Skip to main content
ေဘာလုံးကြင္းအတြင္း အမ်ဳိးသားလုိ ရုပ္ဖ်က္၀င္ခဲ့မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ အီရန္အမ်ဳိးသမီး ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕သတ္ေသ
Ads Block

ေဘာလုံးကြင္းအတြင္း အမ်ဳိးသားလုိ ရုပ္ဖ်က္၀င္ခဲ့မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ အီရန္အမ်ဳိးသမီး ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕သတ္ေသ

                 ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕ေသေၾကာင္းႀကံခဲ့တဲ့ အီရန္ အမ်ဳိးသမီးတစ္ဦးဟာ ေဆးရုံမွာကုသမႈ ခံယူေနစဥ္ တစ္ပတ္အၾကာမွာပဲ ေသဆုံးသြားခဲ့ၿပီလုိ ့ သိရပါတယ္။

ေဘာလုံးကြင္းအတြင္း အမ်ဳိးသားလုိ ရုပ္ဖ်က္၀င္ခဲ့မႈျဖင့္ တရားရင္ဆုိင္ေနရသည့္ အီရန္အမ်ဳိးသမီး ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕သတ္ေသ

                  ယင္း အမ်ဳိးသမီးဟာ အမ်ဳိးသားတစ္ဦးအသြင္ ရုပ္ဖ်က္ၿပီး ေဘာလုံးကြင္းအတြင္း ၀င္ေရာက္ဖုိ ့ ႀကိဳးစားခဲ့မႈနဲ႕ တရားရင္ဆုိင္ေနရကာ ရုံးထုတ္တစ္ခုမွာ အမႈမစစ္ေဆးျဖစ္ဘဲ ေရႊဆုိင္းလုိက္ၿပီးေနာက္ ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕ခဲ့တာျဖစ္ပါတယ္။ ဆာဟာ ခုိဒါယာရီ အမည္ရ ယင္းအမ်ဳိးသမီးဟာ ၿပီးခဲ့တဲ့ မတ္လအတြင္းက ေဘာလုံးကြင္းတစ္ခုအတြင္း ၀င္ေရာက္ဖုိ ့ႀကိဳးပမ္းစဥ္ ဖမ္းဆီးခံခဲ့ရတာပါ။ သူ႔ကုိ သုံးရက္တာ ခ်ဳပ္ထားခဲ့ၿပီးေနာက္ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ကာ ရူံးခ်ိန္းအတြက္ ၆ လ ေစာင့္ဆုိင္းခဲ့ရပါတယ္။

               ဒါေပမဲ့လည္း သူ႔ကုိ ရုံးထုတ္တဲ့ေန႕မွာ တရားသူႀကီးက မိသားစု အေရးေပၚအေျခအေန တစ္ခုေၾကာင့္ ရုံးခ်ိန္းကုိ ေရႊ႕ဆုိင္းခဲ့ပါတယ္။ ေနာက္ပုိင္းမွာ သူရဲ႕ ဖုန္းကုိ ျပန္ယူဖုိ ့အတြက္ တရားရုံးကုိ ျပန္လာခဲ့ၿပီး ယင္း အခ်ိန္မွာ သူ႔အေနနဲ႕ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႕ ၆ လ အထိ က်ခံ ရႏုိင္တယ္ဆုိတဲ့ တစုံတစ္ဦးရဲ႕ ေျပာစကားကုိ အမွတ္တမဲ့ ၾကားသြားခဲ့ပါတယ္။ ယင္းကဲ့သုိ ့ ၾကားခဲ့ၿပီးေနာက္ တရားရုံးေရွ႕မွာ ကုိယ့္ကုိယ္ကုိယ္ မီးရႈိ႕ခဲ့ၿပီး ေနာက္ပုိင္းမွာ ေဆးရုံမွာ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

                   အီရန္ႏုိင္ငံမွာ ၁၉၈၁ ခုႏွစ္မွစကာ အမ်ဳိးသားေတြ ကစားတဲ့ၿပိဳင္ပြဲေတြရွိရာ အားကစားကြင္း ေတြထဲ အမ်ဳိးသမီးေတြ ၀င္ေရာက္ၾကည့္ရႈ႕ခြင့္ တားျမစ္ပိတ္ပင္ထားခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ယင္း ပိတ္ပင္ခ်က္ကုိ ယာယီရုပ္သိမ္းေပးခဲ့ၿပီး တီဟီရန္ ေဘာလုံးကြင္းမွာ ကမာၻ႕ဖလားေဘာလုံးပြဲၾကည္ဖုိ ့ အမ်ဳိးသမီးေတြကုိ ခြင့္ျပဳခဲ့ပါတယ္။

              ဥပေဒမွာ အားကစားဆုိင္ရာ ပိတ္ပင္ခ်က္ကုိ ထည့္သြင္းေရးဆြဲထားျခင္းမရွိဘဲ ဒါဟာ မညွာမတာ အာဏာသုံးတားျမစ္တာမ်ဳိးျဖစ္ေၾကာင္း လူအခြင့္အေရးေစာင့္ၾကည့္အဖြဲ႕က ေ၀ဖန္ခဲ့ပါတယ္။ ကမာၻ႕ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာက ေဘာလုံးကြင္းေတြထဲ အမ်ဳိးသမီးေတြ ၀င္ေရာက္ၾကည့္ရႈခြင့္ျပဳဖုိ ့ ၾသဂုတ္ ၃၁ ရက္ ေနာက္ဆုံးထား အေၾကာင္းျပန္ရန္ ေျပာဆုိထားေသာ္လည္း အီရန္အစုိးရကေတာ့ ခြင့္ျပဳမယ္ဆုိတဲ့ အာမခံခ်က္ေပးျခင္းမ်ဳိး မရွိေသးပါဘူး။

                     ယခုျဖစ္ရပ္ဟာ ေၾကကြဲ၀မ္းနည္းဖြယ္ အမႈအခင္းတစ္ခုျဖစ္ေၾကာင္း ႏုိင္ငံတကာ လြတ္ၿငိမ္း ခ်မ္းသာခြင့္အဖြဲ႕မွ ဖိလစ္လူသာ က ေျပာဆုိခဲ့ကာ သူရဲ႕ ေသဆုံးမႈဟာ အီရန္ႏုိင္ငံရဲ႕ အမ်ဳိးသမီးအခြင့္အေရး အေပၚ ေၾကာက္ဖြယ္လိလိ မထီေလးစားလုပ္ေနမႈရဲ႕ အက်ဳိးသက္ေရာက္မႈကုိ ျမင္သာေစခဲ့ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ BBC

ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

 

ဘောလုံးကွင်းအတွင်း အမျိုးသားလို ရုပ်ဖျက်ဝင်ခဲ့မှုဖြင့် တရားရင်ဆိုင်နေရသည့် အီရန်အမျိုးသမီး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

                 ကိုယ့်ကိုယ်ကိုယ် မီးရှို့သေကြောင်းကြံခဲ့တဲ့ အီရန် အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာကုသမှု ခံယူနေစဉ် တစ်ပတ်အကြာမှာပဲ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

                  ယင်း အမျိုးသမီးဟာ အမျိုးသားတစ်ဦးအသွင် ရုပ်ဖျက်ပြီး ဘောလုံးကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့မှုနဲ့ တရားရင်ဆိုင်နေရကာ ရုံးထုတ်တစ်ခုမှာ အမှုမစစ်ဆေးဖြစ်ဘဲ ရွှေဆိုင်းလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာဖြစ်ပါတယ်။ ဆာဟာ ခိုဒါယာရီ အမည်ရ ယင်းအမျိုးသမီးဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဘောလုံးကွင်းတစ်ခုအတွင်း ဝင်ရောက်ဖို့ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို သုံးရက်တာ ချုပ်ထားခဲ့ပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကာ ရူံးချိန်းအတွက် ၆ လ စောင့်ဆိုင်းခဲ့ရပါတယ်။

               ဒါပေမဲ့လည်း သူ့ကို ရုံးထုတ်တဲ့နေ့မှာ တရားသူကြီးက မိသားစု အရေးပေါ်အခြေအနေ တစ်ခုကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ သူရဲ့ ဖုန်းကို ပြန်ယူဖို့အတွက် တရားရုံးကို ပြန်လာခဲ့ပြီး ယင်း အချိန်မှာ သူ့အနေနဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ အထိ ကျခံ ရနိုင်တယ်ဆိုတဲ့ တစုံတစ်ဦးရဲ့ ပြောစကားကို အမှတ်တမဲ့ ကြားသွားခဲ့ပါတယ်။ ယင်းကဲ့သို့ ကြားခဲ့ပြီးနောက် တရားရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

                   အီရန်နိုင်ငံမှာ ၁၉၈၁ ခုနှစ်မှစကာ အမျိုးသားတွေ ကစားတဲ့ပြိုင်ပွဲတွေရှိရာ အားကစားကွင်း တွေထဲ အမျိုးသမီးတွေ ဝင်ရောက်ကြည့်ရှု့ခွင့် တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ ယင်း ပိတ်ပင်ချက်ကို ယာယီရုပ်သိမ်းပေးခဲ့ပြီး တီဟီရန် ဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲကြည်ဖို့ အမျိုးသမီးတွေကို ခွင့်ပြုခဲ့ပါတယ်။

              ဥပဒေမှာ အားကစားဆိုင်ရာ ပိတ်ပင်ချက်ကို ထည့်သွင်းရေးဆွဲထားခြင်းမရှိဘဲ ဒါဟာ မညှာမတာ အာဏာသုံးတားမြစ်တာမျိုးဖြစ်ကြောင်း လူအခွင့်အရေးစောင့်ကြည့်အဖွဲ့က ဝေဖန်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဘောလုံးကွင်းတွေထဲ အမျိုးသမီးတွေ ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ သြဂုတ် ၃၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ပြောဆိုထားသော်လည်း အီရန်အစိုးရကတော့ ခွင့်ပြုမယ်ဆိုတဲ့ အာမခံချက်ပေးခြင်းမျိုး မရှိသေးပါဘူး။

                     ယခုဖြစ်ရပ်ဟာ ကြေကွဲဝမ်းနည်းဖွယ် အမှုအခင်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့မှ ဖိလစ်လူသာ က ပြောဆိုခဲ့ကာ သူရဲ့ သေဆုံးမှုဟာ အီရန်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေး အပေါ် ကြောက်ဖွယ်လိလိ မထီလေးစားလုပ်နေမှုရဲ့ အကျိုးသက်ရောက်မှုကို မြင်သာစေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ BBC

ကိုလင်း (အကုန်သိ သတင်းဌာန)

       

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။