Skip to main content
JMC အစည္းအေ၀းမ်ား ေအာက္တုိဘာလ ၁၅ ရက္၌တရား၀င္ျပန္လည္စတင္ရန္ အစုိးရကုိယ္စားလွယ္မ်ား အဆုိျပဳ
Ads Block

JMC အစည္းအေ၀းမ်ား ေအာက္တုိဘာလ ၁၅ ရက္၌တရား၀င္ျပန္လည္စတင္ရန္ အစုိးရကုိယ္စားလွယ္မ်ား အဆုိျပဳ

JMC အစည္းအေ၀းမ်ားကို ေအာက္တုိဘာလ ၁၅ ရက္၌တရား၀င္ျပန္စတင္ရန္ အစုိးရကုိယ္စားလွယ္မ်ားက အပစ္ရပ္လက္မွတ္ထုိးထားေသာ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားကုိ အဆုိျပဳခဲ့ေၾကာင္း NRPC အစုိးရကုိယ္စားလွယ္အစုအဖြဲ႔မွ ဦးလွေမာင္ေရႊက ေျပာသည္။ JMC အစည္းအေ၀းမ်ား ေအာက္တုိဘာလ ၁၅ ရက္၌တရား၀င္ျပန္လည္စတင္ရန္ အစုိးရကုိယ္စားလွယ္မ်ား အဆုိျပဳ

ရန္ကုန္ၿမိဳ႕၊ ေရႊလီလမ္းရွိ NRPC အစည္းအေ၀းခန္းမတြင္ ယေန႔(စက္တင္ဘာလ ၁၀ ရက္)က က်င္းပေသာ ညွိနႈိင္းအစည္းအေ၀းတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ဘက္က ေအာက္တုိဘာလ ၁၅ ရက္ကုိအဆုိျပဳတာေပါ့။ အဲဒီေတာ့ KNU နဲ႔ RCSS သူတုိ႔တက္မွ ပြဲကျဖစ္မယ္’’ဟု NRPC အစုိးရကုိယ္စားလွယ္အစုအဖြဲ႔မွ ဦးလွေမာင္ေရႊက ေျပာသည္။

JMC အစည္းအေ၀းမ်ား ေအာက္တုိဘာလ ၁၅ ရက္၌တရား၀င္ျပန္လည္စတင္ရန္ အစုိးရကုိယ္စားလွယ္မ်ား အဆုိျပဳ

ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ႏုိ၀င္ဘာလ ၁၀ ရက္ႏွင့္ ၁၂ ရက္တုိ႔တြင္ KNU RCSS တုိ႔က တရား၀င္ေဆြးေႏြးပြဲမ်ားတြင္ ၀င္ေရာက္ေဆြးေႏြးမႈယာယီရပ္ဆုိင္းခဲ့ၿပီးေနာက္ အလြတ္သေဘာ ေတြ႔ဆုံေဆြးေႏြးမႈမ်ားကုိအစုိးရဘက္မွစတင္ခဲ့ရာ KNU ႏွင့္ ၁၁ ႀကိမ္၊ RCSS ႏွင့္ ၁၁ ႀကိမ္ေဆြးေႏြးခဲ့ၾကသည္။

တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာစာခ်ဳပ္ကုိ KNU  ၊RCSS ၊ ABSDF ၊ PNLO  ၊ALP  ၊DKBA  ၊CNF  ၊KNLA PC၊  NMSP ၊ LDU တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔တုိ႔က ၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာလ ၁၅ ရက္တြင္ သေဘာတူလက္မွတ္ေရးထုိးခဲ့သည္။

အလားတူ ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီတုိ႔က ထပ္မံလက္မွတ္ ေရးထုိးခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

JMC အစည်းအဝေးများ အောက်တိုဘာလ ၁၅ ရက်၌တရားဝင်ပြန်လည်စတင်ရန် အစိုးရကိုယ်စားလှယ်များ အဆိုပြု

JMC အစည်းအဝေးများကို အောက်တိုဘာလ ၁၅ ရက်၌တရားဝင်ပြန်စတင်ရန် အစိုးရကိုယ်စားလှယ်များက အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အဆိုပြုခဲ့ကြောင်း NRPC အစိုးရကိုယ်စားလှယ်အစုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ NRPC အစည်းအဝေးခန်းမတွင် ယနေ့(စက်တင်ဘာလ ၁၀ ရက်)က ကျင်းပသော ညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က အောက်တိုဘာလ ၁၅ ရက်ကိုအဆိုပြုတာပေါ့။ အဲဒီတော့ KNU နဲ့ RCSS သူတို့တက်မှ ပွဲကဖြစ်မယ်’’ဟု NRPC အစိုးရကိုယ်စားလှယ်အစုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နှင့် ၁၂ ရက်တို့တွင် KNU RCSS တို့က တရားဝင်ဆွေးနွေးပွဲများတွင် ဝင်ရောက်ဆွေးနွေးမှုယာယီရပ်ဆိုင်းခဲ့ပြီးနောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကိုအစိုးရဘက်မှစတင်ခဲ့ရာ KNU နှင့် ၁၁ ကြိမ်၊ RCSS နှင့် ၁၁ ကြိမ်ဆွေးနွေးခဲ့ကြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောစာချုပ်ကို KNU  ၊RCSS ၊ ABSDF ၊ PNLO  ၊ALP  ၊DKBA  ၊CNF  ၊KNLA PC၊  NMSP ၊ LDU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အလားတူ ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့က ထပ်မံလက်မှတ် ရေးထိုးခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။