Skip to main content
YBS မွတ္တိုင္မ်ားတြင္ဆိုင္ခန္းမ်ားထားရွိမည္ဆိုျခင္းႏွင့္ပတ္သက္ၿပီး လာေရာက္ရွင္းလင္းရန္ စည္ပင္ကို အေၾကာင္းၾကားထား
Ads Block

YBS မွတ္တိုင္မ်ားတြင္ဆိုင္ခန္းမ်ားထားရွိမည္ဆိုျခင္းႏွင့္ပတ္သက္ၿပီး လာေရာက္ရွင္းလင္းရန္ စည္ပင္ကို အေၾကာင္းၾကားထား

ရန္ကုန္ၿမိဳ႕ရွိ YBS မွတ္တိုင္မ်ားတြင္ ၅ ေပပတ္လည္ဆိုင္ခန္းမ်ားထားရွိမည္ဆိုျခင္းႏွင့္ပတ္သက္ၿပီး လာေရာက္ရွင္းလင္းရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို ရန္ကုန္တုိင္းေဒသႀကီး ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီက အေၾကာင္းၾကားထားေၾကာင္း သိရသည္။

YBS မွတ္တိုင္မ်ားတြင္ဆိုင္ခန္းမ်ားထားရွိမည္ဆိုျခင္းႏွင့္ပတ္သက္ၿပီး လာေရာက္ရွင္းလင္းရန္ စည္ပင္ကို အေၾကာင္းၾကားထား

ဘတ္စ္ကားမွတ္တုိင္မ်ားတြင္ထားရွိမည့္ ေစ်းဆုိင္ခန္းမ်ားႏွင့္ ပတ္သက္ၿပီးလတ္တေလာတြင္ လူထုအၾကား ေဝဖန္မႈမ်ားရွိေနၿပီး အဆုိပါကိစၥႏွင့္ပတ္သက္၍  ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္သို႔လည္းတင္ျပခဲ့ျခင္း မရွိေၾကာင္း သိရသည္။

“ လႊတ္ေတာ္ကိုလည္းမတင္ျပဘူး။ ဒါကေတာ့စည္ပင္ကသူ႔လုပ္ပိုိင္ခြင့္လုိ႔ေျပာတယ္။ သူ႔ဘာသာသူပဲလုပ္တာေပါ့ေလ။ အခုေလာေလာဆယ္ေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးစည္ပင္ကိုေခၚထားတယ္။ ကၽြန္မတို႔ေကာ္မတီနဲ႔ေတြ႔ဖုိ႔ေပ့ါ။ ဘာေၾကာင့္ဒီလုိမ်ိဳးေနရာေတြမွာေစ်းဆုိင္ေတြလုပ္ဖုိ႔စဥ္းစားတာလဲဆုိတာ စည္ပင္ကို ကၽြန္မတုိ႔ေကာ္မတီအေနနဲ႔ လာေရာက္ရွင္းလင္းတင္ျပပါဆုိၿပီးေခၚထားတယ္။မလာေသးဘူး။ စည္းကမ္းနဲ႔ မညီညႊတ္တဲ့သူေတြကိုဖမ္းေနတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးလုပ္တယ္ဆုိတာမေကာင္းဘူးေပါ့။” ဟု ရန္ကုန္တုိင္းေဒသႀကီး ဘ႑ာေရး၊ စီမံကိန္းႏွင့္စီးပြားေရးေကာ္မတီဥကၠ႒ ေဒၚစႏၵာမင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ စက္တင္ဘာလ ၁၂ ရက္ႏွင့္ ၁၃ ရက္မ်ားတြင္ ရွင္းလင္းတင္ျပေပးရန္ အေၾကာင္းၾကားထားေၾကာင္း ၎ကေျပာသည္။

YBS မွတ္တိုင္မ်ားတြင္ တည္ေဆာက္မည့္ဆိုင္ခန္းမ်ားတြင္ လမ္းေဘးေစ်းသည္မ်ားကို ေနရာခ်ထားေပးမည္ မဟုတ္ဘဲ Bus ကားမ်ားတြင္ အသံုးျပဳမည့္ Top Up ကတ္မ်ားေရာင္းခ်ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စိုးက စက္တင္ဘာလ ၂ ရက္၌က်င္းပေသာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

ခ်မ္းၿငိမ္း (အကုန္သိသတင္းဌာန)

Unicode Version

 

YBS မှတ်တိုင်များတွင်ဆိုင်ခန်းများထားရှိမည်ဆိုခြင်းနှင့်ပတ်သက်ပြီး လာရောက်ရှင်းလင်းရန် စည်ပင်ကို အကြောင်းကြားထား 

ရန်ကုန်မြို့ရှိ YBS မှတ်တိုင်များတွင် ၅ ပေပတ်လည်ဆိုင်ခန်းများထားရှိမည်ဆိုခြင်းနှင့်ပတ်သက်ပြီး လာရောက်ရှင်းလင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အကြောင်းကြားထားကြောင်း သိရသည်။

ဘတ်စ်ကားမှတ်တိုင်များတွင်ထားရှိမည့် ဈေးဆိုင်ခန်းများနှင့် ပတ်သက်ပြီးလတ်တလောတွင် လူထုအကြား ဝေဖန်မှုများရှိနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့လည်းတင်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။

“ လွှတ်တော်ကိုလည်းမတင်ပြဘူး။ ဒါကတော့စည်ပင်ကသူ့လုပ်ပိုင်ခွင့်လို့ပြောတယ်။ သူ့ဘာသာသူပဲလုပ်တာပေါ့လေ။ အခုလောလောဆယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးစည်ပင်ကိုခေါ်ထားတယ်။ ကျွန်မတို့ကော်မတီနဲ့တွေ့ဖို့ပေ့ါ။ ဘာကြောင့်ဒီလိုမျိုးနေရာတွေမှာဈေးဆိုင်တွေလုပ်ဖို့စဉ်းစားတာလဲဆိုတာ စည်ပင်ကို ကျွန်မတို့ကော်မတီအနေနဲ့ လာရောက်ရှင်းလင်းတင်ပြပါဆိုပြီးခေါ်ထားတယ်။မလာသေးဘူး။ စည်းကမ်းနဲ့ မညီညွှတ်တဲ့သူတွေကိုဖမ်းနေတဲ့အချိန်မှာ ဒီလိုမျိုးလုပ်တယ်ဆိုတာမကောင်းဘူးပေါ့။” ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရှင်းလင်းတင်ပြပေးရန် အကြောင်းကြားထားကြောင်း ၎င်းကပြောသည်။

YBS မှတ်တိုင်များတွင် တည်ဆောက်မည့်ဆိုင်ခန်းများတွင် လမ်းဘေးဈေးသည်များကို နေရာချထားပေးမည် မဟုတ်ဘဲ Bus ကားများတွင် အသုံးပြုမည့် Top Up ကတ်များရောင်းချရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ ရက်၌ကျင်းပသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ချမ်းငြိမ်း (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။