Skip to main content
ျပည္တြင္းေသာင္းက်န္းသူမ်ားကိုေခ်မႈန္းရန္ ျပည္သူ႔စစ္ဖြဲ႔စည္းထားျခင္းျဖစ္ေၾကာင္း ကာကြယ္ေရးဒုတိယဝန္ႀကီး ေျပာ
Ads Block

ျပည္တြင္းေသာင္းက်န္းသူမ်ားကိုေခ်မႈန္းရန္ ျပည္သူ႔စစ္ဖြဲ႔စည္းထားျခင္းျဖစ္ေၾကာင္း ကာကြယ္ေရးဒုတိယဝန္ႀကီး ေျပာ

တုိင္းစစ္ဌာနခ်ဳပ္ေနေျမအသီးသီးတြင္ ျပည္သူ႔စစ္ဌာေနအဖြဲ႕မ်ားကိုဖြဲ႔စည္းထားျခင္းမွာ ျပည္တြင္းေသာင္းက်န္းသူေခ်မႈန္းရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဗုိလ္ခ်ဳပ္ျမင့္ႏြယ္က ေျပာသည္။

စက္တင္ဘာလ ၁၁ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ၁၉ ရက္ေျမာက္ေန႔တြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ တုိင္းစစ္ဌာနခ်ဳပ္ေနေျမအသီးသီးတြင္ ျပည္သူ႔စစ္ဌာနေနအဖြဲ႔မ်ားဖြဲ႔စည္းထားရျခင္းမွာ ျပည္တြင္းလက္နက္ကိုင္ေသာင္းက်န္းမႈအႏၱရာယ္ကိုေခ်မႈန္းႏုိင္ေရးအတြက္ ေရတုိရည္မွန္းခ်က္အရ ဖြဲ႔စည္းထားျခင္းျဖစ္ၿပီး ေရရွည္တြင္ ျပည္သူတစ္ရပ္လံုးကအမိႏုိင္ငံေတာ္အားကာကြယ္ေစာင့္ေရွာက္တဲ့ ျပည္သူ႔စစ္မဟာဗ်ဴဟာရဲ႕အစိတ္အပိုင္းအျဖစ္ ပါဝင္ႏုိင္ၿပီး ျပည္သူ႔စစ္ဌာေနအဖြဲ႔မ်ားဖြဲ႔စည္းထားရွိျခင္း ျဖစ္ပါတယ္။” ဟု ကာကြယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဗုိလ္ခ်ဳပ္ျမင့္ႏြယ္က ေျပာသည္။

ထို႔အျပင္ ဖြဲ႔စည္းထားေသာျပည္သူ႔စစ္ဌာေနအဖြဲ႔မ်ားကို သက္ဆုိင္ရာတပ္ရင္းဌာနခ်ဳပ္မ်ားက ႀကီးၾကပ္ကြပ္ကဲေၾကာင္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။

ေပါင္ၿမိဳ႕နယ္မဲဆႏၵနယ္မွ ေဒၚမိကြန္ခ်မ္း၏ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အတြင္းရွိေက်းရြာမ်ားတြင္ ျပည္သူ႔စစ္မ်ားကိုမည္သည့္အတြက္ေၾကာင့္ထားရွိၿပီး ျပည္သူ႔စစ္မ်ား၏ လုပ္ေဆာင္ခ်က္ႏွင့္ ျပည္သူ႔စစ္အဖြဲ႔မ်ားကိုမည္သည့္ဌာနအဖြဲ႔အစည္းကတာဝန္ခံမည္ကိုသိရွိလုိျခင္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူ႔စစ္မ်ားအေနျဖင့္ ျပစ္မႈတစ္စံုတစ္ရာက်ဴးလြန္ပါကတပ္မေတာ္သားမဟုတ္သည့္အတြက္ နယ္ဘက္တရားရုံးမ်ားမွ စီရင္ေဆာင္ရြက္ေၾကာင္းသိရသည္။

ျပည္သူမ်ားႏွင့္နီးကပ္စြာပူးတြဲေနထုိင္ရသည့္ ျပည္သူ႔စစ္မ်ားအေနျဖင့္ လက္နက္၊ အာဏာႏွင့္လုပ္ပိုင္ခြင့္မ်ား ေပးထားမည္ဆုိပါက အခ်ိန္အခါမေရြးလူမႈေရးပဋိပကၡမ်ားျဖစ္ပြားလာႏုိင္ၿပီးအာဏာအလြဲသံုးစားမႈမ်ား ေတြ႔႔ရွိရေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚမိကြန္ခ်မ္းကလည္းေျပာၾကားသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ပြည်တွင်းသောင်းကျန်းသူများကိုချေမှုန်းရန် ပြည်သူ့စစ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဒုတိယဝန်ကြီး ပြော

တိုင်းစစ်ဌာနချုပ်နေမြေအသီးသီးတွင် ပြည်သူ့စစ်ဌာနေအဖွဲ့များကိုဖွဲ့စည်းထားခြင်းမှာ ပြည်တွင်းသောင်းကျန်းသူချေမှုန်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

စက်တင်ဘာလ ၁၁ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ တိုင်းစစ်ဌာနချုပ်နေမြေအသီးသီးတွင် ပြည်သူ့စစ်ဌာနနေအဖွဲ့များဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုအန္တရာယ်ကိုချေမှုန်းနိုင်ရေးအတွက် ရေတိုရည်မှန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင် ပြည်သူတစ်ရပ်လုံးကအမိနိုင်ငံတော်အားကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့စစ်မဟာဗျူဟာရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ပြီး ပြည်သူ့စစ်ဌာနေအဖွဲ့များဖွဲ့စည်းထားရှိခြင်း ဖြစ်ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

ထို့အပြင် ဖွဲ့စည်းထားသောပြည်သူ့စစ်ဌာနေအဖွဲ့များကို သက်ဆိုင်ရာတပ်ရင်းဌာနချုပ်များက ကြီးကြပ်ကွပ်ကဲကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပေါင်မြို့နယ်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိကျေးရွာများတွင် ပြည်သူ့စစ်များကိုမည်သည့်အတွက်ကြောင့်ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်နှင့် ပြည်သူ့စစ်အဖွဲ့များကိုမည်သည့်ဌာနအဖွဲ့အစည်းကတာဝန်ခံမည်ကိုသိရှိလိုခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်များအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါကတပ်မတော်သားမဟုတ်သည့်အတွက် နယ်ဘက်တရားရုံးများမှ စီရင်ဆောင်ရွက်ကြောင်းသိရသည်။

ပြည်သူများနှင့်နီးကပ်စွာပူးတွဲနေထိုင်ရသည့် ပြည်သူ့စစ်များအနေဖြင့် လက်နက်၊ အာဏာနှင့်လုပ်ပိုင်ခွင့်များ ပေးထားမည်ဆိုပါက အချိန်အခါမရွေးလူမှုရေးပဋိပက္ခများဖြစ်ပွားလာနိုင်ပြီးအာဏာအလွဲသုံးစားမှုများ တွေ့ရှိရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်မိကွန်ချမ်းကလည်းပြောကြားသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။