Skip to main content
ေရြးေကာက္ပြဲအႏုိင္ရပါက အေနာက္ဘက္ကမ္းေဒသ ေဂ်ာ္ဒန္ေတာင္ၾကားကုိ သိမ္းပုိက္မည္ဟု ေနတန္ယာဟု ေၾကညာ
Ads Block

ေရြးေကာက္ပြဲအႏုိင္ရပါက အေနာက္ဘက္ကမ္းေဒသ ေဂ်ာ္ဒန္ေတာင္ၾကားကုိ သိမ္းပုိက္မည္ဟု ေနတန္ယာဟု ေၾကညာ

                သီတင္း တစ္ပတ္ေလာက္သာလုိေတာ့တဲ့ လာမယ့္ ေရြးေကာက္ပြဲမွာ သူသာအႏုိင္ရခဲ့ရင္ သိမ္းပုိက္ခံ အေနာက္ကမ္းေဒသ ၀က္စ္ဘန္႕ရဲ႕ ေဂ်ာ္ဒန္ေတာင္ၾကားနယ္ေျမကုိ အစၥေရးပုိင္နက္အတြင္း သိမ္းယူသြားမွာျဖစ္ေၾကာင္း အစၥေရး၀န္ႀကီးခ်ဳပ္ ေနတန္ယာဟုက အဂၤါေန႕မွာ ထုတ္ေဖာ္ေၾကညာ လုိက္ပါတယ္။

ေရြးေကာက္ပြဲအႏုိင္ရပါက အေနာက္ဘက္ကမ္းေဒသ ေဂ်ာ္ဒန္ေတာင္ၾကားကုိ သိမ္းပုိက္မည္ဟု ေနတန္ယာဟု ေၾကညာ

          အဆုိပါ ရည္မွန္းခ်က္အတုိင္းသာ ဆက္လုပ္လာမယ္ဆုိရင္ အစၥေရးနဲ႕ ေရးထုိးထားတဲ့ သေဘာ တူညီခ်က္အားလုံးနဲ႕ ကကိက၀တ္ျပဳထားမႈေတြ အဆုံးသတ္ၿပီဆုိတဲ့ ရလဒ္ထြက္ေပၚလာမွာျဖစ္ေၾကာင္း ပါလက္စတုိင္း သမၼတ မာမြတ္အဘတ္စ္ က ထုတ္ျပန္ေျပာဆုိခဲ့ပါတယ္။

         အစၥေရးဟာ ၁၉၆၇ ခုႏွစ္က ပါလက္စတုိင္းတုိ ့နဲ႕ ျဖစ္ပြားခဲ့တဲ့ အေရွ႕အလယ္ပုိင္းစစ္ပြဲမွာ အေနာက္ဘက္ကမ္းေဒသကုိ သိမ္းပုိက္သြားႏုိင္ခဲ့ပါတယ္။ အနာဂတ္ ပါလက္စတုိင္းႏုိင္ငံ ထူေထာင္ေရး နယ္ေျမသတ္မွတ္ႏုိင္ဖို ့နဲ႕ လုံၿခဳံေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအပါအ၀င္ ၁၉၉၀ ခုႏွစ္မွာ ပါလက္စတုိင္းဟာ အစၥေရးနဲ႕ ၾကားျဖတ္ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ လက္မွတ္ေရးထုိးခဲ့ပါတယ္။

               အစၥေရးႏုိင္ငံေရး ေလ့လာသုံးသပ္သူေတြကေတာ့ အစၥေရး ရုပ္သံလုိင္းေတြက တဆင့္ ေနတန္ယာဟု က အခုလုိ ေၾကညာလုိက္တာဟာ အေနာက္ဘက္ကမ္းေဒသမွာ ဂ်ဴး လူေနအိမ္ရာ တုိးခ်ဲ႕မႈေတြကုိ ကာလၾကာရွည္ေထာက္ခံခ်က္ေပးလာတဲ့ လက္ယာစြန္းၿပိဳင္ဘက္ေတြထံ မဲဆြယ္ခ်က္ ျဖစ္တယ္လုိ ့ ရႈျမင္ၾကပါတယ္။

                အစုိးရသစ္ ဖြဲ႕စည္းအၿပီးမွာ ေဂ်ာ္ဒန္ေတာင္ၾကားနဲ႕ ပင္လယ္နက္ေျမာက္ပုိင္းကုိ အစၥေရး အခ်ဳပ္အခ်ာမွာ ထည့္သြင္းမယ္ဆုိတဲ့ မိမိရဲ႕ ရည္ရြယ္ခ်က္ကုိ ဒီေန ့ ေၾကညာလုိက္ပါေၾကာင္း အစၥေရး ရုပ္သံလုိင္းေတြကေန တုိက္ရုိက္မိန္႕ခြန္းေျပာဆုိရာမွာ ေနတန္ယာဟုက ေျပာခဲ့ၿပီး ယင္း ဧရိယာကုိ အစၥေရးရဲ႕ အေရွ႕ပုိင္းနယ္စပ္လုိ ့ေခၚဆုိမွာျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေရြးေကာက္ပြဲႏုိင္ၿပီး အစၥေရး ႏုိင္ငံသားေတြထံက ဒီလုိလုပ္ဖုိ ့ အခြင့္အာဏာရခဲ့ၿပီဆုိရင္ ဒါကုိ ခ်က္ခ်င္းေဆာင္ရြက္သြားႏုိင္ေၾကာင္းလည္း ၄င္းက ဆုိခဲ့ပါတယ္။

              အာရပ္အဖြဲ႕ခ်ဳပ္ ႏုိင္ငံျခားေရး ၀န္ႀကီးေတြကေတာ့ ေနတန္ယာဟု ရဲ႕ အစီအစဥ္ကုိ ရႈတ္ခ်ခဲ့ၾကၿပီး ဒါဟာ အစၥေရး - ပါလက္စတုိင္း ၿငိမ္းခ်မ္းေရး ေရွ႕ဆက္သြားမယ့္ အခြင့္အလမ္းဟူသမွ်ကုိ ဖ်က္ဆီးလုိက္သလုိ ျဖစ္မွာျဖစ္ေၾကာင္း ေ၀ဖန္ၾကပါတယ္။

            အစၥေရး လူ႕အခြင့္အေရးအုပ္စု B’Tselem ရဲ႕ အဆုိအရ ေဂ်ာ္ဒန္ေတာင္ၾကားနဲ႕ ပင္လယ္နက္ ေျမာက္ပုိင္းမွာ ပါလက္စတုိင္း ၆၅၀၀၀ ၀န္းက်င္နဲ႕ အစၥေရး ၁၁၀၀၀ ခန္ ့ အေျခခ်ေနထုိင္ေၾကာင္း သိရပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

ရွေးကောက်ပွဲအနိုင်ရပါက အနောက်ဘက်ကမ်းဒေသ ဂျော်ဒန်တောင်ကြားကို သိမ်းပိုက်မည်ဟု နေတန်ယာဟု ကြေညာ

                သီတင်း တစ်ပတ်လောက်သာလိုတော့တဲ့ လာမယ့် ရွေးကောက်ပွဲမှာ သူသာအနိုင်ရခဲ့ရင် သိမ်းပိုက်ခံ အနောက်ကမ်းဒေသ ဝက်စ်ဘန့်ရဲ့ ဂျော်ဒန်တောင်ကြားနယ်မြေကို အစ္စရေးပိုင်နက်အတွင်း သိမ်းယူသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့မှာ ထုတ်ဖော်ကြေညာ လိုက်ပါတယ်။

            အဆိုပါ ရည်မှန်းချက်အတိုင်းသာ ဆက်လုပ်လာမယ်ဆိုရင် အစ္စရေးနဲ့ ရေးထိုးထားတဲ့ သဘော တူညီချက်အားလုံးနဲ့ ကကိကဝတ်ပြုထားမှုတွေ အဆုံးသတ်ပြီဆိုတဲ့ ရလဒ်ထွက်ပေါ်လာမှာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ် က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

         အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ပါလက်စတိုင်းတို့နဲ့ ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ အနာဂတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး နယ်မြေသတ်မှတ်နိုင်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ၁၉၉၀ ခုနှစ်မှာ ပါလက်စတိုင်းဟာ အစ္စရေးနဲ့ ကြားဖြတ်ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

               အစ္စရေးနိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အစ္စရေး ရုပ်သံလိုင်းတွေက တဆင့် နေတန်ယာဟု က အခုလို ကြေညာလိုက်တာဟာ အနောက်ဘက်ကမ်းဒေသမှာ ဂျူး လူနေအိမ်ရာ တိုးချဲ့မှုတွေကို ကာလကြာရှည်ထောက်ခံချက်ပေးလာတဲ့ လက်ယာစွန်းပြိုင်ဘက်တွေထံ မဲဆွယ်ချက် ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

                အစိုးရသစ် ဖွဲ့စည်းအပြီးမှာ ဂျော်ဒန်တောင်ကြားနဲ့ ပင်လယ်နက်မြောက်ပိုင်းကို အစ္စရေး အချုပ်အချာမှာ ထည့်သွင်းမယ်ဆိုတဲ့ မိမိရဲ့ ရည်ရွယ်ချက်ကို ဒီနေ့ ကြေညာလိုက်ပါကြောင်း အစ္စရေး ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်မိန့်ခွန်းပြောဆိုရာမှာ နေတန်ယာဟုက ပြောခဲ့ပြီး ယင်း ဧရိယာကို အစ္စရေးရဲ့ အရှေ့ပိုင်းနယ်စပ်လို့ခေါ်ဆိုမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲနိုင်ပြီး အစ္စရေး နိုင်ငံသားတွေထံက ဒီလိုလုပ်ဖို့ အခွင့်အာဏာရခဲ့ပြီဆိုရင် ဒါကို ချက်ချင်းဆောင်ရွက်သွားနိုင်ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။

              အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ နေတန်ယာဟု ရဲ့ အစီအစဉ်ကို ရှုတ်ချခဲ့ကြပြီး ဒါဟာ အစ္စရေး - ပါလက်စတိုင်း ငြိမ်းချမ်းရေး ရှေ့ဆက်သွားမယ့် အခွင့်အလမ်းဟူသမျှကို ဖျက်ဆီးလိုက်သလို ဖြစ်မှာဖြစ်ကြောင်း ဝေဖန်ကြပါတယ်။

            အစ္စရေး လူ့အခွင့်အရေးအုပ်စု B’Tselem ရဲ့ အဆိုအရ ဂျော်ဒန်တောင်ကြားနဲ့ ပင်လယ်နက် မြောက်ပိုင်းမှာ ပါလက်စတိုင်း ၆၅၀၀၀ ဝန်းကျင်နဲ့ အစ္စရေး ၁၁၀၀၀ ခန့် အခြေချနေထိုင်ကြောင်း သိရပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။