Skip to main content
Ads Block




အကုန်သိ သတင်းဌာန

Unicode Version

လောင်းကစား တရားဝင်တားမြစ်မိန့်ကြောင့်တရုက်လူမျိုးများ ကမ္ဘောဒီးယားမှထွက်ခွာ

          နိုင်ငံခြားသားများကြောင့်ဖြစ်ပွားသောရာဇဝတ်မှု့များလျော့ကျစေရန် ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားလုပ်ခြင်းများကို တရားဝင်တားမြစ်သောအမိန့်ထုက်ပြန်လိုက်ပြီးနောက်ထောင်သောင်းချီသော တရုက်လူမျိုးတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေထွက်ခွာဖို့လုပ်ခဲ့တာဖြစ်ပါတယ်။
သြဂုက်လ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြည်သူလူထုလုံခြုံရေးနှင့်ဘေးအန္တရာယ်မှကာကွယ်နိုင်ရေးတို့အတွက် အွန်လိုင်းလောင်းကစားနှင့် ဂိမ်းလောင်းကစားများကို တရားဝင်တားမြစ်မိန့်ထုက်လိုက်သည်။
      တချို့သောလိုင်စင်ရ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာဂိမ်းတွေကိုလိမ်ထားပြီး လောင်းကစားကြွေးမဆပ်နိုင်သူများကိုလည်းခြိမ်းခြောက်မှု့တွေပြုလုပ်တယ်လို့ ဟွန်ဆန်သိခဲ့ရသည်။
တချို့သောနိုင်ငံခြားသားတွေဟာမသမာနည်းလမ်းတွေနှင့် နိုင်ငံပြင်ပကော အတွင်းထဲပါလိမ်လည်လေ့ရှိတယ်လို့  ဟွန်ဆန်က    ိုပြောကြားခဲ့သည်ဟု ခမာတိုင်းမ်သတင်းစာတွင်ဖော်ပြထားသည်။
       လူဝင်မှု့ကြီးကြပ်ရေး အမှုဆောင်ဒါရိုက်တာ ဘရစ်ဂျန် အက်ဘိုနီကတော့ ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားလုပ်ခြင်းများကိုတရားဝင်တားမြစ်အမိန့်ထုက်ပြန်လိုက်ပြီးနောက်မှာ နိုင်ငံကနေပြန်လည်ထွက်ခွာတဲ့တရုက်လူမျိုးအရေအတွက်ဟာလာရောက်တဲ့ပမာဏထက်ပိုများလာတယ်လို့ သူကပြောပါတယ်။
      လူဝင်မှု့ကြီးကြပ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ ဂျန်ကိုဗန်သန်ကတော
့ အစိုးရက အွန်လိုင်းလောင်းကစားလုပ်ခြင်းများကိုတရားဝင်တားမြစ်လိုက်ခြင်းဖြင့်ရာဇဝတ်မှု့များကိုလျှော့ချနိုင်မှာဖြစ်တယ် အထူးသဖြင့် တရုက်နိုင်ငံသားတချို့ပါဝင်ကျူးလွန်တဲ့ ပြန်ပေးဆွဲခြင်းနှင့်ငွေညှစ်ခြင်းတွေလျော့ကျသွားမှာဖြစ်တယ်လို့ ငှင်းကပြောဆိုခဲ့သည်။
     ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ခီရူဆိုဖိ ကတော့
ကျွန်တော်တို့လောင်းကစားသမားတွေကိုမကြိုဆိုပါဘူး ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတွေနဲ့ခရီးသွားလာရောက်သူတွေကိုတော့ကြိုဆိုပါတယ် လောင်းကစားဟာ ကျွန်တော်တို့နိုင်ငံအတွက်အသုံးမဝင်တဲ့အရာတစ်ခုပါလို့ ပြောကြားခဲ့သည်။
တရုက်အစိုးရကလည်း ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားလုပ်ခြင်းများကိုတရားဝင်တားမြစ်လိုက်တာကိုထောက်ခံကြောင်းပြောကြားခဲ့သည်။

      ကမ္ဘောဒီးယားလူမှု့ဆက်သွယ်ရေးအကျိုးဆောင်ဒါရိုက်တာ ဆန်ခြေး ကတော့ 
ဒီလိုတရုက်လူမျိုးတွေကမ္ဘောဒီးယားကပြန်လည်ထွက်ခွာတာဟာ လောင်းကစားတားမြစ်မှု့ကြောင့်တင်မဟုက်ပဲ အရင်လကထုက်ပြန်လိုက်တဲ့အလုပ်သမားဝန်ကြီးဌာနရဲ့နိုင်ငံခြားသားများကိုအလုပ်လုပ်ကိုင်မှု့ကန့်သက်ချက်တွေကြောင့်လည်းပါကြောင်းပြောကြားခဲ့သည်။

အကုန်သိ သတင်းဌာန

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။