Skip to main content
Ads Block



“အချစ်ဆိုတဲ့အရာကိုအရမ်းတန်ဖိုးထားပါတယ်”ဆိုတဲ့ ယဉ်လတ်

 






Unicode Version

 

“အချစ်ဆိုတဲ့အရာကိုအရမ်းတန်ဖိုးထားပါတယ်”ဆိုတဲ့ ယဉ်လက်

အချစ်ရေးနဲ့ ပတ်သက်ပြီး တန်ဖိုးထာူတတ်တဲ့ ယဉ်လက် က သူမ က လက်ရှိမှာတော့ ချစ်ရမယ့်သူ မရှိသေးသလို သူမကို ချစ်ရေးဆိုသူလည်းမရှိဘူးလို့ ပြောလာပါတယ်။

သရုပ်ဆောင် ယဉ်လက် က ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးမှတစ်ဆင့် အနုပညာလောကထဲသို့ဝင်ရောက်လာပြီး အက်ရှင်ဇာတ်ကားများနဲ့အတူ      ပရိသတ်များရဲ့အားပေးမှုကိုအပြည့်အဝရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

ပရိသတ်အားပေးမှုတွေပိုမိုရရှိလာသလို သူမရဲ့ အချစ်ရေးကိုလည်းစိတ်ဝင်းစားကြတဲ့ အတွက် အချစ်ရေးနဲ့ ပတ်သက်ပြီး

“ကိုးတန်းတုန်းက ရည်းစားစာတစ်ခါပဲအပေးခံရဖူးသေးတယ်။အချစ်ဆိုတာကို အခုချိန်မှာသေချာမသိသေးပေမဲ့တစ်ချိန်အသက်ကြီးလာလို့ကိုယ်အရမ်းချစ်ရတဲ့သူရှိလာပြီဆိုရင် အရမ်းချစ်မှာရင်ခုန်တယ်ဆိုတာဘာမှန်းတောင်မသိသေးပါဘူး။ အိမ်ကတော့ လွတ်လပ်ခွင့်အပြည့်အဝပေးထားတယ် ကိုယ့်ကို Propose လုပ်တဲ့သူလည်းမရှိသေးပါဘူး”လို့ယဉ်လက်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အကုန်သိသတင်းဌာနကိုပြောပါတယ်။

ယဉ်လက်ကတော့ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ပြီး ဖိုက်တင်ခန်းတွေကိုလည်းပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့သဘာဝမင်းသမီးလေးလည်းဖြစ်သလိုအတိုက်အခိုက်ကျွမ်းကျင်သူလေးလည်းဖြစ်ပါတယ်။ “စစ်ကိုမုန်း၍တိုက်ခဲ့သည်”ဇာတ်ကားမှာ ခင်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး နူးညံ့ပြီးအချစ်ကိုရူးသွပ်တဲ့ကောင်မလေးတစ်ယောက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြုခြင်းကိုပိုမိုရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။

-ကျော့မှူးနွယ်(အကုန်သိသတင်းဌာန)

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။