Skip to main content
ထုိင္းက အမွတ္တံဆိပ္ေတြ မပါ၀င္ေသာ ေဆးလိပ္ဘူးပုံစံကုိ အာရွတြင္ ပထမဆုံး စတင္သုံးစြဲေသာ ႏုိင္ငံျဖစ္လာ 
Ads Block

ထုိင္းက အမွတ္တံဆိပ္ေတြ မပါ၀င္ေသာ ေဆးလိပ္ဘူးပုံစံကုိ အာရွတြင္ ပထမဆုံး စတင္သုံးစြဲေသာ ႏုိင္ငံျဖစ္လာ 


 ထိုင္းနိုင္ငံသည္ အမွတ္တံဆိပ္ေတြမပါသည့္ ရုိးရွင္းသည့္ ေဆးလိပ္ဘူးထုတ္ပိုးမႈကုိ အာရွတုိက္တြင္ ပထမဆုံး စတင္လုိက္သည့္ ႏုိင္ငံအျဖစ္ စက္တင္ဘာ ၁၀ ရက္တြင္ မိတ္ဆက္လုိက္ၿပီျဖစ္ၿပီး ယင္း နည္းလမ္းမွာ ေဆးလိပ္ေသာက္သုံးမႈ ေလ်ာ့က်ေစေရး ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း တက္ၾကြလႈပ္ရွားသူမ်ားက ခ်ီးက်ဴးခဲ့သည္။ 

ထုိင္းက အမွတ္တံဆိပ္ေတြ မပါ၀င္ေသာ ေဆးလိပ္ဘူးပုံစံကုိ အာရွတြင္ ပထမဆုံး စတင္သုံးစြဲေသာ ႏုိင္ငံျဖစ္လာ 


၂၀၁၂ ခုႏွစ္တြင္ ၾသစႀတီးယားနိုင္ငံက ေဆးလိပ္ဘူးမ်ားကို အေရာင္စံု ဒီဇိုင္း တံဆိပ္ေတြမပါဘဲ ပထမဆံုး စတင္ေရာင္းခ်ခဲ့ေသာနိုင္ငံျဖစ္ခဲ့သည္။ ယင္းေနာက္ပုိင္းမွစကာ ျပင္သစ္ ဟန္ေဂရီ နွင့္ အဂၤလန္ အပါအ၀င္ ဥေရာပနိုင္ငံအမ်ားစုလည္း ထိုကဲ့သို ့က်င့္သံုးခဲ့သည္။ 
ထိုင္းနိုင္ငံသည္ ကမၻာ့က်န္းမာေရးအဖဲြ ့၏ လမ္းညြန္ခ်က္မ်ားကို လိုက္နာမည္ဟု ယခင္နွစ္က သေဘာတူ ခဲ့ၿပီးေနာက္ ယခုလ အဂၤါေန ့တြင္ ေျပာင္းလဲထုပ္ပိုးထားေသာ ေဆးလိပ္ဘူးမ်ား ဆိုင္မ်ားေပၚသို ့ ေရာက္ရွိ ခဲ့တာျဖစ္သည္ ။
လုပ္ငန္းရွင္မ်ားအေနျဖင့္ လက္က်န္ပံုစံေဟာင္း ေဆးလိပ္ဘူးမ်ားကို ဒီဇင္ဘာ ၈ ရက္ မတိုင္ခင္ လက္က်န္ မရွိေအာင္လုပ္ရမွာျဖစ္ကာ မလိုက္နာပါက ဒဏ္ေၾကး ဘတ္ ၄၀၀၀၀ (အေမရိကန္ေဒၚလာ ၁၃၀၀) ထိေပးေဆာင္ရမည္ ျဖစ္သည္ ။
ယခု စံခ်ိန္မီထုတ္ပိုးမႈပံုစံတြင္ ေဆးလိပ္ဘူးေပၚတြင္ ေဆးလိပ္ဆိုးက်ိဳးေၾကာင့္ျဖစ္ေသာ ေရာဂါရကိုယ္ခႏၶာ အစိတ္အပိုင္းမ်ားနွင့္ လုိဂုိမပါေသာ ေဆးလိပ္အမည္အမ်ိဳးအစားကို စာလံုးပံုစံရိုးရိုးရွင္းရွင္းနွင့္ ေဖာ္ျပထားသည္။ 
ေဆးလိပ္ဆိုးက်ိဳးေၾကာင့္ျဖစ္ေသာ ေရာဂါပံုစံ ပံုေတြကိုထည့္လိုက္ျခင္းျဖင့္ ေဆးလိပ္၀ယ္ယူသူေတြအေပၚ ဆဲြေဆာင္မႈ ေလွ်ာ့ခ်လိုက္တာျဖစ္ေၾကာင္း အေရွ ့ေတာင္အာရွ ေဆးလိပ္ကန္႕သတ္ေရးအဖဲြ ့ ဥကၠဌ Parakit Vathesatogkit က ေျပာခဲ့သည္။ ေဆးလိပ္မေသာက္တတ္ေသးသည့္ ကေလးေတြလည္း ေဆးလိပ္စမ္းေသာက္လုိစိတ္ ပိုနည္းမည္ျဖစ္သည္ဟု ၄င္းက AFP သတင္းကုိ ေျပာဆုိသည္။ 
အေရွ ့ေတာင္အာရွတြင္ ေဆးလိပ္ေသာက္သူ ၂၄၆ သန္း ရွိျပီး ေစ်းနႈန္းသက္သာမႈေၾကာင့္ ကမၻာ့အႀကီးဆုံး ေဆးလိပ္ေသာက္သုံးေသာ ေဒသအျဖစ္ ေရာက္ရွိေစခဲ့ေၾကာင္း သိရသည္။

CNA

ခ်စ္ဆုေ၀ (အကုန္သိ သတင္းဌာန)

Unicode Version

ထိုင်းက အမှတ်တံဆိပ်တွေ မပါဝင်သော ဆေးလိပ်ဘူးပုံစံကို အာရှတွင် ပထမဆုံး စတင်သုံးစွဲသော နိုင်ငံဖြစ်လာ 

 ထိုင်းနိုင်ငံသည် အမှတ်တံဆိပ်တွေမပါသည့် ရိုးရှင်းသည့် ဆေးလိပ်ဘူးထုတ်ပိုးမှုကို အာရှတိုက်တွင် ပထမဆုံး စတင်လိုက်သည့် နိုင်ငံအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် မိတ်ဆက်လိုက်ပြီဖြစ်ပြီး ယင်း နည်းလမ်းမှာ ဆေးလိပ်သောက်သုံးမှု လျော့ကျစေရေး ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ချီးကျူးခဲ့သည်။ 
၂၀၁၂ ခုနှစ်တွင် သြစတြီးယားနိုင်ငံက ဆေးလိပ်ဘူးများကို အရောင်စုံ ဒီဇိုင်း တံဆိပ်တွေမပါဘဲ ပထမဆုံး စတင်ရောင်းချခဲ့သောနိုင်ငံဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်းမှစကာ ပြင်သစ် ဟန်ဂေရီ နှင့် အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံအများစုလည်း ထိုကဲ့သို့ကျင့်သုံးခဲ့သည်။ 
ထိုင်းနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွန်ချက်များကို လိုက်နာမည်ဟု ယခင်နှစ်က သဘောတူ ခဲ့ပြီးနောက် ယခုလ အင်္ဂါနေ့တွင် ပြောင်းလဲထုပ်ပိုးထားသော ဆေးလိပ်ဘူးများ ဆိုင်များပေါ်သို့ ရောက်ရှိ ခဲ့တာဖြစ်သည် ။
လုပ်ငန်းရှင်များအနေဖြင့် လက်ကျန်ပုံစံဟောင်း ဆေးလိပ်ဘူးများကို ဒီဇင်ဘာ ၈ ရက် မတိုင်ခင် လက်ကျန် မရှိအောင်လုပ်ရမှာဖြစ်ကာ မလိုက်နာပါက ဒဏ်ကြေး ဘတ် ၄၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၀၀) ထိပေးဆောင်ရမည် ဖြစ်သည် ။
ယခု စံချိန်မီထုတ်ပိုးမှုပုံစံတွင် ဆေးလိပ်ဘူးပေါ်တွင် ဆေးလိပ်ဆိုးကျိုးကြောင့်ဖြစ်သော ရောဂါရကိုယ်ခန္ဓာ အစိတ်အပိုင်းများနှင့် လိုဂိုမပါသော ဆေးလိပ်အမည်အမျိုးအစားကို စာလုံးပုံစံရိုးရိုးရှင်းရှင်းနှင့် ဖော်ပြထားသည်။ 
ဆေးလိပ်ဆိုးကျိုးကြောင့်ဖြစ်သော ရောဂါပုံစံ ပုံတွေကိုထည့်လိုက်ခြင်းဖြင့် ဆေးလိပ်ဝယ်ယူသူတွေအပေါ် ဆွဲဆောင်မှု လျှော့ချလိုက်တာဖြစ်ကြောင်း အရှေ့တောင်အာရှ ဆေးလိပ်ကန့်သတ်ရေးအဖွဲ့ ဥက္ကဌ Parakit Vathesatogkit က ပြောခဲ့သည်။ ဆေးလိပ်မသောက်တတ်သေးသည့် ကလေးတွေလည်း ဆေးလိပ်စမ်းသောက်လိုစိတ် ပိုနည်းမည်ဖြစ်သည်ဟု ၎င်းက AFP သတင်းကို ပြောဆိုသည်။ 
အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်သူ ၂၄၆ သန်း ရှိပြီး ဈေးနှုန်းသက်သာမှုကြောင့် ကမ္ဘာ့အကြီးဆုံး ဆေးလိပ်သောက်သုံးသော ဒေသအဖြစ် ရောက်ရှိစေခဲ့ကြောင်း သိရသည်။ 

CNA

ချစ်ဆုေ၀ (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။