Skip to main content
၂၀၁၈ စည္ပင္ဥပေဒအရ မသန္စြမ္းမ်ားအတြက္ နစ္နာစရာမရွိဟု ဆို
Ads Block

၂၀၁၈ စည္ပင္ဥပေဒအရ မသန္စြမ္းမ်ားအတြက္ နစ္နာစရာမရွိဟု ဆို

ယခုျပ႒ာန္းထားသည့္ ၂၀၁၈ စည္ပင္ဥပေဒတြင္ လူမ်ိဳးဘာသားမေရြးတန္းတူအခြင့္အေရးရရွိေရး ပါ၀င္ေသာေၾကာင့္ မသန္စြမ္းမ်ားအတြက္နစ္နာစရာမရွိေၾကာင္း ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေက်ာ္၀င္းက ေျပာသည္။

၂၀၁၈ စည္ပင္ဥပေဒအရ မသန္စြမ္းမ်ားအတြက္ နစ္နာစရာမရွိဟု ဆို

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ စက္တင္ဘာလ(၁၁)ရက္ကက်င္းပသည့္ “ကၽြႏု္ပ္တို႔ျဖစ္ေစခ်င္ေသာရန္ကုန္ၿမိဳ႕ေတာ္”ေခါင္းစဥ္ျဖင့္ ေဆြးေႏြးပြဲအၿပီးတြင္ အကုန္သိသတင္းဌာန၏ ေမးျမန္းမႈကို အထက္ပါအတိ္ုင္းေျဖၾကားျခင္းျဖစ္သည္။

“ ကၽြန္ေတာ္တို႔စည္ပင္ဥပေဒေပါ့။ ဒီ ၂၀၁၈ ရန္ကုန္စည္ပင္ဥပေဒမွာ လူမ်ိဳးဘာသာမေရြးတန္းတူအခြင့္အေရး ရရွိဖို႔ဆိုတာ ပါထားၿပီးျဖစ္တယ္။ လက္ရွိလည္းသူတို႔ၿမိဳ႕တြင္းမွာသြားလာေရးေတြ၊ သာမန္ျပည္သူေတြနဲ႔ တန္းတူျဖစ္ေစေရးမွာ သူတိ္ု႔အရင္ကေတာင္းဆိုတာေတြလုပ္ေပးထားတာေတြရွိတယ္။ ေနာက္ထပ္ေတာင္းဆိုလာမယ့္အရာေတြကိုလည္း ကၽြန္ေတာ္တို႔တတ္ႏုိင္သေလာက္လုပ္ေပးဖို႔ကို ဒီေန႔ေဆြးေႏြးပြဲမွာ ေျပာၾကားထားၿပီးလည္းျဖစ္တယ္။ ဒါေၾကာင့္ လူမ်ိဳး၊ ဘာသာမေရြး တန္းတူအခြင့္အေရးရရွိေရးဆိုတာပါ၀င္တဲ့အတြက္ မသန္စြမ္းေတြအတြက္ နစ္နာစရာဘာမွမရွိပါဘူး”ဟု ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေက်ာ္၀င္းက ေျပာသည္။

လက္ရွိတြင္ မသန္စြမ္းမ်ားႏွင့္ပတ္သက္ၿပီး မူ၀ါဒမ်ားရွိေနၿပီျဖစ္ေသာ္လည္း လက္ေတြ႔လုပ္ေဆာင္မႈတြင္ ျဖစ္မလာေသးသည္မ်ားရွိေနေၾကာင္း ေ၀ဖန္ေထာက္ျပမႈမ်ားလည္းရွိေနသည္။

“ အားနည္းခ်က္ေတြေတာ့ရွိေသးတယ္ဗ်။ မူ၀ါဒေတြကေတာ့ရွိေနၿပီ။ လက္ေတြ႕လုပ္ေဆာင္မႈအပိုင္းမွာ ျဖစ္မလာေသးတဲ့အပိုင္းေတြလည္းအမ်ားႀကီးရွိေနေသးတယ္။ အဲဒီအေနအထားေတာ့ရွိေသးတယ္။ အမ်ားျပည္သူအပန္းေျဖတဲ့ေနရာေတြမွာမသန္းစြမ္းေတြအတြက္အဆင္ေျပႏိုင္မႈက အနည္းအက်ဥ္းပဲ ရွိေသးတယ္။ အမ်ားႀကီးလုပ္ဖို႔ေတာ့ လိုေသးတယ္ေပါ့။”ဟု ရန္ကုန္တိုင္းေဒသႀကီးမသန္စြမ္းအသင္းခ်ဳပ္ ဥကၠ႒ ဦးသန္႔ေဇာ္၀င္းက ေျပာသည္။

လက္ရွိတြင္ ၂၀၁၈ ရန္ကုန္စည္ပင္ဥပေဒျဖင့္ အေရးယူမႈမ်ားလုပ္ေဆာင္ေနၿပီး သာမန္ျပည္သူမ်ားႏွင့္တန္းတူ ဥပေဒ၏ အက်ိဳးသက္ေရာက္မႈမ်ားရရွိေစခ်င္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးမသန္စြမ္းအသင္းခ်ဳပ္က ေတာင္းဆိုထားသည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

၂၀၁၈ စည်ပင်ဥပဒေအရ မသန်စွမ်းများအတွက် နစ်နာစရာမရှိဟု ဆို

ယခုပြဋ္ဌာန်းထားသည့် ၂၀၁၈ စည်ပင်ဥပဒေတွင် လူမျိုးဘာသားမရွေးတန်းတူအခွင့်အရေးရရှိရေး ပါဝင်သောကြောင့် မသန်စွမ်းများအတွက်နစ်နာစရာမရှိကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၁၁)ရက်ကကျင်းပသည့် “ကျွနု်ပ်တို့ဖြစ်စေချင်သောရန်ကုန်မြို့တော်”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအပြီးတွင် အကုန်သိသတင်းဌာန၏ မေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

“ ကျွန်တော်တို့စည်ပင်ဥပဒေပေါ့။ ဒီ ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေမှာ လူမျိုးဘာသာမရွေးတန်းတူအခွင့်အရေး ရရှိဖို့ဆိုတာ ပါထားပြီးဖြစ်တယ်။ လက်ရှိလည်းသူတို့မြို့တွင်းမှာသွားလာရေးတွေ၊ သာမန်ပြည်သူတွေနဲ့ တန်းတူဖြစ်စေရေးမှာ သူတို့အရင်ကတောင်းဆိုတာတွေလုပ်ပေးထားတာတွေရှိတယ်။ နောက်ထပ်တောင်းဆိုလာမယ့်အရာတွေကိုလည်း ကျွန်တော်တို့တတ်နိုင်သလောက်လုပ်ပေးဖို့ကို ဒီနေ့ဆွေးနွေးပွဲမှာ ပြောကြားထားပြီးလည်းဖြစ်တယ်။ ဒါကြောင့် လူမျိုး၊ ဘာသာမရွေး တန်းတူအခွင့်အရေးရရှိရေးဆိုတာပါဝင်တဲ့အတွက် မသန်စွမ်းတွေအတွက် နစ်နာစရာဘာမှမရှိပါဘူး”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

လက်ရှိတွင် မသန်စွမ်းများနှင့်ပတ်သက်ပြီး မူဝါဒများရှိနေပြီဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်မှုတွင် ဖြစ်မလာသေးသည်များရှိနေကြောင်း ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

“ အားနည်းချက်တွေတော့ရှိသေးတယ်ဗျ။ မူဝါဒတွေကတော့ရှိနေပြီ။ လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာ ဖြစ်မလာသေးတဲ့အပိုင်းတွေလည်းအများကြီးရှိနေသေးတယ်။ အဲဒီအနေအထားတော့ရှိသေးတယ်။ အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာမသန်းစွမ်းတွေအတွက်အဆင်ပြေနိုင်မှုက အနည်းအကျဉ်းပဲ ရှိသေးတယ်။ အများကြီးလုပ်ဖို့တော့ လိုသေးတယ်ပေါ့။”ဟု ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်းအသင်းချုပ် ဥက္ကဋ္ဌ ဦးသန့်ဇော်ဝင်းက ပြောသည်။

လက်ရှိတွင် ၂၀၁၈ ရန်ကုန်စည်ပင်ဥပဒေဖြင့် အရေးယူမှုများလုပ်ဆောင်နေပြီး သာမန်ပြည်သူများနှင့်တန်းတူ ဥပဒေ၏ အကျိုးသက်ရောက်မှုများရရှိစေချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်းအသင်းချုပ်က တောင်းဆိုထားသည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။