Skip to main content
ဒဂံုဆိပ္ကမ္းစက္မႈဇုန္(၁) မီးေလာင္ရသည့္အေၾကာင္းအရင္းကို စစ္ေဆးေနဆဲဟုဆို
Ads Block

ဒဂံုဆိပ္ကမ္းစက္မႈဇုန္(၁) မီးေလာင္ရသည့္အေၾကာင္းအရင္းကို စစ္ေဆးေနဆဲဟုဆို

ဒဂံုဆိပ္ကမ္းစက္မႈဇုန္(၁) မီးေလာင္ရသည့္အေၾကာင္းအရင္းကို စစ္ေဆးေနဆဲျဖစ္ၿပီး အမႈမဖြင့္လွစ္ရေသးေၾကာင္း ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဒဂံုဆိပ္ကမ္းစက္မႈဇုန္(၁) မီးေလာင္ရသည့္အေၾကာင္းအရင္းကို စစ္ေဆးေနဆဲဟုဆို

 

ဒဂံုဆိပ္ကမ္းစက္မႈဇုန္(၁)သည္ စက္တင္ဘာလ (၁၀)ရက္၊ ညပိုင္းတြင္ မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ၿပီး ယင္းအေျခအေနႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ယေန႔(စက္တင္ဘာလ ၁၁ ရက္) ၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။

“မီးေလာင္ရတဲ့အေၾကာင္းအရင္း၊ ဆံုးရႈံးမႈတန္ဖိုးကိုစစ္ေဆးေနဆဲပဲရွိပါေသးတယ္။ လက္ရွိေတာ့ အမႈဖြင့္တာေတြ၊ ဘာေတြမလုပ္ရေသးပါဘူး။ အကုန္လံုးလုပ္ၿပီးၿပီဆိုရင္ သတင္းထုတ္ျပန္ေပးပါ့မယ္။”ဟု ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိ္သတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ (၁၀)ရက္၊ ည ၇ နာရီတြင္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ စက္မႈဇုန္(၁)၊ ပိုင္ရွင္ ဦးတင္ေအးပိုင္ဆိုင္သည့္ ဖေယာင္းတိုင္သိုေလွာင္ရုံမီးစတင္ေလာင္ကၽြမ္းခဲဲ့ၿပီး ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕မွ LeveL-4 အထိသတ္မွတ္ကာၿငိွမ္းသတ္ခဲ့ရေၾကာင္းသိရသည္။

“လက္ရွိေတာ့သူတို႔အေနနဲ႔ စစ္ေဆးဆဲလိ္ု႔သိရပါတယ္။ ကၽြန္ေတာ္ကေတာ့ ေသခ်ာမသိပါဘူး။ ျဖစ္တဲ့အခ်ိန္မွာလည္း မီးသတ္ရဲေဘာ္ေတြႀကိဳးစားၿပီး ၿငိွမ္းသတ္ခဲ့တာကိုေတြ႕ရပါတယ္။”ဟု ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၂) ဦးဇင္မင္းေထြးကေျပာသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ အရပ္သား(၅)ဦးအပါအ၀င္ သေႏၶမီးသတ္တပ္ဖြဲ႕ (၁၀) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕(၂)ဦးတို႔ဒဏ္ရာရရွိခဲ့ၿပီးလက္ရွိ၌ သဃၤန္းကၽြန္းစံျပေဆးရုံႏွင့္ ဒဂံုဆိပ္ကမ္းေဆးရုံတို႔တြင္ ေဆးကုသမႈခံယူေနကာ မစိုးရိမ္ရေၾကာင္း ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕မွသတင္းထုတ္ျပန္ထားသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁) မီးလောင်ရသည့်အကြောင်းအရင်းကို စစ်ဆေးနေဆဲဟုဆို

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁) မီးလောင်ရသည့်အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး အမှုမဖွင့်လှစ်ရသေးကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ သိရသည်။

ဒဂုံဆိပ်ကမ်းစက်မှုဇုန်(၁)သည် စက်တင်ဘာလ (၁၀)ရက်၊ ညပိုင်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ယနေ့(စက်တင်ဘာလ ၁၁ ရက်) ၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။

“မီးလောင်ရတဲ့အကြောင်းအရင်း၊ ဆုံးရှုံးမှုတန်ဖိုးကိုစစ်ဆေးနေဆဲပဲရှိပါသေးတယ်။ လက်ရှိတော့ အမှုဖွင့်တာတွေ၊ ဘာတွေမလုပ်ရသေးပါဘူး။ အကုန်လုံးလုပ်ပြီးပြီဆိုရင် သတင်းထုတ်ပြန်ပေးပါ့မယ်။”ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၀)ရက်၊ ည ၇ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ ပိုင်ရှင် ဦးတင်အေးပိုင်ဆိုင်သည့် ဖယောင်းတိုင်သိုလှောင်ရုံမီးစတင်လောင်ကျွမ်းခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ LeveL-4 အထိသတ်မှတ်ကာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

“လက်ရှိတော့သူတို့အနေနဲ့ စစ်ဆေးဆဲလို့သိရပါတယ်။ ကျွန်တော်ကတော့ သေချာမသိပါဘူး။ ဖြစ်တဲ့အချိန်မှာလည်း မီးသတ်ရဲဘော်တွေကြိုးစားပြီး ငြှိမ်းသတ်ခဲ့တာကိုတွေ့ရပါတယ်။”ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးဇင်မင်းထွေးကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် အရပ်သား(၅)ဦးအပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ (၁၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၂)ဦးတို့ဒဏ်ရာရရှိခဲ့ပြီးလက်ရှိ၌ သင်္ဃန်းကျွန်းစံပြဆေးရုံနှင့် ဒဂုံဆိပ်ကမ်းဆေးရုံတို့တွင် ဆေးကုသမှုခံယူနေကာ မစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။