Skip to main content
Ads Block








Unicode Version

ဗိုလ်ချု့ပ်မှူးကြီးမင်းအောင်လှိုင်က ဘာသာအားလုံးညီညွတ်စေရေးရည်ရွယ်ကာ ဘာသာရေးကျောင်းများထံ အလှူငွေနှင့်အခြားပစ္စည်းများ လှူဒါန်းခြင်းဖြစ်ဟု ဆို

ဘာသာအားလုံးစည်းလုံးညီညွှတ်ရန်ရည်ရွယ်ကာ ဗလီ၊ ခရစ်ယာန်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလှူငွေအပါအဝင်အခြားပစ္စည်းများလှူဒါန်းခြင်းဖြစ်ကြောင်း တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့(စက်တင်ဘာလ ၁၁ ရက်)က မန္တလေးမြို့ရှိချမ်းအေးသာဇံမြို့နယ်ရှိ ဂျွန်းဗလီနှင့် အခြေခံဘာသာရေးကျောင်း ၊ ခရစ်ယာန်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ခြင်းအပေါ် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

“ အဓိကကတော့ ဘာသာအားလုံးစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ ဘာသာအချင်းချင်း စည်းလုံးညီညွတ်ပြီးဆောင်ရွယ်မယ်ဆိုရင် နိုင်ငံတိုးတက်လာမယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်” ဟု သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့နံနက်ပိုင်းတွင် မစိုးရိမ်ကျောင်း၊ နေ့လယ်ပိုင်းတွင် ဂျွန်းဗလီ၊ ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ကျောင်းနှင့် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်တို့ကိုသွားရောက်ကာ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

ဂျွန်းဗလီနှင့် အခြေခံဘာသာရေးကျောင်းများသို့ ငွေကျပ် ၉၅ သိန်း၊ ဆန် ၁၄၀ အိတ်နှင့် ဆီ ၊ ပဲတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။