Skip to main content
သီရိလကၤာ ဘာသာေရးပြဲတစ္ခုအတြင္း ဆင္ႏွစ္ေကာင္ မုန္ယုိ ေျပးလႊားခဲ့ေသာေၾကာင့္ လူ ၁၇ ဦး ဒဏ္ရာရ
Ads Block

သီရိလကၤာ ဘာသာေရးပြဲတစ္ခုအတြင္း ဆင္ႏွစ္ေကာင္ မုန္ယုိ ေျပးလႊားခဲ့ေသာေၾကာင့္ လူ ၁၇ ဦး ဒဏ္ရာရ

         သီရိလကၤာႏုိင္ငံ ကိုလံဘိုၿမိဳ႕ေတာ္တြင္ က်င္းပေနေသာ ဘာသာေရးပြဲတစ္ခုအတြင္း ဆင္ႏွစ္ေကာင္ မုန္ယုိကာ ေဒါသတႀကီး ေျပးလႊားခဲ့ေသာေၾကာင့္ လူ ၁၇ ဦး ဒဏ္ရာရရွိခဲ့သည္ဟု ရဲတပ္ဖြဲ႕က ေျပာခဲ့သည္။

သီရိလကၤာ ဘာသာေရးပြဲတစ္ခုအတြင္း ဆင္ႏွစ္ေကာင္ မုန္ယုိ ေျပးလႊားခဲ့ေသာေၾကာင့္ လူ ၁၇ ဦး ဒဏ္ရာရ

ဆင္တစ္ေကာင္ေပၚစီးလုိက္ခဲ့သည့္ ဘုရားေက်ာင္းတာ၀န္ရွိသူတစ္ဦးလည္း ထိခိုက္မိသူမ်ားထဲပါဝင္ခဲ့သလုိ တုိက္ခုိက္ရန္မူေနသည့္ ဆင္ႏွင့္ ေ၀းရာ အလန္႕တၾကားထြက္ေျပးရင္း အမ်ိဳးသမီး ၁၃ ဦးလည္း ဒဏ္ရာရခဲ့သည္။ မည္သူမွေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္မရခဲ့ဟု တာဝန္ရွိသူမ်ားမွ ေျပာၾကားခဲ့သည္။

    ဆင္ေတြဟာ မုန္ယိုေနၾကတာျဖစ္ၿပီး ေဟာ္မုန္းမ်ားျမင့္တက္ေနတဲ့အခ်ိန္ကာလျဖစ္ေၾကာင္း ဆင္မ်ားႏွင့္ ပတ္သက္ၿပီး ကၽြမ္းက်င္သည့္ ဂ်ာယန္သာ ဂ်ာယီ၀ါဒန္ က ေျပာဆုိခဲ့ၿပီး ဘုရားေက်ာင္း တာ၀န္ရွိသူမ်ားအေနျဖင့္ လုပ္ထုံးလုပ္နည္းေတြကုိ မသိက်ဳိးကၽြံျပဳခဲ့ေၾကာင္း ၄င္းက အျပစ္ဆုိခဲ့သည္။

“ဒီဆင္စံုတြဲဟာ အလွျပဖုို႔ မသံုးသင့္ဘူး။ ဆင္ေတြကို ပြဲမွာထည့္ခြင့္မျပဳခင္ သူတို႔ရဲ႕အေျခအေနကို ေသခ်ာသိေအာင္ လုပ္သင့္တယ္”ဟု ဂ်ာယာ၀ါဒန္က AFP သတင္းသုိ ့ေျပာခဲ့သည္။

ဆင္ေတြ၏ က်န္းမာေရးအေျခအေနကို ဂရုမျပဳဘဲ တာဝန္ရွိသူေတြက ကႏၵီၿမိဳ႕ဘုရားပြဲအတြင္းသို႔ ဆင္မ်ားကို အတင္းအၾကပ္ လွည့္လည္ခိုင္းခဲ့ျခင္းျဖစ္သည္။

လြန္ခဲ့သည့္ ၃ နွစ္ကလည္း ဘာသာေရးပြဲတစ္ခုအတြငး္ ဆင္နွစ္ေကာင္တုိက္ခုိက္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ လူမ်ား ရုန္းရင္းဆန္ခတ္ထေျပးၾကရာ အမ်ိဳးသမီးတစ္ဦးေသဆံုးၿပီး ၁၂ ဦးမွာ ဒဏ္ရာရရွိခဲ့သည္။

CNA

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

Unicode Version

 

သီရိလင်္ကာ ဘာသာရေးပွဲတစ်ခုအတွင်း ဆင်နှစ်ကောင် မုန်ယို ပြေးလွှားခဲ့သောကြောင့် လူ ၁၇ ဦး ဒဏ်ရာရ

         သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် ကျင်းပနေသော ဘာသာရေးပွဲတစ်ခုအတွင်း ဆင်နှစ်ကောင် မုန်ယိုကာ ဒေါသတကြီး ပြေးလွှားခဲ့သောကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဆင်တစ်ကောင်ပေါ်စီးလိုက်ခဲ့သည့် ဘုရားကျောင်းတာဝန်ရှိသူတစ်ဦးလည်း ထိခိုက်မိသူများထဲပါဝင်ခဲ့သလို တိုက်ခိုက်ရန်မူနေသည့် ဆင်နှင့် ဝေးရာ အလန့်တကြားထွက်ပြေးရင်း အမျိုးသမီး ၁၃ ဦးလည်း ဒဏ်ရာရခဲ့သည်။ မည်သူမှတော့ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဟု တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။

    ဆင်တွေဟာ မုန်ယိုနေကြတာဖြစ်ပြီး ဟော်မုန်းများမြင့်တက်နေတဲ့အချိန်ကာလဖြစ်ကြောင်း ဆင်များနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် ဂျာယန်သာ ဂျာယီဝါဒန် က ပြောဆိုခဲ့ပြီး ဘုရားကျောင်း တာဝန်ရှိသူများအနေဖြင့် လုပ်ထုံးလုပ်နည်းတွေကို မသိကျိုးကျွံပြုခဲ့ကြောင်း ၎င်းက အပြစ်ဆိုခဲ့သည်။

“ဒီဆင်စုံတွဲဟာ အလှပြဖို့ မသုံးသင့်ဘူး။ ဆင်တွေကို ပွဲမှာထည့်ခွင့်မပြုခင် သူတို့ရဲ့အခြေအနေကို သေချာသိအောင် လုပ်သင့်တယ်”ဟု ဂျာယာဝါဒန်က AFP သတင်းသို့ပြောခဲ့သည်။

ဆင်တွေ၏ ကျန်းမာရေးအခြေအနေကို ဂရုမပြုဘဲ တာဝန်ရှိသူတွေက ကန္ဒီမြို့ဘုရားပွဲအတွင်းသို့ ဆင်များကို အတင်းအကြပ် လှည့်လည်ခိုင်းခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၃ နှစ်ကလည်း ဘာသာရေးပွဲတစ်ခုအတွင်း ဆင်နှစ်ကောင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူများ ရုန်းရင်းဆန်ခတ်ထပြေးကြရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ 

CNA

ခင်မေဖူး (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။