Skip to main content
အျခားႏုိင္ငံေရးပါတီမ်ားကိုအသာစီးရေစရန္ ပါတီတည္ေထာင္ျခင္းမဟုတ္ေၾကာင္း သူရဦးေရႊမန္း ေျပာၾကား
Ads Block

အျခားႏုိင္ငံေရးပါတီမ်ားကိုအသာစီးရေစရန္ ပါတီတည္ေထာင္ျခင္းမဟုတ္ေၾကာင္း သူရဦးေရႊမန္း ေျပာၾကား

အျခားႏိုင္ငံေရးပါတီမ်ားကိုအသာစီးရေစရန္ ပါတီတည္ေထာင္ျခင္းမဟုတ္ဘဲ ျပည္သူမ်ားအတြက္ ေကာင္းက်ိဳးျပဳရန္ရည္ရြယ္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာသည္။

အျခားႏုိင္ငံေရးပါတီမ်ားကိုအသာစီးရေစရန္ ပါတီတည္ေထာင္ျခင္းမဟုတ္ေၾကာင္း သူရဦးေရႊမန္း ေျပာၾကား

ဧရာ၀တီတုိင္းေဒသႀကီးအတြင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၀င္ႏွင့္ေဒသခံမ်ားအားေတြ႔ဆုံရာတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီတည္ေထာင္ျခင္းသည္ ျပည္သူႏွင့္ႏိုင္ငံအတြက္ ေကာင္းက်ိဳးျပဳရန္၊ ယခုထက္ သာလြန္ေကာင္းမြန္ေအာင္ေဆာင္ရြက္ရန္ရည္ရြယ္ေဆာင္ရြက္ျခင္းျဖစ္ၿပီး အျခားေသာ ႏိုင္ငံေရးပါတီမ်ားကိုအသာစီးရ႐ွိေအာင္ ရည္ရြယ္ေဆာင္ရြက္ေနျခင္းမဟုတ္ပါဘူး။ ျပည္သူမ်ား၏ စားဝတ္ေနေရး၊ လူမႈေရး၊ ႏိုင္ငံ၏တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ စီးပြားေရးစသည္တို႔ တိုးတက္ေကာင္းမြန္ေရးကိုရည္မွန္းခ်က္ပန္းတိုင္အျဖစ္ ထား႐ွိေလွ်ာက္လွမ္းေနျခင္းျဖစ္ပါတယ္။ ျပည္သူႏွင့္ႏိုင္ငံအတြက္ တိုးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္ရန္ ႀကိဳးပမ္းၿပီး ျပည္သူမ်ား၏ ပူးေပါင္းပါဝင္မႈႏွင့္တာဝန္ေပးအပ္မႈကို ရယူေဆာင္ရြက္မွာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီေခါင္းေဆာင္ သူရဦးေရႊမန္းက ေျပာသည္။

သူရဦးေရႊမန္းသည္ ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံၿဖဳိးေရးေကာင္စီလက္ထက္တြင္ ဗုိလ္ခ်ဳပ္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္တြင္ လႊတ္ေတာ္ဥကၠ႒အျဖစ္လည္းေကာင္း၊ ၂၀၁၆ ခုႏွစ္တြင္ ဥပေဒႏွင့္အေရးႀကီးကိစၥရပ္မ်ားေလ့လာဆန္းစစ္ေရးေကာ္မတီဥကၠ႒အျဖစ္လည္းေကာင္း တာ၀န္မ်ား ထမ္းေဆာင္ခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

အခြားနိုင်ငံရေးပါတီများကိုအသာစီးရစေရန် ပါတီတည်ထောင်ခြင်းမဟုတ်ကြောင်း သူရဦးရွှေမန်း ပြောကြား

အခြားနိုင်ငံရေးပါတီများကိုအသာစီးရစေရန် ပါတီတည်ထောင်ခြင်းမဟုတ်ဘဲ ပြည်သူများအတွက် ကောင်းကျိုးပြုရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်နှင့်ဒေသခံများအားတွေ့ဆုံရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတည်ထောင်ခြင်းသည် ပြည်သူနှင့်နိုင်ငံအတွက် ကောင်းကျိုးပြုရန်၊ ယခုထက် သာလွန်ကောင်းမွန်အောင်ဆောင်ရွက်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နိုင်ငံရေးပါတီများကိုအသာစီးရရှိအောင် ရည်ရွယ်ဆောင်ရွက်နေခြင်းမဟုတ်ပါဘူး။ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးစသည်တို့ တိုးတက်ကောင်းမွန်ရေးကိုရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိလျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ ပြည်သူနှင့်နိုင်ငံအတွက် တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန် ကြိုးပမ်းပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်တာဝန်ပေးအပ်မှုကို ရယူဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ဥပဒေနှင့်အရေးကြီးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။