Skip to main content
အာဖဂန္ ေဆြးေႏြးမႈေတြ အဆုံးသတ္ေၾကာင္း ထရန္႕က ေၾကၾကာလုိက္ၿပီးေနာက္ အေမရိကန္ေတြ ထပ္ေသလိမ့္မည္ဟု တာလီဘန္ သတိေပး
Ads Block

အာဖဂန္ ေဆြးေႏြးမႈေတြ အဆုံးသတ္ေၾကာင္း ထရန္႕က ေၾကၾကာလုိက္ၿပီးေနာက္ အေမရိကန္ေတြ ထပ္ေသလိမ့္မည္ဟု တာလီဘန္ သတိေပး

               အာဖဂန္တာလီဘန္ေခါင္းေဆာင္ေတြနဲ႕ ေဆြးေႏြးမႈေတြကုိ အဆုံးသတ္လုိက္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရန္႕က တနလၤာေန႕မွာ ေၾကညာခဲ့ကာ တာလီဘန္တုိ ့ရဲ႕ တုိက္ခုိက္မႈေတြ တုိးျမင့္လာမႈကုိ တန္ျပန္ဖုိ ့အတြက္ အာဖဂန္မွာ အေမရိကန္စစ္တပ္က စစ္ဆင္ေရးအရွိန္ျမွင့္ဖုိ ့အလားအလာရွိေၾကာင္း အေမရိကန္ ဗုိလ္ခ်ဳပ္တစ္ဦးက ေျပာဆုိခဲ့ပါတယ္။

အာဖဂန္ ေဆြးေႏြးမႈေတြ အဆုံးသတ္ေၾကာင္း ထရန္႕က ေၾကၾကာလုိက္ၿပီးေနာက္ အေမရိကန္ေတြ ထပ္ေသလိမ့္မည္ဟု တာလီဘန္ သတိေပး

                 ၿပီးခဲ့တဲ့ သီတင္းပတ္က အေသခံဗုံးခြဲသမားတစ္ဦးရဲ႕ လက္ခ်က္နဲ႕ အေမရိကန္စစ္သားတစ္ဦး ေသဆုံးခဲ့တာေၾကာင့္ သီတင္းပတ္အဆုံးပုိင္းမွာ ေမရီလန္းရွိ ကမ့္ေဒးဗစ္စခန္းမွာ ျပဳလုပ္ဖုိ ့စီစဥ္ထားတဲ့ တာလီဘန္တုိ႕နဲ႕ ေဆြးေႏြးပြဲကုိ ထရန္႕က ဖ်က္သိမ္းခဲ့ပါတယ္။

              ေဆြးေႏြးမႈေတြ အဆုံးသတ္မယ္ဆုိတဲ့ ထရန္႕ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အေမရိကန္ေတြရဲ႕ အသက္ ေတြကုိ ပုိမုိေပးဆပ္ရေစမွာျဖစ္တယ္လုိ ့ တာလီဘန္အဖြဲ႕က တုန္ ့ျပန္ သတိေပးခဲ့ပါတယ္။

အာဖဂန္ ေဆြးေႏြးမႈေတြ အဆုံးသတ္ေၾကာင္း ထရန္႕က ေၾကၾကာလုိက္ၿပီးေနာက္ အေမရိကန္ေတြ ထပ္ေသလိမ့္မည္ဟု တာလီဘန္ သတိေပး

        အာဖဂန္နစၥတန္ရဲ႕ နယ္ေျမအေတာ္မ်ားမ်ားကုိ ထိန္းခ်ဳပ္ထားတဲ့ တာလီဘန္တုိ ့နဲ႕ အေမရိကန္ရဲ႕ ေစ့စပ္ေဆြးေႏြးမႈေတြကုိ လအေတာ္ၾကာလုပ္ေဆာင္သြားဖုိ ့ ထရန္႕က ရည္မွန္းထားခဲ့တာျဖစ္ၿပီး ကမ့္ေဒးဗစ္ စခန္းမွာ အာဖဂန္သမၼတ အပါအ၀င္ လွ်ဳိ႕၀ွက္ေတြဆုံးေဆြးေႏြးမႈေတြလုပ္ၿပီး အေမရိကန္ရဲ႕ ၁၈ ႏွစ္ ၾကာၿပီျဖစ္တဲ့ စစ္ပြဲႏြံကေန အေမရိကန္စစ္သားေတြကုိ ဆြဲထုတ္ႏုိင္မယ့္ လုံၿခဳံေရးဆုိင္ရာ သေဘာတူ ညီခ်က္ရရွိေရး ရည္မွန္းထားခဲ့တာပါ။ တာလီဘန္တုိ ့နဲ႕ ေစ့စပ္ေနမႈေတြကုိ အာဖဂန္အစုိးရက စုိးရိမ္မႈ ရွိေနေသာ္ျငား သမၼတရဲ႕ ေျဖာင္းဖ်မႈနဲ႕ ႏွစ္ဘက္စလုံးက သေဘာတူညီခ်က္တစ္ခု ထုတ္ျပန္သြား ႏုိင္လိမ့္မယ္လုိ ့ ထရန္႕ ေမွ်ာ္လင့္ခဲ့ပါတယ္။

                ၿပီးခဲ့တဲ့ သီတင္းပတ္က သေဘာတူညီမႈရခဲ့တဲ့ မူၾကမ္းတစ္ခုမွာေတာ့ လာမယ့္ လေတြအတြင္း အာဖဂန္ကေန အေမရိကန္တပ္ဖြဲ႕၀င္ ၅၀၀၀ ရုပ္သိမ္းေပးဖုိ႕နဲ႕ အျပန္အလွန္အားျဖင့္ စစ္ေသြးၾကြေတြ အာဖဂန္ေျမမွာ အေျခစုိက္ကာ အေမရိကန္နဲ႕ ၄င္းရဲ႕ မဟာမိတ္ေတြကုိ တုိက္ခုိက္ေနျခင္းအား ခြင့္မျပဳဖုိ ့ အာမခံခ်က္ ေပးရမွာျဖစ္ပါတယ္။

             အာဖဂန္မွာ ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႕ေတြ အမိေျမျပန္ေခၚေရးဟာ ထရန္႕ရဲ႕ အဓိက ႏုိင္ငံျခား ေရး ေပၚလစီေတြထဲက တစ္ခုျဖစ္ပါတယ္။ မိမိတုိ ့ တပ္ေတြရုပ္သိမ္းထြက္ခြာခ်င္ေပမယ့္ အခ်ိန္သင့္ အခါသင့္ မွာသာ ထြက္ခြာသြားမွာျဖစ္ေၾကာင္း ထရန္႕က ဆုိပါတယ္။ သုိ႕ေသာ္လည္း ေဆြးေႏြးပြဲေတြ အဆုံးသတ္ လုိက္မႈေၾကာင့္ အာဖဂန္တ၀န္း အၾကမ္းဖက္တုိက္ခုိက္မႈေတြ ဒီထက္ပုိတုိးလာႏုိင္တယ္ဆုိတဲ့ စုိးရိမ္မႈေတြကုိ ေလာင္စာျမင့္ေစခဲ့ပါတယ္။

             ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက ေဆြးေႏြးမႈေတြ အလုပ္ျဖစ္ေနခဲ့တာေတာင္ တာလီဘန္တုိ ့ရဲ႕ တုိက္ခုိက္မႈေတြက အရွိန္ျမင့္ျဖစ္ေပၚခဲ့ပါတယ္။ တုိက္ခုိက္မႈေတြ ျမင့္တက္လာတာကုိ တန္ျပန္ဖုိ ့အတြက္ အေမရိကန္စစ္တပ္ရဲ႕ စစ္ဆင္ေရးအတုိင္းအတာကုိ အရွိန္ျမွင့္ရဖြယ္ရွိတယ္လုိ ့အေမရိကန္ဗဟုိကြပ္ကဲေရးဌာန ေခါင္းေဆာင္ အေမရိကန္မရိန္းတပ္ဗုိလ္ခ်ဳပ္ႀကီး ကန္နက္ခ်္ မက္ကန္ဇီက တနလၤာေန႕မွာ ေျပာဆုိခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode Version

 

အာဖဂန် ဆွေးနွေးမှုတွေ အဆုံးသတ်ကြောင်း ထရန့်က ကြေကြာလိုက်ပြီးနောက် အမေရိကန်တွေ ထပ်သေလိမ့်မည်ဟု တာလီဘန် သတိပေး

               အာဖဂန်တာလီဘန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေကို အဆုံးသတ်လိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ ကြေညာခဲ့ကာ တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေ တိုးမြင့်လာမှုကို တန်ပြန်ဖို့အတွက် အာဖဂန်မှာ အမေရိကန်စစ်တပ်က စစ်ဆင်ရေးအရှိန်မြှင့်ဖို့အလားအလာရှိကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

                 ပြီးခဲ့တဲ့ သီတင်းပတ်က အသေခံဗုံးခွဲသမားတစ်ဦးရဲ့ လက်ချက်နဲ့ အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့တာကြောင့် သီတင်းပတ်အဆုံးပိုင်းမှာ မေရီလန်းရှိ ကမ့်ဒေးဗစ်စခန်းမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ တာလီဘန်တို့နဲ့ ဆွေးနွေးပွဲကို ထရန့်က ဖျက်သိမ်းခဲ့ပါတယ်။

              ဆွေးနွေးမှုတွေ အဆုံးသတ်မယ်ဆိုတဲ့ ထရန့်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်တွေရဲ့ အသက် တွေကို ပိုမိုပေးဆပ်ရစေမှာဖြစ်တယ်လို့ တာလီဘန်အဖွဲ့က တုန့်ပြန် သတိပေးခဲ့ပါတယ်။

        အာဖဂန်နစ္စတန်ရဲ့ နယ်မြေအတော်များများကို ထိန်းချုပ်ထားတဲ့ တာလီဘန်တို့နဲ့ အမေရိကန်ရဲ့ စေ့စပ်ဆွေးနွေးမှုတွေကို လအတော်ကြာလုပ်ဆောင်သွားဖို့ ထရန့်က ရည်မှန်းထားခဲ့တာဖြစ်ပြီး ကမ့်ဒေးဗစ် စခန်းမှာ အာဖဂန်သမ္မတ အပါအဝင် လျှို့ဝှက်တွေဆုံးဆွေးနွေးမှုတွေလုပ်ပြီး အမေရိကန်ရဲ့ ၁၈ နှစ် ကြာပြီဖြစ်တဲ့ စစ်ပွဲနွံကနေ အမေရိကန်စစ်သားတွေကို ဆွဲထုတ်နိုင်မယ့် လုံခြုံရေးဆိုင်ရာ သဘောတူ ညီချက်ရရှိရေး ရည်မှန်းထားခဲ့တာပါ။ တာလီဘန်တို့နဲ့ စေ့စပ်နေမှုတွေကို အာဖဂန်အစိုးရက စိုးရိမ်မှု ရှိနေသော်ငြား သမ္မတရဲ့ ဖြောင်းဖျမှုနဲ့ နှစ်ဘက်စလုံးက သဘောတူညီချက်တစ်ခု ထုတ်ပြန်သွား နိုင်လိမ့်မယ်လို့ ထရန့် မျှော်လင့်ခဲ့ပါတယ်။

                ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူညီမှုရခဲ့တဲ့ မူကြမ်းတစ်ခုမှာတော့ လာမယ့် လတွေအတွင်း အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ ရုပ်သိမ်းပေးဖို့နဲ့ အပြန်အလှန်အားဖြင့် စစ်သွေးကြွတွေ အာဖဂန်မြေမှာ အခြေစိုက်ကာ အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေကို တိုက်ခိုက်နေခြင်းအား ခွင့်မပြုဖို့ အာမခံချက် ပေးရမှာဖြစ်ပါတယ်။

             အာဖဂန်မှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ အမိမြေပြန်ခေါ်ရေးဟာ ထရန့်ရဲ့ အဓိက နိုင်ငံခြား ရေး ပေါ်လစီတွေထဲက တစ်ခုဖြစ်ပါတယ်။ မိမိတို့ တပ်တွေရုပ်သိမ်းထွက်ခွာချင်ပေမယ့် အချိန်သင့် အခါသင့် မှာသာ ထွက်ခွာသွားမှာဖြစ်ကြောင်း ထရန့်က ဆိုပါတယ်။ သို့သော်လည်း ဆွေးနွေးပွဲတွေ အဆုံးသတ် လိုက်မှုကြောင့် အာဖဂန်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒီထက်ပိုတိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လောင်စာမြင့်စေခဲ့ပါတယ်။

             ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆွေးနွေးမှုတွေ အလုပ်ဖြစ်နေခဲ့တာတောင် တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေက အရှိန်မြင့်ဖြစ်ပေါ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို တန်ပြန်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးအတိုင်းအတာကို အရှိန်မြှင့်ရဖွယ်ရှိတယ်လို့အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ခေါင်းဆောင် အမေရိကန်မရိန်းတပ်ဗိုလ်ချုပ်ကြီး ကန်နက်ချ် မက်ကန်ဇီက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။