Skip to main content
အသားေစ်းႏႈန္းမ်ားမျမင့္တက္ေစရန္ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ား ငါးမ်ားမ်ားေမြးျမဴသင့္ဟု ဆို
Ads Block

အသားေစ်းႏႈန္းမ်ားမျမင့္တက္ေစရန္ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ား ငါးမ်ားမ်ားေမြးျမဴသင့္ဟု ဆို

ျမန္မာႏုိင္ငံတြင္ ၀က္တုပ္ေကြးျဖစ္ပြားမႈမ်ားျပားလာပါက ၾကက္သား၊ ဆိတ္သားႏွင့္ အမဲသားေစ်းႏႈန္းမ်ား ျမင့္တက္လာႏိုင္သျဖင့္ ကုန္ေစ်းႏႈန္းမတက္ေစရန္ ငါးလုပ္ငန္းရွင္မ်ား ငါးမ်ားမ်ားေမြးျမဴထားသင့္ေၾကာင္း ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အႀကီးတန္းဒုတိယဥကၠ႒ေဒါက္တာျမင့္စိန္ကေျပာသည္။

ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္၌ ယေန႔(စက္တင္ဘာလ ၁၀ ရက္)၊ နံနက္ပိုင္းကက်င္းပေသာ အစည္းအေ၀းတြင္ ယင္းကဲ့သုိ႔ေျပာျခင္းျဖစ္သည္။

“အာဖရိက၀က္တုပ္ေကြးျဖစ္ပြားမႈက ျမန္မာႏုိင္ငံနယ္စပ္ဘက္မွာ ၈ လပုိင္းေလာက္မွာ စၿပီးေတြ႔ေနရပါတယ္။ ၀က္တုပ္ေကြးျဖစ္တာမ်ားသြားရင္ ကြ်န္ေတာ္တုိ႔၀က္စားလုိ႔မရေတာ့ဘူး။ ၾကက္၊ ဆိတ္၊ အမဲပဲရွိေတာ့မယ္။ အမဲနဲ႔ဆိတ္ကလည္း ေတာ္ေတာ္ေလးေစ်းႀကီးတဲ့အတြက္ ကြ်န္ေတာ္တုိ႔ငါးသမားေတြအေနနဲ႔က မ်ားမ်ားေမြးၿပီး ကုန္ေစ်းႏႈန္းအမ်ားႀကီးမတက္ဖုိ႔၀င္ေရာက္ၿပီးေတာ့ထိန္းေပးႏိုင္ပါတယ္။ ငါေမြးျမဴေရးလုပ္ငန္းရွင္ေတြအေနနဲ႔ ငါးမ်ားမ်ားေမြးသင့္ပါတယ္” ဟု ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အႀကီးတန္း ဒုတိယ ဥကၠ႒ ေဒါက္တာျမင့္စိန္က ေျပာသည္။

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမဳိ႕နယ္အတြင္း အသားထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ခြင့္လုိင္စင္မ်ားကုိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ စည္ပင္သာယာေရးေကာ္မတီရုံးမွ ၂၀၁၉ ၊ ၾသဂုတ္လ ၂၈ ရက္တြင္ ထုတ္ေပးခဲ့ရာ ၀က္သားသတ္လုိင္စင္ရရွိထားသူ ၂၆ ဦးမွာ သက္တမ္းတုိးျခင္းမရွိသည့္အျပင္ ယင္းၿမိဳ႕နယ္အတြင္း ၀က္မ်ားဖ်ားနာေသဆုံးမႈမ်ားျဖစ္ပြားခဲ့သည့္ေနာက္ပုိင္း ၀က္သားစားသုံးမႈေလ်ာ့က်ခဲ့ေၾကာင္း သိရသည္။

အာဖရိက၀က္တုပ္ေကြးသည္ လူမ်ားကိုအႏၱရာယ္မျဖစ္ႏိုင္ေသာ္လည္း ေမြးျမဴေရး၀က္မ်ားႏွင့္ ေတာ၀က္ရိုင္းမ်ားအတြက္ အသက္ေသေစႏိုင္သည္အထိျပင္းထန္ၿပီး ေျဖေဆးမရွိေသာေၾကာင့္ ေရာဂါကူးစက္ခံရေသာ၀က္မ်ားကိုသတ္ရံုမွတပါး အျခားနည္းလမ္းမရွိေၾကာင္း UN Food and Agriculture Organization (FAO)မွ ေဖာ္ျပခ်က္အရ သိရသည္။

အဆုိပါထုတ္ျပန္ခ်က္အရ တရုတ္ႏိုင္ငံသည္ တစ္ကမၻာလံုးတြင္ ၀က္သားတင္ပို႔မႈအမ်ားဆံုးႏိုင္ငံျဖစ္ၿပီး တရုတ္ႏိုင္ငံ၏ ၅၀ ရာခိုင္ႏႈန္းေသာျပည္နယ္မ်ားတြင္ ၀က္တုပ္ေကြး အလ်င္အျမန္ပ်ံ႕ႏွ႔ံေနျခင္းကုိ ထိန္းခ်ဳပ္ႏိုင္ၿပီဟု ယခင္ကဆိုထားေသာ္လည္း လက္ရွိတြင္ ၀က္တုပ္ေကြးျဖစ္ပြားမႈအား အေရးေပၚအဆင့္ ထုတ္ျပန္ထားေၾကာင္းသိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

Unicode Version

 

အသားဈေးနှုန်းများမမြင့်တက်စေရန် ငါးမွေးမြူရေးလုပ်ငန်းရှင်များ ငါးများများမွေးမြူသင့်ဟု ဆို

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုများပြားလာပါက ကြက်သား၊ ဆိတ်သားနှင့် အမဲသားဈေးနှုန်းများ မြင့်တက်လာနိုင်သဖြင့် ကုန်ဈေးနှုန်းမတက်စေရန် ငါးလုပ်ငန်းရှင်များ ငါးများများမွေးမြူထားသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌဒေါက်တာမြင့်စိန်ကပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ယနေ့(စက်တင်ဘာလ ၁၀ ရက်)၊ နံနက်ပိုင်းကကျင်းပသော အစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“အာဖရိကဝက်တုပ်ကွေးဖြစ်ပွားမှုက မြန်မာနိုင်ငံနယ်စပ်ဘက်မှာ ၈ လပိုင်းလောက်မှာ စပြီးတွေ့နေရပါတယ်။ ဝက်တုပ်ကွေးဖြစ်တာများသွားရင် ကျွန်တော်တို့ဝက်စားလို့မရတော့ဘူး။ ကြက်၊ ဆိတ်၊ အမဲပဲရှိတော့မယ်။ အမဲနဲ့ဆိတ်ကလည်း တော်တော်လေးဈေးကြီးတဲ့အတွက် ကျွန်တော်တို့ငါးသမားတွေအနေနဲ့က များများမွေးပြီး ကုန်ဈေးနှုန်းအများကြီးမတက်ဖို့ဝင်ရောက်ပြီးတော့ထိန်းပေးနိုင်ပါတယ်။ ငါမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ ငါးများများမွေးသင့်ပါတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း အသားထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စည်ပင်သာယာရေးကော်မတီရုံးမှ ၂၀၁၉ ၊ သြဂုတ်လ ၂၈ ရက်တွင် ထုတ်ပေးခဲ့ရာ ဝက်သားသတ်လိုင်စင်ရရှိထားသူ ၂၆ ဦးမှာ သက်တမ်းတိုးခြင်းမရှိသည့်အပြင် ယင်းမြို့နယ်အတွင်း ဝက်များဖျားနာသေဆုံးမှုများဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဝက်သားစားသုံးမှုလျော့ကျခဲ့ကြောင်း သိရသည်။

အာဖရိကဝက်တုပ်ကွေးသည် လူများကိုအန္တရာယ်မဖြစ်နိုင်သော်လည်း မွေးမြူရေးဝက်များနှင့် တောဝက်ရိုင်းများအတွက် အသက်သေစေနိုင်သည်အထိပြင်းထန်ပြီး ဖြေဆေးမရှိသောကြောင့် ရောဂါကူးစက်ခံရသောဝက်များကိုသတ်ရုံမှတပါး အခြားနည်းလမ်းမရှိကြောင်း UN Food and Agriculture Organization (FAO)မှ ဖော်ပြချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဝက်သားတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းသောပြည်နယ်များတွင် ဝက်တုပ်ကွေး အလျင်အမြန်ပျံ့နှံ့နေခြင်းကို ထိန်းချုပ်နိုင်ပြီဟု ယခင်ကဆိုထားသော်လည်း လက်ရှိတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုအား အရေးပေါ်အဆင့် ထုတ်ပြန်ထားကြောင်းသိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။