Skip to main content
တစ္ဦးတစ္ေယာက္၏လုပ္ေဆာင္ခ်က္အမွားေၾကာင့္ အဖြဲ႔အစည္းပံုရိပ္ထိခိုက္ေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေျပာ
Ads Block

တစ္ဦးတစ္ေယာက္၏လုပ္ေဆာင္ခ်က္အမွားေၾကာင့္ အဖြဲ႔အစည္းပံုရိပ္ထိခိုက္ေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေျပာ

တစ္ဦးတစ္ေယာက္၏လုပ္ေဆာင္ခ်က္အမွားေၾကာင့္ အဖြဲ႔အစည္းပံုရိပ္ထိခိုက္ေစႏိုင္သျဖင့္ စဥ္းစားဆံုးျဖတ္ၿပီး ေဆာင္ရြက္ၾကရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာသည္။

တစ္ဦးတစ္ေယာက္၏လုပ္ေဆာင္ခ်က္အမွားေၾကာင့္ အဖြဲ႔အစည္းပံုရိပ္ထိခိုက္ေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေျပာ

 အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မႏၱေလးတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား စက္တင္ဘာလ ၁၀ ရက္၊ နံနက္ပိုင္းက တိုင္းစစ္ဌာနခ်ဳပ္၊ ရန္ေအာင္ျမင္ခန္းမ၌ ေတြ႔ဆံုစဥ္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ မိသားစုတစ္စုမွာ ဦးစီးဦးေဆာင္ရတဲ့အိမ္ေထာင္ဦးစီးဟာအေရးႀကီးၿပီး မိသားစုအတြက္ ဂုဏ္ယူရတဲ့ အိမ္ေထာင္ဦးစီးျဖစ္သကဲ့သို႔ မိမိဦးေဆာင္ရတဲ့အဖြဲ႔အစည္းကိုလည္း ေကာင္းမြန္စြာေခါင္းေဆာင္ႏိုင္တဲ့ ေခါင္းေဆာင္ေတြျဖစ္ရန္ လိုပါတယ္။ မိမိတစ္ဦးတစ္ေယာက္ရဲ႕ဆံုးျဖတ္ခ်က္၊လုပ္ေဆာင္ခ်က္အမွားေတြေၾကာင့္ မိမိအဖြဲ႔အစည္းပံုရိပ္ထိခိုက္ေစတဲ့အျပင္ မိမိရဲ႕မိသားစုဘဝကိုထိခိုက္ေစၿပီး မိသားစုယိမ္းယိုင္ပ်က္ျပားမႈေတြ ျဖစ္ေစႏိုင္တာေၾကာင့္ မိမိရဲ႕လုပ္ေဆာင္ျပဳမူခ်က္ေတြကိုစဥ္းစားဆံုးျဖတ္ၿပီးမွသာ ေဆာင္ရြက္ရန္လိုပါတယ္” ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာသည္။

တပ္မေတာ္၌ ဒုတိယတပ္ၾကပ္မွစ၍ တပ္မေတာ္အႀကီးအကဲမ်ားအထိ ေခါင္းေဆာင္မ်ားပင္ျဖစ္သည့္အတြက္ ေခါင္းေဆာင္မႈအရည္အခ်င္းမ်ား၊ ေခါင္းေဆာင္မႈ အဂၤါရပ္မ်ားႏွင့္ ျပည့္စံုေနရန္ မိမိကိုယ္ကို အၿမဲေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း ၄င္းက ဆက္လက္ေျပာသည္။

 

ဓာတ္ပုံ- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

တစ်ဦးတစ်ယောက်၏လုပ်ဆောင်ချက်အမှားကြောင့် အဖွဲ့အစည်းပုံရိပ်ထိခိုက်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

တစ်ဦးတစ်ယောက်၏လုပ်ဆောင်ချက်အမှားကြောင့် အဖွဲ့အစည်းပုံရိပ်ထိခိုက်စေနိုင်သဖြင့် စဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ မိသားစုတစ်စုမှာ ဦးစီးဦးဆောင်ရတဲ့အိမ်ထောင်ဦးစီးဟာအရေးကြီးပြီး မိသားစုအတွက် ဂုဏ်ယူရတဲ့ အိမ်ထောင်ဦးစီးဖြစ်သကဲ့သို့ မိမိဦးဆောင်ရတဲ့အဖွဲ့အစည်းကိုလည်း ကောင်းမွန်စွာခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်တွေဖြစ်ရန် လိုပါတယ်။ မိမိတစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်၊လုပ်ဆောင်ချက်အမှားတွေကြောင့် မိမိအဖွဲ့အစည်းပုံရိပ်ထိခိုက်စေတဲ့အပြင် မိမိရဲ့မိသားစုဘဝကိုထိခိုက်စေပြီး မိသားစုယိမ်းယိုင်ပျက်ပြားမှုတွေ ဖြစ်စေနိုင်တာကြောင့် မိမိရဲ့လုပ်ဆောင်ပြုမူချက်တွေကိုစဉ်းစားဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်ရန်လိုပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တပ်မတော်၌ ဒုတိယတပ်ကြပ်မှစ၍ တပ်မတော်အကြီးအကဲများအထိ ခေါင်းဆောင်များပင်ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအရည်အချင်းများ၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပြည့်စုံနေရန် မိမိကိုယ်ကို အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။