Skip to main content
Ads Block
Unicode Version
လူရွှင်တော်တွေထဲမှာအဆင်ပြေပြေနေနိုင်တဲ့သူတွေကလက်ချိုးရေလို့ရတယ်ဆိုတဲ့ လူရွှင်တော်ဦးမိုးဒီ
လူရွှင်တွေအနေနဲ့အသက်ရွယ်ကြီးရင့်လာတဲ့အခါမှာအဆင်ပြေပြေနေနိုင်ဖို့ခက်ခဲလွန်းတယ်လို့ဝါရင့် လူရွှင်တော်ဦးမိုးဒီက အကုန်သိသတင်းဌာနကိုရင်ဖွင့်ပြောပြလာပါတယ်။ပြောပြခဲ့ပါတယ်။
လူရွှင်တော်တစ်ယောက်အနေနဲ့ ငယ်ရွယ်တုန်းအချိန်တုန်းက တော့မခံချင်စိတ်ရှိနေပေမယ့်လည်း အသက်အရွယ်ရလာတဲ့အခါမှာတော့ တရားသဘောအနေနဲ့ ကြည့်မိတာနှင့်ပတ်သက်ပြီးအကုန်သိသတင်းဌာနကို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
“လူရွှင်တော်တွေထဲမှာ တတ်နိုင်တဲ့သူအဆင်ပြေတဲ့သူတွေဆိုတာလက်ချိုးရေလို့ရတယ်ကျန်တဲ့ သူတွေကအဆင်မပြေတဲ့သူတွေများတယ်။အနုပညာကြေးမညီမျှ ဘူးဆိုတာကတော့ ငယ်ငယ်တုန်းက တော့ မခံချင်စိတ်လေးတွေရှိတာပေါ့လေ။ အခုကျတော့ အသက်ရွယ်ရလာတဲ့အခါ ဒါကကိုယ့်ဘဝဒါနကုသိုလ်နဲ့ ပဲဆိုင်ပါတယ်။ ကိုယ်ကဒါနများခဲ့ရင်ခုဘဝမှာချမ်း ချမ်သာသာနေရမယ်။ ဒါနနည်းခဲ့ရင်ဆင်းရဲမယ် ဒါကအတိတ် ကံနဲ့ဆိုင်တာပေါ့နော်။သူများကိုအပျော်ပေးဆပ်တဲ့ လူရွှင်တော်တွေဟာသူများတွေကိုပျော်တော်ဆက်နိုင်ဖို့အတွက်ကိုယ်ကိုတိုင်ကလည်းပျော်နေဖို့လိုတယ်ဆိုပြီးတော့ ပျော်ပျော်ပါးပါးပျော်တော် ဆက်ရတဲ့သူတွေလည်းရှိတယ် ။ မင်းသားတွေလူရွှင်တော်ကရတယ်ဆိုတာကလည်းသူတို့က ငယ်ရွယ် တဲ့အခါကျတော့သောင်း ဂဏန်းပေးဝယ်ကြည့်ကြတာပေါ့။ တကယ့်လူရွှင်တော်တွေကျ တော့ ထိုက်ထိုက်တန်တန်ပိုက်ဆံတောင်းလို့လည်းမရဘူးအလကားပဲကြည့်တယ်။ ဝင်ကြေးတွေ ဆိုရင်သိပ်မရတော့ကြတော့ဘူး ။ “ လို့လူရွှင်တော် မိုးဒီ က ပြောပြခဲ့ပါတယ်။
မင်းသားတွေ လူရွှင်တော်အဖြစ်ကပြတဲ့အခါမှာပရိသတ်တွေကသဘောကျကြပြီးသောင်း ဂဏန်းပေးဝယ်ကြည့်ကြပေမယ့်တကယ့်လူရွှင်တော်တွေကတဲ့ အခါမှာ တော့ ပိုက်ဆံပေးမကြည့်ချင်ကြဘူးလို့လည်းဆက်လက်ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ လူရွှင်တော်ကြီးဦးမိုးဒီ က ကျန်းမာရေးကြောင့်ဆေးကုသမှုတွေခံယူပြီးအနားယူနေရပေမယ့် ကျန်းမာရေးကောင်းတာနဲ့ ဇာတ်ကားတွေပြန်လည်ရိုက်ကူးဖြစ်မယ်လို့လည်းသိရပါတယ်။
-ကေကေခင်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။