Skip to main content
BPI စက္ရုံမွဴးအမႈတြင္ ပုဂၢဳိလ္ေရးမေက်နပ္၍ တုိင္ၾကားျခင္းလားဟု စဥ္းစားစရာရွိေၾကာင္း ေဒါက္တာေဒၚညိဳညိဳသင္းေျပာ
Ads Block

BPI စက္ရုံမွဴးအမႈတြင္ ပုဂၢဳိလ္ေရးမေက်နပ္၍ တုိင္ၾကားျခင္းလားဟု စဥ္းစားစရာရွိေၾကာင္း ေဒါက္တာေဒၚညိဳညိဳသင္းေျပာ

              အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံထားရေသာ BPI စက္႐ုံမွဴး ကိစၥတြင္ ပုဂၢဳိလ္ေရးအရ မေက်နပ္တုိင္ၾကားျခင္းလားဟု ျပန္လည္စဥ္းစားစရာမ်ား ရွိေနေၾကာင္း ရန္ကုန္ ေစာင့္ၾကည့္ေရးအဖြဲ႕တည္ေထာင္သူ ေဒါက္တာေဒၚညိဳညိဳသင္းက ေျပာသည္။

      စက္တင္ဘာလ ၆ ရက္က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈ တိုက္ဖ်က္ ေရးဥပေဒပုဒ္မ ၅၆ ျဖင့္ ဖမ္းဆီးအေရးယူခံရမႈအေပၚ ယင္းကဲ့သုိ႔ သုံးသပ္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

BPI စက္ရုံမွဴးအမႈတြင္ ပုဂၢဳိလ္ေရးမေက်နပ္၍ တုိင္ၾကားျခင္းလားဟု စဥ္းစားစရာရွိေၾကာင္း ေဒါက္တာေဒၚညိဳညိဳသင္းေျပာ

“အခုဆုိ အဲဒီစက္ရုံမွဴးဘက္က ကာကြယ္တဲ့သူရဲ႕လက္ေအာက္ငယ္သားေတြ၊ လုပ္ေဖာ္ကုိင္ဘက္ေတြ က ၀န္းရံမႈေတြလည္း ရွိေနတယ္။ တစ္ခ်က္ ျပန္ေတြးစရာက ဒါဟာ ပုဂၢဳိလ္ေရးအရ မေက်နပ္လုိ႔ တုိင္ ၾကားခံရတာလား တစ္ဘက္က ျပန္ေတြးစရာေတြရွိတယ္။ ဘာပဲေျပာေျပာ ေကာ္မရွင္ကေတာ့ ေသေသခ်ာခ်ာ တိတိက်က် စုံစမ္းစစ္ေဆးမယ္လုိ႔ေတာ့ ထင္ပါတယ္”ဟု ေဒါက္တာေဒၚညိုညိဳသင္း က ေျပာသည္။

အင္းစိန္ၿမိဳ႕နယ္တရားရံုး၌ ယေန႔( စက္တင္ဘာလ ၉ ရက္)က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား ရံုးထုတ္ခ်ိန္တြင္ စက္ရုံအလုပ္သမားမ်ားက ၄င္းတုိ႔စက္ရုံမွဴး၏ ကုိယ္က်င့္တရားကုိ ယုံၾကည္သည္ ဟုဆုိကာ လာေရာက္၀န္းရံခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

      ျဖစ္စဥ္မွာ ေဆးဝါးထုပ္ပိုးပစၥည္းမ်ားထုတ္လုပ္ရန္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ၀ယ္ယူခဲ့ေသာေၾကာင့္ ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကို ထိခိုက္နစ္နာဆုံးရႈံးေစသည္ဟု ဆုိကာ စက္တင္ဘာလ ၆ ရက္က BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ ယေန႔စက္တင္ဘာလ ၉ ရက္ ညေနပုိင္းအခ်ိန္တြင္ အမ်ားျပည္သူသိရွိရန္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

      ယင္း ေၾကညာခ်က္ပါ အေၾကာင္းအရာမ်ားမွာ အဆိုပါသတင္းႏွင့္ စပ္လ်ဥ္း၍ လူမႈကြန္ရက္စာ မ်က္ ႏွာမ်ားတြင္ အျမင္အမ်ိဳးမ်ိဳးျဖင့္ သေဘာထားမွတ္ခ်က္မ်ား ေရးသားေနၾကေၾကာင္းလည္း ေတြ႕ရွိရ ေၾကာင္းႏွင့္ ေကာ္မရွင္သည္ ေဆးဝါးစက္႐ုံ(အင္းစိန္) စက္႐ုံမွဴးႏွင့္ အရာထမ္း၊ အမႈထမ္းမ်ား၏ ႀကိဳး စားအားထုတ္ေအာင္ျမင္မႈမ်ားကို အသိအမွတ္ျပဳပါသည္။ စက္႐ုံမွဴးအေပၚ ဝန္ထမ္းမ်ား၏ ေထာက္ခံ ခ်က္အမ်ားအျပားကိုလည္း လက္ခံစဥ္းစားေပးခဲ့ပါသည္။ သို႔ရာတြင္ ေကာ္မရွင္၏ လုပ္ငန္းတာဝန္ႏွင့္ သေဘာသဘာဝအရ သူတစ္ဦးတစ္ေယာက္၊ ဌာနအဖြဲ႕အစည္းတစ္ခု၏ အက်ိဳးစီးပြားႏွင့္ အမ်ားျပည္ သူ အက်ိဳးစီးပြား ယွဥ္လာသည့္အခါတြင္ အမ်ားျပည္သူ အက်ိဳးစီးပြားအတြက္ကိုသာ ဦးစားေပး ကာကြယ္ေစာင့္ေရွာက္ရပါသည္ဟု ေဖာ္ျပထားသည္။

ထုိ႔ေနာက္ ယခုကိစၥတြင္လည္း ဥပေဒႏွင့္အညီ အေရးယူရန္ ခိုင္လုံေသာ အေထာက္အထားမ်ား ေပၚ ေပါက္ေနသည့္အျပင္ အမ်ားျပည္သူလူထုအတြက္ ေရရွည္တြင္ ထိခိုက္နစ္နာဆုံး႐ႈံးမႈမ်ား ျဖစ္ေပၚ လာႏိုင္ေျခရွိသျဖင့္ အခ်ိန္မီ တားဆီးကာကြယ္ႏိုင္ရန္အလို႔ငွာ ေကာ္မရွင္အစည္းအေဝးတြင္ ေလး ေလးနက္နက္ စဥ္းစားခ်င့္ခ်ိန္၍  ဥပေဒအရ အေရးယူရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္ဟု အသိေပး တင္ျပအပ္ပါေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

ဓာတ္ပုံ- BPI Facebook Page /အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္

           Facebook Page /ေဒါက္တာေဒၚညုိညုိသင္း Facebook Page

 

Unicode Version

BPI စက်ရုံမှူးအမှုတွင် ပုဂ္ဂိုလ်ရေးမကျေနပ်၍ တိုင်ကြားခြင်းလားဟု စဉ်းစားစရာရှိကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းပြော

              အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသော BPI စက်ရုံမှူး ကိစ္စတွင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်၍ တိုင်ကြားခြင်းလားဟု ပြန်လည်စဉ်းစားစရာများ ရှိနေကြောင်း ရန်ကုန် စောင့်ကြည့်ရေးအဖွဲ့တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။

      စက်တင်ဘာလ ၆ ရက်က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ဖမ်းဆီးအရေးယူခံရမှုအပေါ် ယင်းကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုဆို အဲဒီစက်ရုံမှူးဘက်က ကာကွယ်တဲ့သူရဲ့လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ က ဝန်းရံမှုတွေလည်း ရှိနေတယ်။ တစ်ချက် ပြန်တွေးစရာက ဒါဟာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့ တိုင် ကြားခံရတာလား တစ်ဘက်က ပြန်တွေးစရာတွေရှိတယ်။ ဘာပဲပြောပြော ကော်မရှင်ကတော့ သေသေချာချာ တိတိကျကျ စုံစမ်းစစ်ဆေးမယ်လို့တော့ ထင်ပါတယ်”ဟု ဒေါက်တာဒေါ်ညိုညိုသင်း က ပြောသည်။

အင်းစိန်မြို့နယ်တရားရုံး၌ ယနေ့( စက်တင်ဘာလ ၉ ရက်)က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား ရုံးထုတ်ချိန်တွင် စက်ရုံအလုပ်သမားများက ၎င်းတို့စက်ရုံမှူး၏ ကိုယ်ကျင့်တရားကို ယုံကြည်သည် ဟုဆိုကာ လာရောက်ဝန်းရံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

      ဖြစ်စဉ်မှာ ဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေသည်ဟု ဆိုကာ စက်တင်ဘာလ ၆ ရက်က BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ယနေ့စက်တင်ဘာလ ၉ ရက် ညနေပိုင်းအချိန်တွင် အများပြည်သူသိရှိရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

      ယင်း ကြေညာချက်ပါ အကြောင်းအရာများမှာ အဆိုပါသတင်းနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာ မျက် နှာများတွင် အမြင်အမျိုးမျိုးဖြင့် သဘောထားမှတ်ချက်များ ရေးသားနေကြကြောင်းလည်း တွေ့ရှိရ ကြောင်းနှင့် ကော်မရှင်သည် ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၏ ကြိုး စားအားထုတ်အောင်မြင်မှုများကို အသိအမှတ်ပြုပါသည်။ စက်ရုံမှူးအပေါ် ဝန်ထမ်းများ၏ ထောက်ခံ ချက်အများအပြားကိုလည်း လက်ခံစဉ်းစားပေးခဲ့ပါသည်။ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သဘောသဘာဝအရ သူတစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့် အများပြည် သူ အကျိုးစီးပွား ယှဉ်လာသည့်အခါတွင် အများပြည်သူ အကျိုးစီးပွားအတွက်ကိုသာ ဦးစားပေး ကာကွယ်စောင့်ရှောက်ရပါသည်ဟု ဖော်ပြထားသည်။

ထို့နောက် ယခုကိစ္စတွင်လည်း ဥပဒေနှင့်အညီ အရေးယူရန် ခိုင်လုံသော အထောက်အထားများ ပေါ် ပေါက်နေသည့်အပြင် အများပြည်သူလူထုအတွက် ရေရှည်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ခြေရှိသဖြင့် အချိန်မီ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကော်မရှင်အစည်းအဝေးတွင် လေး လေးနက်နက် စဉ်းစားချင့်ချိန်၍  ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အသိပေး တင်ပြအပ်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

ဓာတ်ပုံ- BPI Facebook Page /အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် 

            Facebook Page /ဒေါက်တာဒေါ်ညိုညိုသင်း Facebook Page

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။