Skip to main content
Ads Block
Unicode Version
သွေးကြောပေါက်သွားလို့ ဆေးရုံတက်လိုက်ရတဲ့ ဝက်မရဲ့ အခြေအနေစိုးရိမ်ရလား
“အာရုံကြော သွေးကြောလေး သေးသေးလေး ပေါက်သွားတာ မသိလိုက်ဘူး။ အခု အဲဒါ SSC ဆေးခန်းမှာ ဒေါက်တာဉာဏ်လင်းအောင်နဲ့ တွေ့ပြီးတော့ သူက ပွဲကို ပေးမသွားတော့ဘူး။ အန္တရာယ်ရှိတယ်တဲ့။ ဒီအတိုင်း ပေတေနေလိုက်ရင် ပိုဆိုးသွားမယ်ဆိုပြီး ဆေးရုံတက်လိုက်ရတာပေါ့နော်။ အခု ကောင်းသွားပြီ။ ပေါက်နေတဲ့ သွေးကြောကို ဆေးနဲ့ ပိတ်တာပေါ့။ တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ operation လုပ်မယ်ပေါ့။ ဒါပေမဲ့ အခု ၃ ရက်ရှိပြီဆိုတော့ အခြေအနေကတော့ တော်တော်ကောင်းနေပြီ။ ဆေးနဲ့ပဲ ဆက်ပြီး ပိတ်မယ်။ အလုပ်တော့ လုံး၀ ပေးမလုပ်သေးဘူး။ အာရုံကြောနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်နေတော့ အချိန်တော့ နည်းနည်း ယူရမယ်။ တစ်လ၊ တစ်လကျော်လောက်ပေါ့”လို့ လူရွှင်တော် ဝက်မ ကပြောပါတယ်။
ရိုက်ကူး/တည်းဖြတ်-ကျော်ကြားဟိန်း၊ကျော့မှူးနွယ်
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။