Skip to main content
ျမန္မာႏိုင္ငံ၌ ဒုတိယအႀကိမ္ေျမာက္ အသည္းအစားထိုးခြဲစိတ္မႈျပဳလုပ္မည္
Ads Block

ျမန္မာႏိုင္ငံ၌ ဒုတိယအႀကိမ္ေျမာက္ အသည္းအစားထိုးခြဲစိတ္မႈျပဳလုပ္မည္

ျမန္မာႏိုင္ငံတြင္ ဒုတိယအႀကိမ္ေျမာက္အသည္းအစားထိုးခြဲစိတ္မႈအျဖစ္ အသက္ ၂ ႏွစ္ဝန္းက်င္ရွိ ေယာက်ာ္းေလး ၂ ဦးအား စက္တင္ဘာလေနာက္ဆုံးပတ္တြင္ ခြဲစိတ္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ကေလးေဆးရုံႀကီးမွေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးေျပာျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၌ ဒုတိယအႀကိမ္ေျမာက္ အသည္းအစားထိုးခြဲစိတ္မႈျပဳလုပ္မည္

ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္ရွိ ရန္ကုန္ကေလးေဆးရုံႀကီးတြင္ စက္တင္ဘာလ ၁၁ ရက္က က်င္းပသည့္ “အသည္းကင္ဆာေဝဒနာခံစားေနရေသာ ေမာင္ဘုန္းျမင့္ျမတ္ အသည္းအစားထိုးကုသႏိုင္ရန္ အလွဴေငြေပးအပ္လွဴဒါန္းပြဲ” တြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ဒုတိယအႀကိမ္ေျမာက္ အသည္းအစားထိုးခြဲစိတ္မႈျပဳလုပ္မည္

“ မခြဲစိတ္မီကုန္က်စရိတ္ကို ကေလးရဲ႕မိဘဘက္ကကုန္က်ခံဖို႔၊ တတ္ႏိုင္သမွ်ရွာဖို႔ ကြ်န္မတို႔အဖြဲ႔က ေဆာင္ရြက္ခဲ့တယ္။ ခြဲစိတ္ေနတဲ့ကာလမွာ ကုန္က်စရိတ္ကို ကြ်န္မတို႔က ႏိုင္ငံေတာ္ဘတ္ဂ်က္၊ ရံပုံေငြထဲကေန ခြဲေဝသုံးစြဲခြင့္ေတာင္းၿပီးေတာ့ သုံးစြဲခြဲစိတ္မွာျဖစ္ပါတယ္။ ခြဲစိတ္ၿပီးေနာက္ပိုင္း ကုန္က်မယ့္စရိတ္ေတြကေတာ့ ကြ်န္မတို႔အသည္းအစားထိုးဖို႔အတြက္ အလွဴခံထားတာရွိပါေသးတယ္။ အဲဒီအလွဴေငြေတြနဲ႔ဆက္လက္ၿပီး ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု ရန္ကုန္ကေလးေဆးရုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။

အသည္းအစားထုိးကုသရမည့္ကေလး ၂ ဦးအနက္ ေမာင္ျမတ္ဘုန္းထက္၊ (၁ ႏွစ္ ၅ လ)သည္ ေမြးရာပါအသည္းေျချပြန္မရွိဘဲ ေရာဂါေဝဒနာခံစားေနရသူျဖစ္ၿပီး ေမာင္ဘုန္းျမင့္ျမတ္၊ (၁ ႏွစ္ ၄ လ)သည္ ၉ လအရြယ္မွစတင္၍ အသည္းေရာဂါေဝဒနာရွင္ျဖစ္ခဲ့ေၾကာင္း သိရသည္။

“သူ(ေမာင္ဘုန္းျမင့္ျမတ္)ေရာဂါျဖစ္တဲ့အခ်ိန္က စၿပီးသိတဲ့အခ်ိန္က လင္မယားႏွစ္ေယာက္စလုံး လုံးဝေဆာက္တည္မရ ျဖစ္ရတယ္။ တစ္ခ်ိန္လုံး ငိုေနရတာေပါ့။ ကိုယ္ငယ္ငယ္က သိခဲ့တာက အဲဒီလိုမ်ဳိး ကင္ဆာေတြဘာေတြဆိုလို႔ရွိရင္ ကိုယ့္စိတ္ထဲမွာ ေသတာပဲသိတာေလ။ သူကလည္း ကံေကာင္းပါတယ္” ဟု အသည္းအစားထိုးကုသမႈခံယူမည့္ ေမာင္ဘုန္းျမင့္ျမတ္၏မိခင္ျဖစ္သူ ေဒၚပပဝတ္ရည္ေက်ာ္က ေျပာသည္။

အသည္းအစားထိုးကုသမႈစရိတ္အျဖစ္ တစ္ဦးလွ်င္ က်ပ္သိန္း ၂၀၀ ေက်ာ္ကုန္က်မည္ျဖစ္ကာ ယင္းခြဲစိတ္မႈကို ရန္ကုန္ကေလးေဆးရုံႀကီးတြင္ Myanmar Liver Transplant Team ႏွင့္ ဂ်ပန္ႏိုင္ငံရွိ Kyushu University Hospital မွ Japan Liver Transplant Team တို႔ပူးေပါင္း၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-ဂ်ပန္ႏွစ္ႏိုင္ငံပူးေပါင္းခြဲစိတ္မႈအျဖစ္ ၂၀၁၇ ခုႏွစ္၊ မတ္လတြင္ အသည္းေဝဒနာခံစားေနရသည့္ ကေလးတစ္ဦးျဖစ္ေသာ ေမာင္ဥကၠာေက်ာ္ကို ဂ်ပန္ႏိုင္ငံသို႔ ေခၚေဆာင္သြားၿပီး ဂ်ပန္ႏိုင္ငံရွိ Kyushu University hospital တြင္ ပထမအႀကိမ္အျဖစ္ေဆာင္ရြက္ခဲ့ကာ ေအာင္ျမင္မႈရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုးအႀကိမ္အသည္းအစားထိုးခြဲစိတ္မႈအျဖစ္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၇ ရက္တြင္ ဂ်ပန္ႏိုင္ငံရွိ Kyushu University Hospital မွ Professor Tayuchi  ဦးေဆာင္သည့္  Japan Liver Transplant Team ႏွင့္ Myanmar Liver Transplant Team တို႔ ပူးေပါင္း၍ အသက္ ၅ ႏွစ္အ႐ြယ္ ေမာင္ညီညီမင္းဦးကို ရန္ကုန္ကေလးေဆး႐ုံႀကီးတြင္ ခြဲစိတ္ကုသခဲ့ရာ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ကေလးအသည္းအစားထိုးကုသမႈကို  Japan Liver Transplant Team မွ ငါးႀကိမ္ခန္႔ ဦးေဆာင္ခြဲစိတ္မႈ ျပဳလုပ္ေပးမည္ျဖစ္ကာ ေနာက္ပိုင္းတြင္ Myanmar Liver Transplant Team မွ ဦးေဆာင္ခြဲစိတ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်မှုပြုလုပ်မည်

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက်အသည်းအစားထိုးခွဲစိတ်မှုအဖြစ် အသက် ၂ နှစ်ဝန်းကျင်ရှိ ယောကျာ်းလေး ၂ ဦးအား စက်တင်ဘာလနောက်ဆုံးပတ်တွင် ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် စက်တင်ဘာလ ၁၁ ရက်က ကျင်းပသည့် “အသည်းကင်ဆာဝေဒနာခံစားနေရသော မောင်ဘုန်းမြင့်မြတ် အသည်းအစားထိုးကုသနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲ” တွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ မခွဲစိတ်မီကုန်ကျစရိတ်ကို ကလေးရဲ့မိဘဘက်ကကုန်ကျခံဖို့၊ တတ်နိုင်သမျှရှာဖို့ ကျွန်မတို့အဖွဲ့က ဆောင်ရွက်ခဲ့တယ်။ ခွဲစိတ်နေတဲ့ကာလမှာ ကုန်ကျစရိတ်ကို ကျွန်မတို့က နိုင်ငံတော်ဘတ်ဂျက်၊ ရံပုံငွေထဲကနေ ခွဲဝေသုံးစွဲခွင့်တောင်းပြီးတော့ သုံးစွဲခွဲစိတ်မှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ကုန်ကျမယ့်စရိတ်တွေကတော့ ကျွန်မတို့အသည်းအစားထိုးဖို့အတွက် အလှူခံထားတာရှိပါသေးတယ်။ အဲဒီအလှူငွေတွေနဲ့ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

အသည်းအစားထိုးကုသရမည့်ကလေး ၂ ဦးအနက် မောင်မြတ်ဘုန်းထက်၊ (၁ နှစ် ၅ လ)သည် မွေးရာပါအသည်းခြေပြွန်မရှိဘဲ ရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး မောင်ဘုန်းမြင့်မြတ်၊ (၁ နှစ် ၄ လ)သည် ၉ လအရွယ်မှစတင်၍ အသည်းရောဂါဝေဒနာရှင်ဖြစ်ခဲ့ကြောင်း သိရသည်။

“သူ(မောင်ဘုန်းမြင့်မြတ်)ရောဂါဖြစ်တဲ့အချိန်က စပြီးသိတဲ့အချိန်က လင်မယားနှစ်ယောက်စလုံး လုံးဝဆောက်တည်မရ ဖြစ်ရတယ်။ တစ်ချိန်လုံး ငိုနေရတာပေါ့။ ကိုယ်ငယ်ငယ်က သိခဲ့တာက အဲဒီလိုမျိုး ကင်ဆာတွေဘာတွေဆိုလို့ရှိရင် ကိုယ့်စိတ်ထဲမှာ သေတာပဲသိတာလေ။ သူကလည်း ကံကောင်းပါတယ်” ဟု အသည်းအစားထိုးကုသမှုခံယူမည့် မောင်ဘုန်းမြင့်မြတ်၏မိခင်ဖြစ်သူ ဒေါ်ပပဝတ်ရည်ကျော်က ပြောသည်။

အသည်းအစားထိုးကုသမှုစရိတ်အဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ကျော်ကုန်ကျမည်ဖြစ်ကာ ယင်းခွဲစိတ်မှုကို ရန်ကုန်ကလေးဆေးရုံကြီးတွင် Myanmar Liver Transplant Team နှင့် ဂျပန်နိုင်ငံရှိ Kyushu University Hospital မှ Japan Liver Transplant Team တို့ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဂျပန်နှစ်နိုင်ငံပူးပေါင်းခွဲစိတ်မှုအဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လတွင် အသည်းဝေဒနာခံစားနေရသည့် ကလေးတစ်ဦးဖြစ်သော မောင်ဥက္ကာကျော်ကို ဂျပန်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး ဂျပန်နိုင်ငံရှိ Kyushu University hospital တွင် ပထမအကြိမ်အဖြစ်ဆောင်ရွက်ခဲ့ကာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အသည်းအစားထိုးခွဲစိတ်မှုအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဂျပန်နိုင်ငံရှိ Kyushu University Hospital မှ Professor Tayuchi  ဦးဆောင်သည့်  Japan Liver Transplant Team နှင့် Myanmar Liver Transplant Team တို့ ပူးပေါင်း၍ အသက် ၅ နှစ်အရွယ် မောင်ညီညီမင်းဦးကို ရန်ကုန်ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုသို့ကလေးအသည်းအစားထိုးကုသမှုကို  Japan Liver Transplant Team မှ ငါးကြိမ်ခန့် ဦးဆောင်ခွဲစိတ်မှု ပြုလုပ်ပေးမည်ဖြစ်ကာ နောက်ပိုင်းတွင် Myanmar Liver Transplant Team မှ ဦးဆောင်ခွဲစိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။