Skip to main content
ျမန္မာ- ဂ်ပန္ပြဲစဥ္အတြင္း ကြင္းအတြင္းသို႔ ၀င္လာသူအား ရန္ကုန္ရဲအက္ဥပေဒျဖင့္ တရားစြဲတင္ထား
Ads Block

ျမန္မာ- ဂ်ပန္ပြဲစဥ္အတြင္း ကြင္းအတြင္းသို႔ ၀င္လာသူအား ရန္ကုန္ရဲအက္ဥပေဒျဖင့္ တရားစြဲတင္ထား

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္စက္တင္ဘာလ(၁၀)ရက္၌ ျမန္မာလက္ေရြးစင္ေဘာလံုးအသင္းႏွင့္ ဂ်ပန္လက္ေရြးစင္ေဘာလံုးအသင္းတို႔ယွဥ္ၿပိဳင္ေနခ်ိန္ ကြင္းအတြင္း၀င္ေရာက္လာသူကို ရန္ကုန္ရဲအက္ဥပေဒ ၄၁/၁၄ ျဖင့္ တရားစြဲတင္ထားေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ျမန္မာ- ဂ်ပန္ပြဲစဥ္အတြင္း ကြင္းအတြင္းသို႔ ၀င္လာသူအား ရန္ကုန္ရဲအက္ဥပေဒျဖင့္ တရားစြဲတင္ထား

ကြင္းအတြင္းသို႔ ၀င္ေရာက္လာသူမွာ ဆန္းမင္းဦး၊ ၂၅ ႏွစ္၊ သာေကတၿမိဳ႕နယ္ေနထိုင္သူျဖစ္ၿပီး အခင္းျဖစ္ခ်ိန္၌ မူးယစ္ေနေၾကာင္း သိရွိရသည္။

“အဲဒီတစ္ေယာက္ကို ကၽြန္ေတာ္တို႔ဆီညတြင္းခ်င္းပဲတိုင္းၾကားၿပီးအမႈဖြင့္တဲ့အတြက္ ခ်က္ခ်င္းပဲဖမ္းဆီးၿပီး ဒီမနက္မွာေတာ့ ရန္ကုန္ရဲအက္ဥပေဒ ၄၁/၁၄ နဲ႔သဃၤန္းကၽြန္းၿမိဳ႕နယ္တရားရုံးမွာတရားစြဲတင္လိုက္ပါၿပီ။”ဟု သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွတာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ယင္းျဖစ္စဥ္ကို အာရွေဘာလံုးအဖြဲ႕ခ်ဳပ္မတာ၀န္ရွိသူမ်ားက မွတ္တမ္းမ်ားယူသြားေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုသိန္းကေျပာသည္။

“ကၽြန္ေတာ္တို႔ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး AFC Match Commissioner ေတြကမွတ္တမ္းယူသြားပါၿပီ။ အခုအခ်ိန္အထိေတာ့ ေဘာလံုးအဖြဲ႕ခ်ဳပ္ကိုေတာ့အေၾကာင္းမျပန္ေသးပါဘူး။ သူတို႔ဘက္အေၾကာင္းျပန္ရင္ ကၽြန္ေတာ္တို႔ဘက္ကေျဖရွင္းခ်က္ျပန္ေပးရမွာေပါ့။ အဲဒီအေနအထားပါ။ အဲဒီတစ္ေယာက္ကိုေတာ့ ညတြင္းခ်င္းပဲသဃၤန္းကၽြန္းၿမိဳ႕နယ္ရဲစခန္းမွာအမႈဖြင့္လိုက္ပါၿပီ။ က်န္တာကေတာ့ လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္ရြက္သြားမွာပါ။”ဟု ဦးကိုကိုသိန္းက ေျပာသည္။

အဆိုပါပြဲစဥ္တြင္ ဂ်ပန္အသင္းသည္ ျမန္မာအသင္းကိ္ုပထမပိုင္းသြင္းဂိုး(၂)ဂိုးျဖင့္ အႏုိင္ရရွိခဲ့ၿပီး ျမန္မာအသင္းမွာ အုပ္စုပြဲ(၂)ပြဲဆက္ ရႈံးပြဲႀကံဳေတြ႕ခဲ့ျခင္းျဖစ္သည္။

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

Unicode Version

 

မြန်မာ- ဂျပန်ပွဲစဉ်အတွင်း ကွင်းအတွင်းသို့ ဝင်လာသူအား ရန်ကုန်ရဲအက်ဥပဒေဖြင့် တရားစွဲတင်ထား

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်စက်တင်ဘာလ(၁၀)ရက်၌ မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့ယှဉ်ပြိုင်နေချိန် ကွင်းအတွင်းဝင်ရောက်လာသူကို ရန်ကုန်ရဲအက်ဥပဒေ ၄၁/၁၄ ဖြင့် တရားစွဲတင်ထားကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။

ကွင်းအတွင်းသို့ ဝင်ရောက်လာသူမှာ ဆန်းမင်းဦး၊ ၂၅ နှစ်၊ သာကေတမြို့နယ်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ချိန်၌ မူးယစ်နေကြောင်း သိရှိရသည်။

“အဲဒီတစ်ယောက်ကို ကျွန်တော်တို့ဆီညတွင်းချင်းပဲတိုင်းကြားပြီးအမှုဖွင့်တဲ့အတွက် ချက်ချင်းပဲဖမ်းဆီးပြီး ဒီမနက်မှာတော့ ရန်ကုန်ရဲအက်ဥပဒေ ၄၁/၁၄ နဲ့သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာတရားစွဲတင်လိုက်ပါပြီ။”ဟု သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ကို အာရှဘောလုံးအဖွဲ့ချုပ်မတာဝန်ရှိသူများက မှတ်တမ်းများယူသွားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။

“ကျွန်တော်တို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး AFC Match Commissioner တွေကမှတ်တမ်းယူသွားပါပြီ။ အခုအချိန်အထိတော့ ဘောလုံးအဖွဲ့ချုပ်ကိုတော့အကြောင်းမပြန်သေးပါဘူး။ သူတို့ဘက်အကြောင်းပြန်ရင် ကျွန်တော်တို့ဘက်ကဖြေရှင်းချက်ပြန်ပေးရမှာပေါ့။ အဲဒီအနေအထားပါ။ အဲဒီတစ်ယောက်ကိုတော့ ညတွင်းချင်းပဲသင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာအမှုဖွင့်လိုက်ပါပြီ။ ကျန်တာကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာပါ။”ဟု ဦးကိုကိုသိန်းက ပြောသည်။

အဆိုပါပွဲစဉ်တွင် ဂျပန်အသင်းသည် မြန်မာအသင်းကိုပထမပိုင်းသွင်းဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းမှာ အုပ်စုပွဲ(၂)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။