Skip to main content
ကိုကို၊ ညီညီ၏ဓာတ္ပံုကိုျမင္ခ်ိန္၌ ဗစ္တိုးရီးယားက ေျခေထာက္ျဖင့္ကန္ျပဟု ဆို
Ads Block

ကိုကို၊ ညီညီ၏ဓာတ္ပံုကိုျမင္ခ်ိန္၌ ဗစ္တိုးရီးယားက ေျခေထာက္ျဖင့္ကန္ျပဟု ဆို

ေနျပည္ေတာ္ရွိ ၃ ႏွစ္အရြယ္မိန္းကေလး လိင္ပိုင္းဆိုင္ရာေစာ္ကားခံရျခင္းႏွင့္ပတ္သက္ၿပီး ကိုကိုႏွင့္ ညီညီတို႔ က်ဴးလြန္ျခင္းျဖစ္သည္ဟု ဗစ္တိုးရီးယားက ထြက္ဆိုခဲ့ေၾကာင္း ေရွ႕ေနေဒၚရြက္ႏုေအာင္က ေျပာသည္။

ကိုကို၊ ညီညီ၏ဓာတ္ပံုကိုျမင္ခ်ိန္၌ ဗစ္တိုးရီးယားက ေျခေထာက္ျဖင့္ကန္ျပဟု ဆို

အမႈႏွင့္ပတ္သက္ၿပီး ေနျပည္ေတာ္ဒကၡိဏခရုိင္တရားရုံးတြင္ ယေန႔(စက္တင္ဘာလ ၁၁ ရက္)က ဗစ္တုိးရီးယားကေလးငယ္ကို video ကြန္ဖရင္းဇင္းျဖင့္ စစ္ေဆးရာတြင္ ယင္းကဲ့သို႔ထြက္ဆုိခဲ့ျခင္းျဖစ္သည္။

“ ကိုေအာင္ႀကီးပံုပါတဲ့ပရင့္ထုတ္ထားတဲ့ပံုကိုသမီးေလးကိုျပၿပီးေမးတယ္။ သမီးေလးကမသိဘူးေျဖပါတယ္။ သက္ေသခံ- ဂ မွာပါတဲ့ ကိုကို၊ညီညီဓာတ္ပံုကိုျပၿပီးေမးတဲ့အခါမွာ သက္ေသခံသက္ေသမွာပါတုန္းကလုိပဲ ဒီလူေတြပါဆုိၿပီးျပတယ္။ အဲဒီအခ်ိန္မွာပဲမေက်နပ္ဘူးဆုိၿပီး ေျခေထာက္နဲ႔ေပါက္၊ စားပြဲေပၚတင္ထားတဲ့ ဓာတ္ပံုကို ေျခေထာက္နဲ႔ကန္ျပတယ္။”ဟု ဗစ္တုိးရီးယားေလး၏ေရွ႕ေန ေဒၚရြက္ႏုေအာင္က ေျပာသည္။

တရားခြင္တြင္ ကေလးငယ္အား ဥာဏ္စမ္းသည့္အခါတြင္ ေကာင္းမြန္စြာေျဖဆုိႏုိင္ျခင္း၊ အေရာင္ေရြးခ်ယ္ခုိင္းရာတြင္လည္း ေကာင္းမြန္စြာေရြးခ်ယ္ႏုိင္ျခင္း၊ အမွန္ကို အကုန္ေျဖဆုိႏုိင္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ကေလးငယ္အေနျဖင့္ ကိုေအာင္ႀကီးႏွင့္ပတ္သက္သည့္အေၾကာင္းတစ္စံုတစ္ရာပင္ ထြက္ဆုိခဲ့ျခင္းမရွိေၾကာင္း ကိုေအာင္ႀကီး၏ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကလည္း တရားခြင္အၿပီးတြင္ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

အဆိုပါအမႈကိုလာမည့္စက္တင္ဘာလ ၂၄ ရက္သို႔ျပန္လည္ခ်ိန္းဆုိထားၿပီး အဆုိပါရုံးခ်ိန္းတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ ကြန္ပ်ဴတာကၽြမ္းက်င္သူကိုစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ကိုကို၊ ညီညီ၏ဓာတ်ပုံကိုမြင်ချိန်၌ ဗစ်တိုးရီးယားက ခြေထောက်ဖြင့်ကန်ပြဟု ဆို

နေပြည်တော်ရှိ ၃ နှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းနှင့်ပတ်သက်ပြီး ကိုကိုနှင့် ညီညီတို့ ကျူးလွန်ခြင်းဖြစ်သည်ဟု ဗစ်တိုးရီးယားက ထွက်ဆိုခဲ့ကြောင်း ရှေ့နေဒေါ်ရွက်နုအောင်က ပြောသည်။

အမှုနှင့်ပတ်သက်ပြီး နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးတွင် ယနေ့(စက်တင်ဘာလ ၁၁ ရက်)က ဗစ်တိုးရီးယားကလေးငယ်ကို video ကွန်ဖရင်းဇင်းဖြင့် စစ်ဆေးရာတွင် ယင်းကဲ့သို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“ ကိုအောင်ကြီးပုံပါတဲ့ပရင့်ထုတ်ထားတဲ့ပုံကိုသမီးလေးကိုပြပြီးမေးတယ်။ သမီးလေးကမသိဘူးဖြေပါတယ်။ သက်သေခံ- ဂ မှာပါတဲ့ ကိုကို၊ညီညီဓာတ်ပုံကိုပြပြီးမေးတဲ့အခါမှာ သက်သေခံသက်သေမှာပါတုန်းကလိုပဲ ဒီလူတွေပါဆိုပြီးပြတယ်။ အဲဒီအချိန်မှာပဲမကျေနပ်ဘူးဆိုပြီး ခြေထောက်နဲ့ပေါက်၊ စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံကို ခြေထောက်နဲ့ကန်ပြတယ်။”ဟု ဗစ်တိုးရီးယားလေး၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

တရားခွင်တွင် ကလေးငယ်အား ဉာဏ်စမ်းသည့်အခါတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခြင်း၊ အရောင်ရွေးချယ်ခိုင်းရာတွင်လည်း ကောင်းမွန်စွာရွေးချယ်နိုင်ခြင်း၊ အမှန်ကို အကုန်ဖြေဆိုနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကလေးငယ်အနေဖြင့် ကိုအောင်ကြီးနှင့်ပတ်သက်သည့်အကြောင်းတစ်စုံတစ်ရာပင် ထွက်ဆိုခဲ့ခြင်းမရှိကြောင်း ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကလည်း တရားခွင်အပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါအမှုကိုလာမည့်စက်တင်ဘာလ ၂၄ ရက်သို့ပြန်လည်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ ကွန်ပျူတာကျွမ်းကျင်သူကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။