Skip to main content
ႏိုင္ငံတကာမွအသိအမွတ္ျပဳပါက ျမစ္ငါးတန္ကိုသာ ျမန္မာ့မ်ိဳးရင္းငါးတန္အျဖစ္တင္ပို႔ႏုိင္ေရး စီစဥ္ေန
Ads Block

ႏိုင္ငံတကာမွအသိအမွတ္ျပဳပါက ျမစ္ငါးတန္ကိုသာ ျမန္မာ့မ်ိဳးရင္းငါးတန္အျဖစ္တင္ပို႔ႏုိင္ေရး စီစဥ္ေန

ႏိုင္ငံတကာမွအသိအမွတ္ျပဳပါက ျမစ္ငါးတန္ကိုသာ ျမန္မာ့မ်ိဳးရင္းငါးတန္အျဖစ္တင္ပို႔ႏုိင္ေရး စီစဥ္ေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး၊ ငါးလုပ္ငန္းဦးစီးဌာနမွ ဒုတိယတုိင္းဦးစီးမွဴးဦးလွေဌးက ေျပာသည္။

ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္၌ စက္တင္ဘာလ ၁၀ ရက္ကက်င္းပေသာ အစည္းအေ၀းတြင္ ယင္းကဲ့သုိ႔ေျပာျခင္း ျဖစ္သည္။

“နုိင္ငံျခားကုိတင္ပုိ႔တဲ့အခါမွာ ႏုိင္ငံတုိင္း၊ ႏုိင္ငံတုိင္းကတင္သြင္းလာတဲ့ဟာအေပၚကုိ စစ္ေဆးမႈေတြ လုပ္တာေပါ့။ အခုဘာျဖစ္ေနလဲဆုိရင္ ငါးေမြးျမဴတဲ့လူေတြေတာင္ ဘာငါးကဘာအမ်ိဳးအစားပါလုိ႔ မခြဲႏုိင္ေတာ့ပါဘူး။ ငါးကတစ္ပုံတည္းျဖစ္ေနတယ္။ ကြာျခားခ်က္ကနည္းနည္းပဲရွိတယ္။ တစ္ေကာင္စ၊ ႏွစ္ေကာင္စဆုိရင္ေတာ့ ခြဲႏုိင္ပါတယ္။ အမ်ားႀကီးဆုိေတာ့ဘယ္ခြဲႏုိင္ေတာ့မလဲ။ အဲဒီအတြက္ေၾကာင့္ တြံေတးဘက္ကရလာတဲ့ျမစ္ငါးတန္ကုိေလွာ္ကားစခန္းမွာေဖာက္ၿပီးေတာ့ သီးသန္႔မ်ဳိးရင္းအျဖစ္ ျမန္မာမ်ဳိးရင္းငါးတန္လုပ္ဖုိ႔စီစဥ္ေနပါတယ္။ လူႀကီးေတြကုိလည္းတင္ျပထားပါတယ္”ဟု ရန္ကုန္တုိင္းေဒသႀကီး၊ ငါးလုပ္ငန္းဦးစီးဌာနမွ ဒုတိယတုိင္းဦးစီးမွဴး ဦးလွေဌးကေျပာသည္။

ဗီယက္နမ္ႏုိင္ငံမွ အေမရိကန္ႏိုင္ငံသုိ႔ ငါးတန္တင္ပုိ႔မႈမွာေအာင္ျမင္မႈမ်ားစြာရွိေသာေၾကာင့္ ၿပီးခဲ့ေသာ ၂၀၀၉- ၂၀၁၀ ခုႏွစ္တြင္ဗီယက္နမ္ႏုိင္ငံသုိ႔ သြားေရာက္စဥ္ ရရွိခဲ့ေသာငါးတန္မ်ဳိးစိတ္တစ္မ်ဳိးကုိ ေလွာ္ကားစခန္း၌ ၂၀၁၁ ခုႏွစ္မွစတင္ေမြးျမဴခဲ့ၿပီး လက္ရွိတြင္ ျပည္တြင္းရွိေသာငါးတန္မ်ဳိးစိတ္ႏွင့္ ယင္းမ်ဳိးစိတ္တုိ႔ေရာေႏွာေပါက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အမ်ိဳးအစားခြဲျခားႏုိင္ျခင္းမရွိေတာ့ေသာေၾကာင့္ ျမန္မာ့မ်ိဳးရင္းျမစ္ငါးတန္ကိုသာ ႏုိင္ငံျခားသုိ႔ တင္ပုိ႔ရန္ ရန္ကုန္တုိင္းေဒသႀကီး၊ ငါးလုပ္ငန္းဦးစီးဌာနမွ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ႏုိင္ငံတကာမွလက္ခံလာပါက ျမစ္ငါးတန္ကို သီးသန္႔ေမြးျမဴသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာနိုင္ငံမွထြက္ရွိသည့္ေရထြက္ပစၥည္းမ်ားကို ထိုင္း၊ တရုတ္၊ဂ်ပန္စသည့္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္သို႔တင္ပို႔ေနၿပီး ျမန္မာ့ငါးတန္မ်ားကိုဝယ္ယူရန္ တရုတ္ႏုိင္ငံမွကမ္းလွမ္းေနမႈမ်ား ရွိေနေၾကာင္းလည္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံတကာမှအသိအမှတ်ပြုပါက မြစ်ငါးတန်ကိုသာ မြန်မာ့မျိုးရင်းငါးတန်အဖြစ်တင်ပို့နိုင်ရေး စီစဉ်နေ

နိုင်ငံတကာမှအသိအမှတ်ပြုပါက မြစ်ငါးတန်ကိုသာ မြန်မာ့မျိုးရင်းငါးတန်အဖြစ်တင်ပို့နိုင်ရေး စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဦးလှဌေးက ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ စက်တင်ဘာလ ၁၀ ရက်ကကျင်းပသော အစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်း ဖြစ်သည်။

“နိုင်ငံခြားကိုတင်ပို့တဲ့အခါမှာ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းကတင်သွင်းလာတဲ့ဟာအပေါ်ကို စစ်ဆေးမှုတွေ လုပ်တာပေါ့။ အခုဘာဖြစ်နေလဲဆိုရင် ငါးမွေးမြူတဲ့လူတွေတောင် ဘာငါးကဘာအမျိုးအစားပါလို့ မခွဲနိုင်တော့ပါဘူး။ ငါးကတစ်ပုံတည်းဖြစ်နေတယ်။ ကွာခြားချက်ကနည်းနည်းပဲရှိတယ်။ တစ်ကောင်စ၊ နှစ်ကောင်စဆိုရင်တော့ ခွဲနိုင်ပါတယ်။ အများကြီးဆိုတော့ဘယ်ခွဲနိုင်တော့မလဲ။ အဲဒီအတွက်ကြောင့် တွံတေးဘက်ကရလာတဲ့မြစ်ငါးတန်ကိုလှော်ကားစခန်းမှာဖောက်ပြီးတော့ သီးသန့်မျိုးရင်းအဖြစ် မြန်မာမျိုးရင်းငါးတန်လုပ်ဖို့စီစဉ်နေပါတယ်။ လူကြီးတွေကိုလည်းတင်ပြထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးကပြောသည်။

ဗီယက်နမ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ငါးတန်တင်ပို့မှုမှာအောင်မြင်မှုများစွာရှိသောကြောင့် ပြီးခဲ့သော ၂၀၀၉- ၂၀၁၀ ခုနှစ်တွင်ဗီယက်နမ်နိုင်ငံသို့ သွားရောက်စဉ် ရရှိခဲ့သောငါးတန်မျိုးစိတ်တစ်မျိုးကို လှော်ကားစခန်း၌ ၂၀၁၁ ခုနှစ်မှစတင်မွေးမြူခဲ့ပြီး လက်ရှိတွင် ပြည်တွင်းရှိသောငါးတန်မျိုးစိတ်နှင့် ယင်းမျိုးစိတ်တို့ရောနှောပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အမျိုးအစားခွဲခြားနိုင်ခြင်းမရှိတော့သောကြောင့် မြန်မာ့မျိုးရင်းမြစ်ငါးတန်ကိုသာ နိုင်ငံခြားသို့ တင်ပို့ရန် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတကာမှလက်ခံလာပါက မြစ်ငါးတန်ကို သီးသန့်မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့်ရေထွက်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ဂျပန်စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့နေပြီး မြန်မာ့ငါးတန်များကိုဝယ်ယူရန် တရုတ်နိုင်ငံမှကမ်းလှမ်းနေမှုများ ရှိနေကြောင်းလည်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။