Skip to main content
တရုတ္ႏုိင္ငံမွ ျမန္မာႏုိင္ငံသို႔တင္သြင္းေသာမုန္႔မ်ားမွာ ဂ်င္းထည့္ေနျခင္းျဖစ္ေၾကာင္း ဦးဗအုပ္ခုိင္ ေျပာ
Ads Block

တရုတ္ႏုိင္ငံမွ ျမန္မာႏုိင္ငံသို႔တင္သြင္းေသာမုန္႔မ်ားမွာ ဂ်င္းထည့္ေနျခင္းျဖစ္ေၾကာင္း ဦးဗအုပ္ခုိင္ ေျပာ

တရုတ္ႏုိင္ငံမွတင္သြင္းသည့္မုန္႔မ်ား၏ ၈၀ ရာခိုင္ႏႈန္းမွာ စားသံုးရန္မသင့္သည္အထိ အရည္အေသြး ည့ံဖ်င္းေၾကာင္း ျမန္မာႏိုင္ငံစားသံုးသူကာကြယ္ေရးအသင္းမွဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။

တ႐ုတ္ႏိုင္ငံမွစားေသာက္ကုန္မ်ား က်န္းမာေရးႏွင့္ ညီၫြတ္ျခင္း႐ွိ/မ႐ွိႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ေမးျမန္းရာတြင္ အထက္ပါအတိုင္းေျဖၾကားေပးျခင္းျဖစ္သည္။

“ တ႐ုတ္ႏိုင္ငံကတင္သြင္းတဲ့သြင္းကုန္ေတြအမ်ားစုက မစားသံုးသင့္ဘူး။ ၈၀ ရာခိုင္ႏႈန္းေလာက္ကို မစားသံုးသင့္ဘူး။ လူသံုးကုန္ပစၥည္းဆိုရင္လည္းစံခ်ိန္မမီဘူး။ စားေသာက္ကုန္ဆိုရင္လည္းစိတ္မခ်ရဘူး။ ကိုယ့္ႏိုင္ငံက ဆင္းရဲလို႔ဝယ္သံုးေနရတဲ့အေနအထားမွာ႐ွိတယ္။ တ႐ုတ္ကအိမ္နီးခ်င္းႏိုင္ငံလည္းျဖစ္ေတာ့ အမ်ားဆံုးသြင္းတာေပါ့။ သြင္းရင္လည္း FDA ကေနေသခ်ာေလးစစ္ေဆးသင့္တယ္။ ၿပီးေတာ့ တ႐ုတ္က ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားကိုတင္ပို႔တယ္။ အဲဒါေတြကအရည္အေသြးေကာင္းၿပီးေတာ့ ျမန္မာျပည္ကို တင္ပို႔တဲ့ဟာက်ေတာ့ ေတာ္ေတာ္ေလးညံ့တယ္။ တစ္နည္းအားျဖင့္ဂ်င္းထည့္တယ္ေခၚတာေပါ့” ဟု ျမန္မာႏိုင္ငံစားသံုးသူကာကြယ္ေရးအသင္းမွဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာသည္။

ျမန္မာႏိုင္ငံ၏အဓိကစီးပြားေရးမိတ္ဖက္မွာ တ႐ုတ္ႏိုင္ငံျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ဆန္စပါး၊ သစ္သီးဝလံ၊ အထည္အလိပ္အစ႐ွိသည္မ်ားကိုတင္ပို႔ၿပီး တ႐ုတ္ႏိုင္ငံမွ ေဆာက္လုပ္ေရးပစၥည္းႏွင့္စားေသာက္ကုန္မ်ား အမ်ားဆံုးတင္သြင္းေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဟင္းခ်ိဳမႈန္႔၊ စားေသာက္ကုန္ႏွင့္မုန္႔မ်ိဳးစံုအမ်ားဆံုး၀င္ေရာက္ေနၿပီး အဆိုပါစားေသာက္ကုန္ပစၥည္းမ်ားသည္ နယ္စပ္မွတစ္ဆင့္၀င္ေရာက္မႈအမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version

 

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့တင်သွင်းသောမုန့်များမှာ ဂျင်းထည့်နေခြင်းဖြစ်ကြောင်း ဦးဗအုပ်ခိုင် ပြော

တရုတ်နိုင်ငံမှတင်သွင်းသည့်မုန့်များ၏ ၈၀ ရာခိုင်နှုန်းမှာ စားသုံးရန်မသင့်သည်အထိ အရည်အသွေး ညံ့ဖျင်းကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

တရုတ်နိုင်ငံမှစားသောက်ကုန်များ ကျန်းမာရေးနှင့် ညီညွတ်ခြင်းရှိ/မရှိနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားပေးခြင်းဖြစ်သည်။

“ တရုတ်နိုင်ငံကတင်သွင်းတဲ့သွင်းကုန်တွေအများစုက မစားသုံးသင့်ဘူး။ ၈၀ ရာခိုင်နှုန်းလောက်ကို မစားသုံးသင့်ဘူး။ လူသုံးကုန်ပစ္စည်းဆိုရင်လည်းစံချိန်မမီဘူး။ စားသောက်ကုန်ဆိုရင်လည်းစိတ်မချရဘူး။ ကိုယ့်နိုင်ငံက ဆင်းရဲလို့ဝယ်သုံးနေရတဲ့အနေအထားမှာရှိတယ်။ တရုတ်ကအိမ်နီးချင်းနိုင်ငံလည်းဖြစ်တော့ အများဆုံးသွင်းတာပေါ့။ သွင်းရင်လည်း FDA ကနေသေချာလေးစစ်ဆေးသင့်တယ်။ ပြီးတော့ တရုတ်က ဥရောပနိုင်ငံတော်တော်များများကိုတင်ပို့တယ်။ အဲဒါတွေကအရည်အသွေးကောင်းပြီးတော့ မြန်မာပြည်ကို တင်ပို့တဲ့ဟာကျတော့ တော်တော်လေးညံ့တယ်။ တစ်နည်းအားဖြင့်ဂျင်းထည့်တယ်ခေါ်တာပေါ့” ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာနိုင်ငံ၏အဓိကစီးပွားရေးမိတ်ဖက်မှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ဆန်စပါး၊ သစ်သီးဝလံ၊ အထည်အလိပ်အစရှိသည်များကိုတင်ပို့ပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းနှင့်စားသောက်ကုန်များ အများဆုံးတင်သွင်းကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဟင်းချိုမှုန့်၊ စားသောက်ကုန်နှင့်မုန့်မျိုးစုံအများဆုံးဝင်ရောက်နေပြီး အဆိုပါစားသောက်ကုန်ပစ္စည်းများသည် နယ်စပ်မှတစ်ဆင့်ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။