Skip to main content
ဗုဒၶႏွင့္ခုိင္းႏႈိင္းေရးဆြဲထားသည့္ “Ultraman Buddha” ပန္းခ်ီကားကုိ ေရာင္းခ်ခြင့္ ပိတ္ပင္  
Ads Block

ဗုဒၶႏွင့္ခုိင္းႏႈိင္းေရးဆြဲထားသည့္ “Ultraman Buddha” ပန္းခ်ီကားကုိ ေရာင္းခ်ခြင့္ ပိတ္ပင္  

 ဂ်ပန္ စူပါဟီးရုိးဇာတ္ေကာင္ Ultraman ကုိ ဗုဒၶဘုရားရွင္နဲ႕ ခုိင္းႏႈိင္းေရးဆြဲထားတဲ့ အျငင္းပြားဖြယ္ ပန္းခ်ီကားေတြကုိ ယင္း ပန္းခ်ီကားေတြေရးဆြဲခဲ့တဲ့ ေက်ာင္းသူရဲ႕ တကၠသုိလ္က ေရာင္းခ်ခြင့္ ပိတ္ပင္လုိက္ေၾကာင္း သိရပါတယ္။

             ပန္းခ်ီကားေတြကုိ ၀ယ္ယူဖုိ ့ အမည္မထုတ္ေဖာ္တဲ့ အဖြဲ႕အစည္းေတြက ကမ္းလွမ္းမႈရွိေနတာပါ။ ဒါေပမဲ့လည္း ပန္းခ်ီကားေတြကုိ ေရးဆြဲခဲ့တဲ့ ေက်ာင္းသူ တက္ေရာက္ေနရာ Nakhon Ratchasima Rajabhat တကၠသုိလ္က ေက်ာင္းသူအေပၚ ဖိအားမ်ားစြာ ထပ္က်လာမွာစုိးတာေၾကာင့္ ယင္း ပုံေတြကုိ ေရာင္းခ်ျခင္း မျပဳဖုိ ့ ပိတ္ပင္ခ်က္ထုတ္လုိက္တာျဖစ္ေၾကာင္း ေက်ာင္းသူရဲ႕ ႀကီးၾကပ္ဆရာျဖစ္သူ ကစ္တီခ်ဳိင္ ထရီရာ၀ီခ်ာ က ေျပာဆုိခဲ့ပါတယ္။ အမည္ေဖာ္ျပျခင္းမျပဳတဲ့ ယင္း ေက်ာင္းသူဟာ အဆုိပါတကၠသုိလ္မွာ လူသားစြမ္းရည္နဲ႕ လူမႈသိပၸံဘာသာရပ္ သင္ယူေနသူျဖစ္ပါတယ္။

                 ယင္း ပန္းခ်ီကားကုိ ေရာင္းလုိက္ၿပီး တုိင္းျပည္ျပင္ပမွာ ျပသမႈလုပ္လာခဲ့ရင္ ဒီပန္းခ်ီကားေတြဟာ လူမႈေရးဆုိင္ရာ မေက်နပ္ခ်က္ေတြ အစျပဳရာျဖစ္လာႏုိင္ေၾကာင္းနဲ႕ ပန္းခ်ီကားကုိ ဖန္တီးခဲ့တဲ့ ေက်ာင္းသူဟာ ဒီလုိေတြျဖစ္လာဖုိ ့ ရည္ရည္ခ်က္မရွိေၾကာင္း မစၥတာ ကစ္တီခ်ဳိင္က ေျပာဆုိပါတယ္။ ဒီလုိ ျပႆနာေတြ ျဖစ္လာရင္ ေက်ာင္းသူဟာ လူမႈဆုိင္ရာ ဖိအားေတြ ပုိေပးခံရမယ့္ အဓိကပစ္မွတ္ျဖစ္လာမွာျဖစ္ေၾကာင္းလည္း ၄င္းက ဆုိခဲ့ပါတယ္။

          တစ္ခ်ိန္တည္းမွာ တကၠသုိလ္ ဒုပါခ်ဳပ္ က ေက်ာင္းသူတစ္ဦးတည္း ဖိအားဒဏ္ေတြ မခံရေစဖုိ ့အတြက္ ဌာနအေနနဲ႕ ျပႆနာကုိ ျမန္ျမန္ထက္ထက္ ေျဖရွင္းသင့္ေၾကာင္း ေဆာ္ၾသခဲ့ပါတယ္။

                 စက္တင္ဘာ ၃ ရက္ေန ့က နာခြန္ ရတ္ခ်ာစီမာရွိ Terminal 21 မွာ ျပဳလုပ္တဲ့ ပန္းခ်ီျပပြဲတစ္ခုမွာ သူမ ေရးဆြဲခဲ့တဲ့ ပန္းခ်ီးကား ေလးကားအနက္ ႏွစ္ကားကုိ ထုတ္ေဖာ္ျပသခဲ့ရာမွ ယင္း ေက်ာင္းသူအေပၚ ေ၀ဖန္တုိက္ခုိက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ပြဲစီစဥ္သူေတြက ယင္းပန္းခ်ီကားေတြကုိ ျပခန္းကေန ဖယ္ရွားပစ္ခဲ့ေပမယ့္ ယင္း ပုံေတြဟာ အြန္လုိင္းေပၚ ပ်ံ႔ႏွံ႔ေနခဲ့ၿပီးျဖစ္ပါတယ္။

 စက္တင္ဘာ ၇ ရက္ေန ့မွာေတာ့ ေက်ာင္းသူဟာ ယင္းပန္းခ်ီကားေတြနဲ႕ ပတ္သက္ၿပီး ေတာင္းပန္မႈ လုပ္ထားခဲ့ပါတယ္။

ဘန္ေကာက္ပုိ ့စ္

ကုိလင္း(အကုန္သိ သတင္းဌာန)

Unicode Version

 

ဗုဒ္ဓနှင့်ခိုင်းနှိုင်းရေးဆွဲထားသည့် “Ultraman Buddha” ပန်းချီကားကို ရောင်းချခွင့် ပိတ်ပင်  

 ဂျပန် စူပါဟီးရိုးဇာတ်ကောင် Ultraman ကို ဗုဒ္ဓဘုရားရှင်နဲ့ ခိုင်းနှိုင်းရေးဆွဲထားတဲ့ အငြင်းပွားဖွယ် ပန်းချီကားတွေကို ယင်း ပန်းချီကားတွေရေးဆွဲခဲ့တဲ့ ကျောင်းသူရဲ့ တက္ကသိုလ်က ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

             ပန်းချီကားတွေကို ဝယ်ယူဖို့ အမည်မထုတ်ဖော်တဲ့ အဖွဲ့အစည်းတွေက ကမ်းလှမ်းမှုရှိနေတာပါ။ ဒါပေမဲ့လည်း ပန်းချီကားတွေကို ရေးဆွဲခဲ့တဲ့ ကျောင်းသူ တက်ရောက်နေရာ Nakhon Ratchasima Rajabhat တက္ကသိုလ်က ကျောင်းသူအပေါ် ဖိအားများစွာ ထပ်ကျလာမှာစိုးတာကြောင့် ယင်း ပုံတွေကို ရောင်းချခြင်း မပြုဖို့ ပိတ်ပင်ချက်ထုတ်လိုက်တာဖြစ်ကြောင်း ကျောင်းသူရဲ့ ကြီးကြပ်ဆရာဖြစ်သူ ကစ်တီချိုင် ထရီရာဝီချာ က ပြောဆိုခဲ့ပါတယ်။ အမည်ဖော်ပြခြင်းမပြုတဲ့ ယင်း ကျောင်းသူဟာ အဆိုပါတက္ကသိုလ်မှာ လူသားစွမ်းရည်နဲ့ လူမှုသိပ္ပံဘာသာရပ် သင်ယူနေသူဖြစ်ပါတယ်။

                 ယင်း ပန်းချီကားကို ရောင်းလိုက်ပြီး တိုင်းပြည်ပြင်ပမှာ ပြသမှုလုပ်လာခဲ့ရင် ဒီပန်းချီကားတွေဟာ လူမှုရေးဆိုင်ရာ မကျေနပ်ချက်တွေ အစပြုရာဖြစ်လာနိုင်ကြောင်းနဲ့ ပန်းချီကားကို ဖန်တီးခဲ့တဲ့ ကျောင်းသူဟာ ဒီလိုတွေဖြစ်လာဖို့ ရည်ရည်ချက်မရှိကြောင်း မစ္စတာ ကစ်တီချိုင်က ပြောဆိုပါတယ်။ ဒီလို ပြဿနာတွေ ဖြစ်လာရင် ကျောင်းသူဟာ လူမှုဆိုင်ရာ ဖိအားတွေ ပိုပေးခံရမယ့် အဓိကပစ်မှတ်ဖြစ်လာမှာဖြစ်ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။

          တစ်ချိန်တည်းမှာ တက္ကသိုလ် ဒုပါချုပ် က ကျောင်းသူတစ်ဦးတည်း ဖိအားဒဏ်တွေ မခံရစေဖို့အတွက် ဌာနအနေနဲ့ ပြဿနာကို မြန်မြန်ထက်ထက် ဖြေရှင်းသင့်ကြောင်း ဆော်သြခဲ့ပါတယ်။

                 စက်တင်ဘာ ၃ ရက်နေ့က နာခွန် ရတ်ချာစီမာရှိ Terminal 21 မှာ ပြုလုပ်တဲ့ ပန်းချီပြပွဲတစ်ခုမှာ သူမ ရေးဆွဲခဲ့တဲ့ ပန်းချီးကား လေးကားအနက် နှစ်ကားကို ထုတ်ဖော်ပြသခဲ့ရာမှ ယင်း ကျောင်းသူအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေက ယင်းပန်းချီကားတွေကို ပြခန်းကနေ ဖယ်ရှားပစ်ခဲ့ပေမယ့် ယင်း ပုံတွေဟာ အွန်လိုင်းပေါ် ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။  စက်တင်ဘာ ၇ ရက်နေ့မှာတော့ ကျောင်းသူဟာ ယင်းပန်းချီကားတွေနဲ့ ပတ်သက်ပြီး တောင်းပန်မှု လုပ်ထားခဲ့ပါတယ်။ 

ဘန်ကောက်ပို့စ်

ကိုလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။