Skip to main content
မိုးပ်ံရထားလမ္းစီမံကိန္းမွာ စီးပြားေရးအရတြက္ေခ်မကိုက္ပါက ပ်က္ျပယ္ႏိုင္
Ads Block

မိုးပ်ံရထားလမ္းစီမံကိန္းမွာ စီးပြားေရးအရတြက္ေခ်မကိုက္ပါက ပ်က္ျပယ္ႏိုင္

ရန္ကုန္ၿမိဳ႕ကို အေရွ႕အေနာက္ဆက္သြယ္မည့္ မိုးပ်ံရထားလမ္းစီမံကိန္းမွာ စီးပြားေရးအရ တြက္ေခ်ကိုက္ညီမႈမရွိပါက ပ်က္ျပယ္သြားႏိုင္ေၾကာင္း ျမန္မာ့မီးရထား(ေအာက္ျမန္မာျပည္ရံုး)မွ သိရသည္။

ရန္ကုန္မိုးပ်ံရထားလမ္းစီမံကိန္းသည္ လိႈင္သာယာဘူတာမွ ရန္ကုန္-ပုသိမ္ကားလမ္းအတိုင္းသြား၍ ဘုရင့္ေနာင္တံတား ေတာင္ဘက္ျခမ္းမွ လိႈင္ျမစ္ကိုျဖတ္၍ အုတ္က်င္းဘူတာမွ ပါရမီလမ္းအတိုင္း မရမ္းကုန္း၊ ရန္ကင္း၊ ေတာင္ဥကၠလာ၊ တိုးေၾကာင္ကေလးဘူတာအထိလည္းေကာင္း၊ ယင္းအျပင္ ဒလမွ မဂၤလာဒံုအထိ လည္းေကာင္းေျပးဆြဲရန္ စီစဥ္ထားၿပီး လက္ရွိတြင္ ေျမယာသိမ္းဆည္းသည့္အဆင့္တြင္သာရွိေသးေၾကာင္း သိရသည္။

“စီမံကိန္းက ပံုမွန္ဆိုရင္ ၅ ႏွစ္ေပါ့။ လက္ရွိက ေျမျပင္ကြင္းဆင္းလုပ္ေနတာေတြ၊ ေျမသိမ္းတဲ့အဆင့္ ဒါပဲရွိေသးတယ္။ ဒါက Loan နဲ႔လုပ္တာဆိုေတာ့ စီးပြားေရးအရ တြက္ေျခကိုက္/မကိုက္ ျပန္ၿပီးတြက္ခ်က္ရမယ္။ စိစစ္ရမယ္။ တြက္ေျခကိုက္တယ္ဆိုမွ ေငြေခ်းဖို႔ကိစၥလုပ္ရမွာ။ တြက္ေျခမကိုက္ရင္ စီမံကိန္းကပ်က္သြားမယ္။ အခုက ေဆြးေႏြးေနတုန္း။ ေဆြးေႏြးတဲ့အဆင့္ၿပီးမွ detail ဒီဇိုင္းထြက္မယ္”ဟု ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္ရံုး)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယင္းစီမံကိန္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ(JICA) တို႔မွပူးေပါင္း၍ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ျပည္သူလူထုတတ္ႏိုင္သည့္ႏႈန္းထားကိုသာ သတ္မွတ္သြားမည္ျဖစ္ကာ လိုက္ပါစီးနင္းသည့္ ခရီးသည္ဦးေရကိုလည္း သန္းဂဏန္းအထိေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းတစ္ခုလံုးမွာ ကန္ေဒၚလာ ၁ ဘီလ်ံေက်ာ္ကုန္က်မည္ျဖစ္ၿပီး ယင္းတြင္ ဘူတာရံု ၁၃ ခု၊ ဘူတာရံုမ်ားပါဝင္မည့္ ဓာတ္ေလွကား၊ လက္မွတ္ရံု၊ စၾကၤန္၊ နားေနေဆာင္မ်ားပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

းပျံရထားလမ်းစီမံကိန်းမှာ စီးပွားရေးအရတွက်ချေမကိုက်ပါက ပျက်ပြယ်နိုင်

ရန်ကုန်မြို့ကို အရှေ့အနောက်ဆက်သွယ်မည့် မိုးပျံရထားလမ်းစီမံကိန်းမှာ စီးပွားရေးအရ တွက်ချေကိုက်ညီမှုမရှိပါက ပျက်ပြယ်သွားနိုင်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းသည် လှိုင်သာယာဘူတာမှ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းသွား၍ ဘုရင့်နောင်တံတား တောင်ဘက်ခြမ်းမှ လှိုင်မြစ်ကိုဖြတ်၍ အုတ်ကျင်းဘူတာမှ ပါရမီလမ်းအတိုင်း မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ တိုးကြောင်ကလေးဘူတာအထိလည်းကောင်း၊ ယင်းအပြင် ဒလမှ မင်္ဂလာဒုံအထိ လည်းကောင်းပြေးဆွဲရန် စီစဉ်ထားပြီး လက်ရှိတွင် မြေယာသိမ်းဆည်းသည့်အဆင့်တွင်သာရှိသေးကြောင်း သိရသည်။

“စီမံကိန်းက ပုံမှန်ဆိုရင် ၅ နှစ်ပေါ့။ လက်ရှိက မြေပြင်ကွင်းဆင်းလုပ်နေတာတွေ၊ မြေသိမ်းတဲ့အဆင့် ဒါပဲရှိသေးတယ်။ ဒါက Loan နဲ့လုပ်တာဆိုတော့ စီးပွားရေးအရ တွက်ခြေကိုက်/မကိုက် ပြန်ပြီးတွက်ချက်ရမယ်။ စိစစ်ရမယ်။ တွက်ခြေကိုက်တယ်ဆိုမှ ငွေချေးဖို့ကိစ္စလုပ်ရမှာ။ တွက်ခြေမကိုက်ရင် စီမံကိန်းကပျက်သွားမယ်။ အခုက ဆွေးနွေးနေတုန်း။ ဆွေးနွေးတဲ့အဆင့်ပြီးမှ detail ဒီဇိုင်းထွက်မယ်”ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့မှပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူလူထုတတ်နိုင်သည့်နှုန်းထားကိုသာ သတ်မှတ်သွားမည်ဖြစ်ကာ လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေကိုလည်း သန်းဂဏန်းအထိမျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတစ်ခုလုံးမှာ ကန်ဒေါ်လာ ၁ ဘီလျံကျော်ကုန်ကျမည်ဖြစ်ပြီး ယင်းတွင် ဘူတာရုံ ၁၃ ခု၊ ဘူတာရုံများ၌ပါဝင်မည့် ဓာတ်လှေကား၊ လက်မှတ်ရုံ၊ စြင်္ကန်၊ နားနေဆောင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။