Skip to main content
အေကာင္သန္း ၅၀ တြင္ တစ္ေကာင္သာေတြ႕ႏုိင္သည့္ အေရာင္နွစ္မ်ိဳးစပ္ ရွားပါးေက်ာက္ပုစြန္ ေတြ႕ရွိ
Ads Block

အေကာင္သန္း ၅၀ တြင္ တစ္ေကာင္သာေတြ႕ႏုိင္သည့္ အေရာင္နွစ္မ်ိဳးစပ္ ရွားပါးေက်ာက္ပုစြန္ ေတြ႕ရွိ

         အေမရိကန္ျပည္ေထာင္စု မိန္းျပည္နယ္ ကမ္းရိုးတန္းတြင္ စက္တင္ဘာ ၁၀ ရက္ေန ့က ေဒသခံတံငါသည္မ်ားသည္ ပံုမွန္မဟုတ္ေသာ အခြံမာေရသတၱဝါမ်ား ရွာေဖြခဲ့ၾကစဥ္ အေကာင္သန္း ၅၀ တြင္ တစ္ေကာင္သာေတြ႕ရွိႏုိင္ေသာ ရွားပါးအေရာင္နွစ္မ်ဳိးစပ္ ေက်ာက္ပုစြန္တစ္ေကာင္ကုိ ေတြ႕ခဲ့ၾကသည္။

အေကာင္သန္း ၅၀ တြင္ တစ္ေကာင္သာေတြ႕ႏုိင္သည့္ အေရာင္နွစ္မ်ိဳးစပ္ ရွားပါးေက်ာက္ပုစြန္ ေတြ႕ရွိ

ထို အနီတစ္ဝက္ အမည္းတစ္ဝက္ ေက်ာက္ပုစြန္အား ၿပီးခဲ့သည့္အပတ္က  ငါးဖမ္းေရယာဥ္အုပ္စု fishing vessel Force of Habit ၏ ေခါင္းေဆာင္  Daryl Dunham က ရွာေတြ႕ခဲ့ၿပီးေနာက္ မိန္း ကမ္းရိုးတန္းငါးလုပ္ငန္းစင္တာသို႔ လႊဲေျပာင္းေပးခဲ့သည္။

“ကၽြန္ေတာ္တို႔ တစ္ျခားပုစြန္မ်ိဳးစိတ္အလွေတြ ႏွစ္ေပါင္းမ်ားစြာ ေတြ႔ဖူးတယ္၊ ဒါေပမဲ့ ဒီေကာင္ကေတာ့ ပထမဆံုး ေတြ႕ဖူး တာပဲ”ဟု Facebook စာမ်က္ႏွာတြင္ ေရးခဲ့သည္။ တစ္ခ်ိဳ႕က ယင္း ေက်ာက္ပုဇြန္ကုိ Halloween ေက်ာက္ပုစြန္အျဖစ္ အမည္ေပးခဲ့ၾကၿပီး မက်က္တက်က္ျဖစ္ေနတဲ့ပုစြန္ဟု မွတ္ခ်က္ေပးခဲ့ၾကသည္။

အေကာင္သန္း ၅၀ တြင္ တစ္ေကာင္သာေတြ႕ႏုိင္သည့္ အေရာင္နွစ္မ်ိဳးစပ္ ရွားပါးေက်ာက္ပုစြန္ ေတြ႕ရွိ

 ယင္းေက်ာက္ပုစြန္မ်ဳိးမွာ ေကာင္ေရ သန္း ၅၀ တြင္ တစ္ေကာင္ႏႈန္းသာ ေတြ႕ရတတ္သည္ဟု national geographic တြင္ ေဖာ္ျပခဲ့သည္။ အဆုိပါ ေက်ာက္ပုစြန္မ်ား၏ ပံုစံသည္ အလယ္တည့္တည့္မွ အေရာင္ႏွစ္ေရာင္ကြဲျခင္း သို႔မဟုတ္ က်ားသစ္ ကြက္ပံုစံ အကြက္မ်ားျဖင့္ ျဖစ္သည္။ ထိုေက်ာက္ပုစြန္ႏွင့္အတူ ရွားပါးေက်ာက္ပုစြန္ လိေမၼာ္ေရာင္ ႏွစ္ေကာင္ႏွင့္ အျပာေရာင္ တစ္ေကာင္ ကို  Stonington ၿမိဳ႕ Wharf ရွာေဖြေရးစင္တာတြင္ ေအာက္တိုဘာလလယ္ပိုင္းအထိ ျပသထားသည္။

FOX NEWS

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

Unicode Version

အကောင်သန်း ၅၀ တွင် တစ်ကောင်သာတွေ့နိုင်သည့် အရောင်နှစ်မျိုးစပ် ရှားပါးကျောက်ပုစွန် တွေ့ရှိ

         အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် ကမ်းရိုးတန်းတွင် စက်တင်ဘာ ၁၀ ရက်နေ့က ဒေသခံတံငါသည်များသည် ပုံမှန်မဟုတ်သော အခွံမာရေသတ္တဝါများ ရှာဖွေခဲ့ကြစဉ် အကောင်သန်း ၅၀ တွင် တစ်ကောင်သာတွေ့ရှိနိုင်သော ရှားပါးအရောင်နှစ်မျိုးစပ် ကျောက်ပုစွန်တစ်ကောင်ကို တွေ့ခဲ့ကြသည်။

ထို အနီတစ်ဝက် အမည်းတစ်ဝက် ကျောက်ပုစွန်အား ပြီးခဲ့သည့်အပတ်က  ငါးဖမ်းရေယာဉ်အုပ်စု fishing vessel Force of Habit ၏ ခေါင်းဆောင်  Daryl Dunham က ရှာတွေ့ခဲ့ပြီးနောက် မိန်း ကမ်းရိုးတန်းငါးလုပ်ငန်းစင်တာသို့ လွှဲပြောင်းပေးခဲ့သည်။

“ကျွန်တော်တို့ တစ်ခြားပုစွန်မျိုးစိတ်အလှတွေ နှစ်ပေါင်းများစွာ တွေ့ဖူးတယ်၊ ဒါပေမဲ့ ဒီကောင်ကတော့ ပထမဆုံး တွေ့ဖူး တာပဲ”ဟု Facebook စာမျက်နှာတွင် ရေးခဲ့သည်။ တစ်ချို့က ယင်း ကျောက်ပုဇွန်ကို Halloween ကျောက်ပုစွန်အဖြစ် အမည်ပေးခဲ့ကြပြီး မကျက်တကျက်ဖြစ်နေတဲ့ပုစွန်ဟု မှတ်ချက်ပေးခဲ့ကြသည်။

 ယင်းကျောက်ပုစွန်မျိုးမှာ ကောင်ရေ သန်း ၅၀ တွင် တစ်ကောင်နှုန်းသာ တွေ့ရတတ်သည်ဟု national geographic တွင် ဖော်ပြခဲ့သည်။ အဆိုပါ ကျောက်ပုစွန်များ၏ ပုံစံသည် အလယ်တည့်တည့်မှ အရောင်နှစ်ရောင်ကွဲခြင်း သို့မဟုတ် ကျားသစ် ကွက်ပုံစံ အကွက်များဖြင့် ဖြစ်သည်။ ထိုကျောက်ပုစွန်နှင့်အတူ ရှားပါးကျောက်ပုစွန် လိမ္မော်ရောင် နှစ်ကောင်နှင့် အပြာရောင် တစ်ကောင် ကို  Stonington မြို့ Wharf ၏ရှာဖွေရေးစင်တာတွင် အောက်တိုဘာလလယ်ပိုင်းအထိ ပြသထားသည်။

FOX NEWS

ခင်မေဖူး (အကုန်သိ သတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။