Skip to main content
စကၠန္႕ ၄၀ မွာ လူတစ္ေယာက္ႏႈန္း ကုိယ့္ကုိယ္ကုိသတ္ေသေနဟု WHO ေျပာ
Ads Block

စကၠန္႕ ၄၀ မွာ လူတစ္ေယာက္ႏႈန္း ကုိယ့္ကုိယ္ကုိသတ္ေသေနဟု WHO ေျပာ

 ကမၻာေပၚတြင္ စကၠန္႕ ၄၀ တိုင္းမွာ လူတစ္ေယာက္ႏႈန္း သတ္ေသမႈျဖစ္ေနၿပီး စစ္ပြဲမ်ားေၾကာင့္ ႏွစ္စဥ္ ေသဆုံးရသူထက္ ပိုမ်ားေနေၾကာင္း ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO က ထုတ္ျပန္ခဲ့သည္။

စကၠန္႕ ၄၀ မွာ လူတစ္ေယာက္ႏႈန္း ကုိယ့္ကုိယ္ကုိသတ္ေသေနဟု WHO ေျပာ

          ႀကိဳးဆြဲခ်ျခင္း၊အဆိပ္ေသာက္ျခင္း နွင့္ ေသနတ္ျဖင့္ပစ္ျခင္း စသည့္နည္းလမ္းမ်ားျဖင့္ ကိုယ့္ကိုယ္ကိုသတ္ေသေနၾကၿပီး  ယင္းကဲ့သုိ ့ မိမိကုိယ္ကုိ အဆုံးစီရင္ျခင္းမ်ား ေလ်ာ့က်ေစရန္အတြက္ စိတ္ဖိစီးမႈမ်ားရွိေနသည့္ လူထု ၀န္ကုိ ကူညီထမ္းေပးေရး အစီအစဥ္မ်ားျဖင့္ အစိုးရမ်ားက ဟန္႕တားကာကြယ္ၾကရန္ WHO က တိုက္တြန္းခဲ႔သည္။

အသက္ ၁၅ ႏွစ္မွ ၂၉ ႏွစ္အတြင္းရွိ လူငယ္မ်ားေသဆံုးမႈမ်ားတြင္ ယာဥ္မေတာ္တဆေၾကာင့္ ေသဆုံးမႈၿပီးလွ်င္ ကိုယ့္ကိုယ္ကိုယ္သတ္ျခင္းက ဒုတိယအမ်ားဆံုးျဖစ္ေနသည္။အသက္ ၁၅ ႏွစ္မွ ၁၉ နွစ္အရြယ္ ဆယ္ေက်ာ္သက္မိန္းကေလးအမ်ားစုသည္ မ်ိဳးရိုးလိုက္သည့္ ေရာဂါမ်ားျဖင့္ ေသဆုံးမႈၿပီးလွ်င္ ကုိယ့္ကုိယ္ကုိ သတ္ေသမႈက ဒုတိယအမ်ားဆုံးျဖစ္ခဲ့သည္။ ဆယ္ေက်ာ္သက္ေယာက်္ားေလးမ်ားတြင္ေတာ့ စိတ္ခံစားခ်က္ထိခိုက္ျခင္းႏွင့္အၾကမ္းဖက္မႈတို႕ေၾကာင့္ သတ္ေသျခင္းသည္ တတိယေနရာတြင္ရွိသည္။

ျခံဳေျပာရလွ်င္ ႏွစ္စဥ္ လူ ၈၀၀,၀၀၀ နီးပါးသည္ ကိုယ့္ကိုယ္ကိုယ္သတ္ေသေနၾကျပီး ငွက္ဖ်ားေရာဂါ ရင္သားကင္ဆာ၊စစ္ပြဲ၊လူသတ္ခံရျခင္း တို႔ထက္ပိုမို ေသဆံုးေနၾကျခင္း ျဖစ္သည္။

‘ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈေတြ မျဖစ္ေအာင္ ကာကြယ္နိုင္ပါတယ္’’’ကၽြန္ေတာ္တို႔ရဲ႕ အမ်ိဳးသားက်န္းမာေရးနဲ႔ ပညာေရးအစီအစဥ္ေတြမွာ ကိုယ့္ကိုယ္ကိုယ္သတ္ေသျခင္းအား ကာကြယ္မယ့္ မဟာဗ်ဴဟာေတြ ထည့္သြင္းေရးဆြဲဖုိ ့ နိုင္ငံအားလံုးကို ဖိတ္ေခၚပါတယ္’’ဟု WHO က ေျပာခဲ့သည္။

ေဆးဘက္ဆိုင္ရာအကူအညီမရွိေသာ ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားတြင္ အဆိပ္ျပင္း ပိုးသတ္ေဆးကို သံုးကာ သတ္ေသေလ့ရွိၾကသည္။ ေတာင္ကိုရီးယားႏုိင္ငံတြင္ ၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၂ ခုႏွစ္တုိ ့တြင္ ေပါင္းသတ္ေဆးတစ္မ်ဳိး ေရာင္းခ်ခြင့္ ပိတ္ပင္ခံလိုက္ျခင္းေၾကာင့္ ၂၀၁၁ မွ ၂၀၁၃ အၾကား ပိုးသတ္ေဆးျဖင့္ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈ တစ္ဝက္က်သြားေစခဲ့သည္။

ဘဂၤလားေဒ့ရွ္၊တရုတ္၊လီဆိုသို၊ေမာ္ရိုကို နွင့္ ျမန္မာ စသည့္နိုင္ငံမ်ားတြင္ အမ်ိဴးသားမ်ားထက္ အမ်ိဴးသမီးမ်ားက သတ္ေသနႈန္းပိုမ်ားေလသည္။

WHO သည္ စက္တင္ဘာ ၁၀ ရက္ေန႕တြင္  က်ေရာက္ေသာ World Suicide Prevention Day အတြက္ တစ္လတာလႈပ္ရႈားမႈ ျပဳလုပ္ခဲ့သည္။

CNA

ခင္ေမဖူး(အကုန္သိ သတင္းဌာန)

Unicode Version

စက္ကန့် ၄၀ မှာ လူတစ်ယောက်နှုန်း ကိုယ့်ကိုယ်ကိုသတ်သေနေဟု WHO ပြော

ကမ္ဘာပေါ်တွင် စက္ကန့် ၄၀ တိုင်းမှာ လူတစ်ယောက်နှုန်း သတ်သေမှုဖြစ်နေပြီး စစ်ပွဲများကြောင့် နှစ်စဉ် သေဆုံးရသူထက် ပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ခဲ့သည်။

          ကြိုးဆွဲချခြင်း၊အဆိပ်သောက်ခြင်း နှင့် သေနတ်ဖြင့်ပစ်ခြင်း စသည့်နည်းလမ်းများဖြင့် ကိုယ့်ကိုယ်ကိုသတ်သေနေကြပြီး  ယင်းကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းများ လျော့ကျစေရန်အတွက် စိတ်ဖိစီးမှုများရှိနေသည့် လူထု ဝန်ကို ကူညီထမ်းပေးရေး အစီအစဉ်များဖြင့် အစိုးရများက ဟန့်တားကာကွယ်ကြရန် WHO က တိုက်တွန်းခဲ့သည်။

အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ်များသေဆုံးမှုများတွင် ယာဉ်မတော်တဆကြောင့် သေဆုံးမှုပြီးလျှင် ကိုယ့်ကိုယ်ကိုယ်သတ်ခြင်းက ဒုတိယအများဆုံးဖြစ်နေသည်။အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးအများစုသည် မျိုးရိုးလိုက်သည့် ရောဂါများဖြင့် သေဆုံးမှုပြီးလျှင် ကိုယ့်ကိုယ်ကို သတ်သေမှုက ဒုတိယအများဆုံးဖြစ်ခဲ့သည်။ ဆယ်ကျော်သက်ယောကျ်ားလေးများတွင်တော့ စိတ်ခံစားချက်ထိခိုက်ခြင်းနှင့်အကြမ်းဖက်မှုတို့ကြောင့် သတ်သေခြင်းသည် တတိယနေရာတွင်ရှိသည်။

ခြုံပြောရလျှင် နှစ်စဉ် လူ ၈၀၀,၀၀၀ နီးပါးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေနေကြပြီး ငှက်ဖျားရောဂါ ရင်သားကင်ဆာ၊စစ်ပွဲ၊လူသတ်ခံရခြင်း တို့ထက်ပိုမို သေဆုံးနေကြခြင်း ဖြစ်သည်။

‘ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်’’’ကျွန်တော်တို့ရဲ့ အမျိုးသားကျန်းမာရေးနဲ့ ပညာရေးအစီအစဉ်တွေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းအား ကာကွယ်မယ့် မဟာဗျူဟာတွေ ထည့်သွင်းရေးဆွဲဖို့ နိုင်ငံအားလုံးကို ဖိတ်ခေါ်ပါတယ်’’ဟု WHO က ပြောခဲ့သည်။

ဆေးဘက်ဆိုင်ရာအကူအညီမရှိသော ဝေးလံခေါင်ဖျားသည့် ဒေသများတွင် အဆိပ်ပြင်း ပိုးသတ်ဆေးကို သုံးကာ သတ်သေလေ့ရှိကြသည်။ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ပေါင်းသတ်ဆေးတစ်မျိုး ရောင်းချခွင့် ပိတ်ပင်ခံလိုက်ခြင်းကြောင့် ၂၀၁၁ မှ ၂၀၁၃ အကြား ပိုးသတ်ဆေးဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု တစ်ဝက်ကျသွားစေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊တရုတ်၊လီဆိုသို၊မော်ရိုကို နှင့် မြန်မာ စသည့်နိုင်ငံများတွင် အမျိူးသားများထက် အမျိူးသမီးများက သတ်သေနှုန်းပိုများလေသည်။

WHO သည် စက်တင်ဘာ ၁၀ ရက်နေ့တွင်  ကျရောက်သော World Suicide Prevention Day အတွက် တစ်လတာလှုပ်ရှုားမှု ပြုလုပ်ခဲ့သည်။ 

CNA

ခင်မေဖူး(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။