Skip to main content
Ads Block








အကုန်သိသတင်းဌာန

Unicode Version

မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် အူရီဒူးမြန်မာမှ Ookla® ၏ ထပ်မံအသိအမှတ်ပြုခြင်းခံရ

၂ဝ၁၉ ခုနှစ်၊ ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်များအတွက် မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် အူရီဒူးမြန်မာမှ ထပ်မံအသိအမှတ်ပြုခံခဲ့ရကြောင်း သိရသည်။

ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးမှုတွင် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းဖြစ်သည့် Ookla® ၏ အသိအမှတ်ပြုမှု ခံရခြင်းဖြစ်သည်။

အူရီဒူးသည် အမြန်နှုန်းရမှတ်၂၈.၃၆ ကို download အတွက် ပျှမ်းမျှအမြန်နှုန်း ၃ဝ.ဝဝ Mbps နှင့် upload အတွက် ၁၆.၆၂ Mbps တို့ဖြင့်ရရှိခဲ့ခြင်းဖြစ်သည်။

“အူရီဒူးဟာ မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်းအချိန်နဲ့အမျှ သက်သေပြနိုင်မယ့် အောင်မြင်မှုမြောက်မြားစွာရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် ကျွန်တော်တို့ရဲ့  ကွန်ရက်အမြန်နှုန်းတွေနဲ့အတူ အကောင်းဆုံးသော ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ ဒီဂျစ်တယ်ဘဝတွေပြည့်စုံကောင်းမွန်စေဖို့အတွက် အမြဲကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန်းသစ်ကောင်းမွန်တဲ့ ဒီဂျစ်တယ်ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အူရီဒူးရဲ့အမြန်ဆုံးအင်တာနက်နဲ့အသုံးပြုနိုင်ဖို့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံက ထိပ်တန်းနည်းပညာလုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့အလျှောက် ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ကွန်ရက်အဆင့်မြှင့်တင်ခြင်းတွေ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောသည်။

အူရီဒူးသည် မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို ၂ဝ၁၆ ခုနှစ်၊ မေလမှစတင်၍ ပထမဦးဆုံး တရားဝင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့နယ်ပေါင်း ၃ဝဝ ကျော်နှင့် လူဦးရေ ၃၂ သန်းနီးပါးအား 4G ကွန်ရက် လွှမ်းခြုံထားကြောင်း သိရသည်။

Speed test Intelligence ဒေတာမှတ်တမ်းအရ မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဆုကို အူရီဒူးမြန်မာက ရရှိသည်ဟု ထောက်ခံကြောင်း Ookla ၏ CEO ဖြစ်သူ Doug Suttles ကလည်း ပြောကြားထားသည်။

အကုန်သိသတင်းဌာန

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။