ်းေရာင္းပြဲေတာ္က်င္းပခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့က လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်း၊ တစ်ပြည်လျှင် ၆၀၀ ကျပ်ဖြင့် ရောင်းချပေးနေ

ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့သည် လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်း၊ တစ်ပြည်လျှင် ၆၀၀ ကျပ်ဖြင့် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းရောင်းချပေးနေကြောင်း ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့မှဥက္ကဋ္ဌ ဦးသောင်းစိန်က ပြောသည်။

အကုန်သိသတင်းဌာနမှ စက်တင်ဘာလ ၁၁ ရက်၌ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။

“ ပြည်သူတွေစားဝတ်နေရေးခက်ခဲနေတာတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်နေတာတွေကိုသိတယ်။ ကျွန်တော်တို့အဖွဲ့ကိုယ်တိုင်က အခြေခံလူတန်းစားတွေနဲ့နီးကပ်စွာရှိတယ်လေ။ အဲဒီတော့ ဒီလိုဆန်ကိုတစ်ပြည် ၆၀၀ ကျပ်နဲ့အရှုံးခံပြီး တနင်္ဂနွေနေ့တိုင်းရောင်းပေးတယ်။ နောက်ဆေးရုံမှာဘာမှပါမလာဘဲ ဆေးကုသနေရတဲ့လူတွေ၊ သူတို့ကိုလည်းတစ်ဦးငါးသောင်းထောက်ပံ့တာ။ ဒီလထဲမှာပဲ အဲဒီလိုထောက်ပံ့ဖို့ရှိတယ်” ဟု ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့မှဥက္ကဋ္ဌ ဦးသောင်းစိန်က ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ညီညွတ်ရေးလမ်း၊ အမှတ် ၁၁ တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် အသင်းမှ ဆန်အိတ်ပေါင်း ၁၂၀ ၊ ဆီပိဿာ ၁၀၀၀ တို့ကို  အရှုံးခံရောင်းချသည့် ဈေးရောင်းပွဲတော်ကျင်းပခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။