Skip to main content
ရန္ကုန္တိုင္းအတြင္းေရာင္းခ်ေနေသာငါး၊ ပုစြန္မ်ားတြင္ ေဖာ္မလင္ပါ၀င္မႈရွိ/မရွိ စစ္ေဆးရန္ျပင္ဆင္ေနၿပီ
Ads Block

ရန္ကုန္တိုင္းအတြင္းေရာင္းခ်ေနေသာငါး၊ ပုစြန္မ်ားတြင္ ေဖာ္မလင္ပါ၀င္မႈရွိ/မရွိ စစ္ေဆးရန္ျပင္ဆင္ေနၿပီ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေရာင္းခ်ေနေသာ ငါး၊ ပုစြန္မ်ားတြင္ ေဖာ္မလင္အသံုးျပဳမႈရွိ/မရွိ စစ္ေဆးရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာနမွဒုတိယတုိင္းဦးစီးမွဴး ဦးလွေဌးက ေျပာသည္။

ရန္ကုန္တိုင္းအတြင္းေရာင္းခ်ေနေသာငါး၊ ပုစြန္မ်ားတြင္ ေဖာ္မလင္ပါ၀င္မႈရွိ/မရွိ စစ္ေဆးရန္ျပင္ဆင္ေနၿပီ

 ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္၌ စက္တင္ဘာလ ၁၀ ရက္၊ နံနက္ပိုင္းကက်င္းပေသာအစည္းအေ၀းတြင္ ယင္းကဲ့သုိ႔ေျပာျခင္းျဖစ္သည္။

“ ေမာ္လၿမိဳင္မွာ ေဖာ္မလင္ပါတဲ့ငါးေတြဖမ္းမိတာကုိေတြ႔ရတယ္။ ရန္ကုန္တုိင္းမွာေရာမလုပ္ဘူးလားဆုိရင္ လုပ္ပါတယ္။ ၂၀၁၆-၂၀၁၇ မွာ ကြ်န္ေတာ္တုိ႔ဖမ္းဆီးခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ႀကီးပဲလုပ္ခဲ့တဲ့အတြက္ အခက္အခဲေတြအမ်ားႀကီးရွိခဲ့ပါတယ္။ ေနာက္ဆုံးအသက္အႏၱရာယ္အထိပါရွိလာပါတယ္။ ေနာက္ပုိင္းေတာ့ အေရးႀကီးတဲ့အလုပ္ေတြနဲ႔ အျခားအေၾကာင္းေၾကာင္းေၾကာင့္ မဖမ္းျဖစ္ေတာ့ပါဘူး။ အခုေနာက္ပုိင္း ရန္ကုန္မွာဖမ္းဆီးဖုိ႔အတြက္ ကြ်န္ေတာ္တုိ႔ျပင္ဆင္ေနပါတယ္။ FDA တုိ႔နဲ႔စစ္ေဆးမယ္၊ ဖမ္းလည္းဖမ္းပါမယ္။ ကြ်န္ေတာ္တုိ႔အဖြဲ႔ႀကီးပဲလုပ္လုိ႔မရပါဘူး။ သက္ဆုိင္ရာအဖြဲ႔စည္းေတြနဲ႔တုိင္ပင္ေဆြးေႏြးမႈေတြလုပ္သြားမွာပါ” ဟု ရန္ကုန္တုိင္းေဒသႀကီးငါးလုပ္ငန္းဦးစီးဌာနမွ ဒုတိယတုိင္းဦးစီးမွဴး ဦးလွေဌးကေျပာသည္။

ရန္ကုန္တိုင္းအတြင္းေရာင္းခ်ေနေသာငါး၊ ပုစြန္မ်ားတြင္ ေဖာ္မလင္ပါ၀င္မႈရွိ/မရွိ စစ္ေဆးရန္ျပင္ဆင္ေနၿပီ

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ေစ်းတြင္ ၿပီးခဲ့ေသာ စက္တင္ဘာလ ၉ ရက္က ေဖာ္မလင္ပါ၀င္ေသာ ငါးပိႆာခ်ိန္ ၁၈၀ ခန္႔ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

“အဲဒီလုိဖမ္းဖုိ႔အတြက္ကုိယ့္ပုိက္ဆံကုိယ္ ထုတ္တာမ်ားတယ္။ ဆီဖုိးကအစေပါ့။ ဘာျပန္ၾကားရလဲဆုိရင္ ေနာက္တခါဖမ္းၾကည့္ေပါ့ကြာဆုိတာမ်ဳိးေပါ့။ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ေတာင္မွဖမ္းဆီးရင္ အသက္အႏၱရာယ္ ႀကံဳႏုိင္တာပဲေလ။ ကြ်န္ေတာ္တုိ႔ဆုိဘာလက္နက္မွမပါေတာ့ ပုိဆုိးတာေပါ့။ စံျပငါးေစ်းမွာ ဘယ္သူတင္သြင္းတယ္ဆုိတာကအစ သိတယ္။ မထိရဲဘူး။ ဒါေပမဲ့ဖမ္းဆီးဖုိ႔အတြက္ ကြ်န္ေတာ္တုိ႔ ျပင္ဆင္ေနပါတယ္။ ရန္ကုန္မွာလည္းမၾကာခင္လာပါလိမ့္မယ္” ဟု ဦးလွေဌးက ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၆-၂၀၁၇ ခုႏွစ္မ်ားအတြင္း ရန္ကုန္အ၀င္လမ္းမ်ားတြင္ အဓိကစစ္ေဆးေဆာင္ရြက္ခဲ့ၿပီး ေဖာ္မလင္ပါရွိသည့္ ငါး၊ ပုစြန္ဖမ္းဆီးရမိမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်တိုင်းအတွင်းရောင်းချနေသောငါး၊ ပုစွန်များတွင် ဖော်မလင်ပါဝင်မှုရှိ/မရှိ စစ်ဆေးရန်ပြင်ဆင်နေပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချနေသော ငါး၊ ပုစွန်များတွင် ဖော်မလင်အသုံးပြုမှုရှိ/မရှိ စစ်ဆေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းကကျင်းပသောအစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ မော်လမြိုင်မှာ ဖော်မလင်ပါတဲ့ငါးတွေဖမ်းမိတာကိုတွေ့ရတယ်။ ရန်ကုန်တိုင်းမှာရောမလုပ်ဘူးလားဆိုရင် လုပ်ပါတယ်။ ၂၀၁၆-၂၀၁၇ မှာ ကျွန်တော်တို့ဖမ်းဆီးခဲ့ပါတယ်။ ကျွန်တော်တို့ကြီးပဲလုပ်ခဲ့တဲ့အတွက် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ နောက်ဆုံးအသက်အန္တရာယ်အထိပါရှိလာပါတယ်။ နောက်ပိုင်းတော့ အရေးကြီးတဲ့အလုပ်တွေနဲ့ အခြားအကြောင်းကြောင်းကြောင့် မဖမ်းဖြစ်တော့ပါဘူး။ အခုနောက်ပိုင်း ရန်ကုန်မှာဖမ်းဆီးဖို့အတွက် ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ FDA တို့နဲ့စစ်ဆေးမယ်၊ ဖမ်းလည်းဖမ်းပါမယ်။ ကျွန်တော်တို့အဖွဲ့ကြီးပဲလုပ်လို့မရပါဘူး။ သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့တိုင်ပင်ဆွေးနွေးမှုတွေလုပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးလှဌေးကပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ဈေးတွင် ပြီးခဲ့သော စက်တင်ဘာလ ၉ ရက်က ဖော်မလင်ပါဝင်သော ငါးပိဿာချိန် ၁၈၀ ခန့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အဲဒီလိုဖမ်းဖို့အတွက်ကိုယ့်ပိုက်ဆံကိုယ် ထုတ်တာများတယ်။ ဆီဖိုးကအစပေါ့။ ဘာပြန်ကြားရလဲဆိုရင် နောက်တခါဖမ်းကြည့်ပေါ့ကွာဆိုတာမျိုးပေါ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တောင်မှဖမ်းဆီးရင် အသက်အန္တရာယ် ကြုံနိုင်တာပဲလေ။ ကျွန်တော်တို့ဆိုဘာလက်နက်မှမပါတော့ ပိုဆိုးတာပေါ့။ စံပြငါးဈေးမှာ ဘယ်သူတင်သွင်းတယ်ဆိုတာကအစ သိတယ်။ မထိရဲဘူး။ ဒါပေမဲ့ဖမ်းဆီးဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်မှာလည်းမကြာခင်လာပါလိမ့်မယ်” ဟု ဦးလှဌေးက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရန်ကုန်အဝင်လမ်းများတွင် အဓိကစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖော်မလင်ပါရှိသည့် ငါး၊ ပုစွန်ဖမ်းဆီးရမိမှုများရှိခဲ့ကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။